နေရာတစ်နေရာရောက်နေပြီဖြစ်ကြောင်း အသိပေးလာတဲ့မိုးအောင်ရင်

News

နေရာတစ်နေရာရောက်နေပြီဖြစ်ကြောင်း အသိပေးလာတဲ့မိုးအောင်ရင်

သရုပ်ဆောင်မိုးအောင်ရင်ဟာ သရုပ်ဆောင်တာအပြင် DJ တီးရတာကိုလည်း ဝါသနာပါသူတစ်ယောက်ပါ။လတ်တလော သူ့ကိုဝေဖန်နေတာတွေနဲ့ပက်သက်ပြီး အခုလိုရှင်းပြထားပါတယ်။

“(၂၀၁၄)က စပြီး DJ တီးတာကို ရူးသွပ်ခဲ့တာပါ။
နိုင်ငံခြား သီချင်းတွေနဲ့ မြန်မာသီချင်းတွေကို mix လုပ်ပြီး ပွဲတွေမှာ (၁)နာရီစာ တီးပေးဖြစ်တယ်။ DJ စလုပ်တဲ့ (၁)လအတွင်းမှာ ပွဲ(၅)ပွဲ တီးပြီးသွားပြီ။

ဒါတောင် ပွဲတော်တော်များများကို ကျွန်တော်ငြင်းထားတာ။ Music Industry က လာတာရယ်၊ Drum တီးတတ်တာရယ်၊ Barတွေ Clubတွေနဲ့ မစိမ်းတာရယ်ကြောင့် DJ တီးတဲ့နေရာမှာ အခက်အခဲ (လုံးဝ) မရှိခဲ့ဘူး။

ကျွန်တော် DJ တီးတာကို နဖူးတွေ့၊ ဒူးတွေ့ ခံစားဖူးတဲ့ လူတိုင်းကတော့ အရမ်းကောင်းတယ်၊ အရမ်းကြိုက်တယ်လို့ပဲ လာပြောကြတယ်။ မကောင်းဘူးလို့ ပြောတဲ့သူက မူးနေလို့ဖြစ်မှာပါ။

ကိုယ့်အကြောင်းကိုပြောပြီ ဆိုကတည်းက သူတို့ ကိုယ့်ကိုစိတ်ဝင်စားလို့ ပြောတာပေါ့။ အဲလိုပြောလို့ ဝမ်းသာတယ်။ ကျွန်တော်က သူတို့စိတ်မဝင်စားမှာ စိတ်ပူနေတာ။ သူတို့စိတ်ဝင်စားတယ် ဆိုကတည်းက ကျွန်တော်က နေရာတစ်နေရာရောက်နေပါပြီ။

ဝေဖန်တဲ့သူတွေကိုလည်း ကျွန်တော့်ပွဲကို (၁)နာရီလောက် အချိန်ပေးပြီး လာနားထောင်ကြည့်ပါလို့ ပြောချင်ပါတယ်” ဆိုတဲ့ သရုပ်ဆောင် မိုးအောင်ရင်/ DJစိုင်း

Crd

Leave a Reply

Your email address will not be published.