တောရအကျင့်နှင့်ထူးဆန်းသော ဘုန်းတော်ကြီးဦးသီလ
မြန်မာသမိုင်းတစ်လျှောက် ထင်ရှားထူးချွန်သော ဆရာတော်ကြီးအများအပြား ရှိခဲ့သည့်အနက် ဘုန်းတော်ကြီး ဦးသီလ လည်းအပါအဝင်ဖြစ်သည်။ ဘုန်းတော်ကြီး ဦးသီလဟု အများခေါ်ဝေါ်ကြသော တောရဆရာတော်ဘုရားကြီးသည် ပဲခူးမြို့ မြောက်ဘက် နှစ်မိုင်ခန့်ဝေးသော အထက် ဇိုင်းဂနိုင်းကြီးရွာ၌ သက္ကရာဇ် ၁၁၉၄ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက်၊ သောကြာ နေ့နံနက် ၈ နာရီအချိန်တွင် ဖွားမြင်သည်။ အဘမှာကုန်သည် ဦးထွန်းအောင်ဖြစ်၍ အမိဒေါ်ချိုဖြစ်သည်။ ငယ်မည်မှာ မောင်ရွှေသာ ဖြစ်၏။ ဦးရွှေသာ၊ ဒေါ်သူဇာ၊ ဒေါ်အို၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဦးသီလဆရာတော်လောင်း ဦးရွှေသာသည် အကြီးဆုံး ဖြစ်သည်။ မောင်ရွှေသာသည် ၁ဝ နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံ၌ စာပေသင်ကြားရန် ကျောင်းသားအဖြစ် အပ်နှံခံရသည်။ ၁၂ဝ၆ ခုနှစ်တွင်အသက် ၁၂နှစ် အရွယ် ရောက်သောအခါ […]
Continue Reading