ချစ်လင်ဆီက လက်ဆောင်ရလို့ ပျော်နေတဲ့ မအေးသောင်း
တစ်နိုင်ငံလုံးက ပရိတ်သတ်တွေက မအေးသောင်းလို့ချစ်စနိုးခေါ်ကြသလို ပေါက်စီလို့လည်းခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ ပြီးခဲ့တဲ့မေလ(၂)ရက်နေ့ကပဲသူမရဲ့အပျိုကြီးဆိုတဲ့ရာထူးဂုဏ်ပုဒ်ကိုစွန်းလွတ်သွားခဲ့ပါပြီ။




မအေးသောင်းဟာ သူမရဲ့ချစ်သူနဲ့ထိုင်းနိုင်ငံဘန် ကောက်မြို့မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပဲ ဆက်လက်နေထိုင်နေကာ နှစ်ယောက်တစ်ဘဝအိမ်မက်လေးကို တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။
ကြင်စဦးအိမ်ထောင်သည်ဘဝလေးမှာ ပျော်ရွှင်နေပြီဖြစ်တဲ့ မအေးသောင်းဟာဒီကနေ့မှာတော့ သူမရဲ့ခင် ပွန်းသည်ဆီကလက်ဆောင်လေးတစ်ခုရရှိခဲ့တယ်လို့ပြောလာပါတယ်။




မအေးသောင်းက သူမရဲ့ခင်ပွန်းသည်ဆီက စက်ဘီးလေးတစ်စီးလက်ဆောင်ရရှိခဲ့တာဖြစ်ပြီး “Thank you for the new ride ချစ်လင်” ဆိုပြီး သူမရဲ့ဖေ့ဘွတ် Story မှာ ပြသလာခဲ့တာပဲဖြစ်ပါတယ်။
မအေးသောင်းကတော့ ချစ်ခင်ပွန်းဆီက ချစ်စရာကောင်းတဲ့လက်ဆောင်လေးရရှိခဲ့တာကြောင့် ကလေးလေးတစ်ယောက်လိုပျော်ရွှင်နေတာပဲဖြစ်ပါတယ်။မအေးသောင်းကတော့ အိမ်ထောင်ရေးကံကောင်းခဲ့ပြီလို့ဆိုနိုင်ပါတယ်နော်။




ပရိတ်သတ်တွေလည်း အိမ်ထောင်ရေးမှာ ကံကောင်းလွန်းတဲ့ မအေးသောင်းကိုကြည့်ပြီး အားကျနေမယ်ထင်ပါတယ်နော်။
Crd
(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)












Crd