PDF အပါအဝင္လက္နက္ကိုင္ဆန္႔က်င္သူမ်ား လက္နက္အပ္ႏွံပါက လက္ခံမည္ဟု စစ္ေကာင္စီဆို

News

PDF အပါအဝင္လက္နက္ကိုင္ဆန္႔က်င္သူမ်ား လက္နက္အပ္ႏွံပါက လက္ခံမည္ဟု စစ္ေကာင္စီဆို

PDF အပါအဝင္လက္နက္ကိုင္ဆန္႔က်င္သူမ်ား လက္နက္အပ္ႏွံပါက လက္ခံမည္ဟု စစ္ေကာင္စီက ထုတ္ျပန္သည္။ CRPH ႏွင့္ NUG က အလုံးစုံပ်က္သုဥ္းရန္ လုပ္ေဆာင္ေနေၾကာင္း၊ ၎တို႔၏ စည္း႐ုံးသိမ္းသြင္းခံထားရသူမ်ားက PDF အပါအဝင္အဖြဲ႕အစည္းအမ်ိဳးမ်ိဳး အမည္ခံကာ လက္နက္ကိုင္ဆန္႔က်င္ေနေၾကာင္း စစ္ေကာင္စီကဆိုသည္။

စစ္ေကာင္စီ၏ထုတ္ျပန္ခ်က္တြင္ အေရးေပၚကာလ ၿပီးဆုံးပါက ေရြးေကာက္ပြဲက်င္းပကာ အနိုင္ရပါတီကို လႊဲေပးမည္ျဖစ္ေၾကာင္း၊ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးတြင္ပါဝင္ေနၾကသူမ်ားအေနျဖင့္ လက္နက္အပ္ႏွံမည္ဆိုပါက ႀကိဳဆိုလက္ခံမည္ျဖစ္ေၾကာင္း ေရးသားထားသည္ကိုေတြ႕ရသည္။

စစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႕မ်ားဟု ေၾကညာထားသည့္ CRPH ႏွင့္ NUG တို႔အား နိုင္ငံအခ်ိဳ႕ရွိ ထိပ္တန္းတာဝန္ရွိသူမ်ားက ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ (CRPH) အား International IDEA မွ ထိပ္တန္းတာ ဝန္ရွိသူတစ္ဦးက ဇြန္ ၃ ရက္တြင္ ေတြ႕ဆုံကာေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည္။

အလားတူ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကိုလည္း နိုင္ငံတကာထိပ္တန္းေခါင္းေဆာင္အခ်ိဳ႕က ယခုႏွစ္အတြင္း ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

အထင္ရွားဆုံးျဖစ္စဥ္မွာ ဝါရွင္တန္တြင္ျပဳလုပ္သည့္ အေမရိကန္- အာဆီယံထိပ္သီးအစည္းအေဝးတြင္ NUG ၏ နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္အား ဖိတ္ၾကားကာ အေမရိကန္မွ ဒုနိုင္ငံျခားေရးဝန္ႀကီးအပါအဝင္ အာဆီယံေခါင္းေဆာင္အခ်ိဳ႕က ေတြ႕ဆုံခဲ့သည္။

အာဏာသိမ္းထားသည့္ စစ္ေကာင္စီမွာမူ ေဒသတြင္းအစည္းအေဝးျဖစ္သည့္ အာဆီယံထိပ္သီးအစည္းအေဝးကိုပင္ တက္ေရာက္ခြင့္မရေသးဘဲ နိုင္ငံေရးႏွင့္မသက္ဆိုင္သူကိုသာ တက္ေရာက္ခြင့္ျပဳထားသည္။

Crd- Mizzama

Unicode

PDF အပါအဝင်လက်နက်ကိုင်ဆန့်ကျင်သူများ လက်နက်အပ်နှံပါက လက်ခံမည်ဟု စစ်ကောင်စီဆို

PDF အပါအဝင်လက်နက်ကိုင်ဆန့်ကျင်သူများ လက်နက်အပ်နှံပါက လက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ CRPH နှင့် NUG က အလုံးစုံပျက်သုဉ်းရန် လုပ်ဆောင်နေကြောင်း၊ ၎င်းတို့၏ စည်းရုံးသိမ်းသွင်းခံထားရသူများက PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုး အမည်ခံကာ လက်နက်ကိုင်ဆန့်ကျင်နေကြောင်း စစ်ကောင်စီကဆိုသည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် အရေးပေါ်ကာလ ပြီးဆုံးပါက ရွေးကောက်ပွဲကျင်းပကာ အနိုင်ရပါတီကို လွှဲပေးမည်ဖြစ်ကြောင်း၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတွင်ပါဝင်နေကြသူများအနေဖြင့် လက်နက်အပ်နှံမည်ဆိုပါက ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့များဟု ကြေညာထားသည့် CRPH နှင့် NUG တို့အား နိုင်ငံအချို့ရှိ ထိပ်တန်းတာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) အား International IDEA မှ ထိပ်တန်းတာ ဝန်ရှိသူတစ်ဦးက ဇွန် ၃ ရက်တွင် တွေ့ဆုံကာဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း နိုင်ငံတကာထိပ်တန်းခေါင်းဆောင်အချို့က ယခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အထင်ရှားဆုံးဖြစ်စဉ်မှာ ဝါရှင်တန်တွင်ပြုလုပ်သည့် အမေရိကန်- အာဆီယံထိပ်သီးအစည်းအဝေးတွင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား ဖိတ်ကြားကာ အမေရိကန်မှ ဒုနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံခေါင်းဆောင်အချို့က တွေ့ဆုံခဲ့သည်။

အာဏာသိမ်းထားသည့် စစ်ကောင်စီမှာမူ ဒေသတွင်းအစည်းအဝေးဖြစ်သည့် အာဆီယံထိပ်သီးအစည်းအဝေးကိုပင် တက်ရောက်ခွင့်မရသေးဘဲ နိုင်ငံရေးနှင့်မသက်ဆိုင်သူကိုသာ တက်ရောက်ခွင့်ပြုထားသည်။ Crd- Mizzama

Leave a Reply

Your email address will not be published.