မြန်မာ့ သမိုင်း၏ အမှောင်မိုက်ဆုံး နေ့ရက်များ

News

မြန်မာ့ သမိုင်း၏ အမှောင်မိုက်ဆုံး နေ့ရက်များ

ဗြိတိသျှ ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ၏မြန်မာအရေး ကြားနာ စစ်ဆေးမှုတွင် NUG ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဝန်ကြီး ‌ဒေါက်တာ ဆာဆာ က အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းပင် ဖြစ်သည်။တဆက်တည်း မှာပင် NUG ၏ ရည်မှန်းချက် လေးခုကို လည်း ရှင်းလင်းတင်ပြသွားခဲ့သည်။

(၁) စစ်အာဏာရှင် စနစ်ကို အပြီးအပိုင် ဖယ်ရှားသွားရေး

(၂) စစ်ဗိုလ်ချုပ်များ စိတ်ကြိုက် ရေးဆွဲထားခဲ့သည့်

၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝ ဖျက်သိမ်းသွားရေး

(၃) ရိုဟင်ဂျာ ညီအကို မောင်နှမ များ အပါအဝင် တိုင်းရင်းသား များနှင့် လက်တွဲ၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းရေး

(၄) ပြည်သူ့ အစိုးရ ပေါ်ပေါက်လာရေး တို့ ဖြစ်သည် ဟု ဆိုသည်။

ရန်ကုန်တွင်တော့ လာမည့် ရက်များနှင့် သီတင်းပတ်များ အတွင်း ဗုံးပေါက်ကွဲမှုများ ပိုမို ဖြစ်ပေါ်လာနိုင်ပြီး မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး များ နှင့် ကျောင်းများ အနီး ဖြစ်ပွားဖွယ် ရှိသည်ဟု သတင်းရပ်ကွက်များက Nikkei Asia Review ကို ပြောသည်ဟု ဖေါ်ပြထားသည်။

ကျောင်းသား များ ပြန်လည် လက်ခံလာသည်မှာ သုံးရက်ခန့် ရှိလာနေသော်လည်း ကျောင်းလာအပ်သူ အရည်အတွက် မှာ ၁၀% ခန့်သာ ရှိသည်ဟု မီဒီယာများတွင် တညီတညွတ် တည်း ရေးသားထားကြသည်။

တနင်္လာနေ့ တွင် ထားဝယ်မြို့ရှိ အခြေခံပညာ ကျောင်းသုံးကျောင်း မီးလောင်ကျွမ်းသွားခဲ့သည်။

အင်္ဂါနေ့တရက်တည်းတွင်ပင် ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားခဲ့ပြီး အပြင်းထန်ဆုံးမှာ သင်္ကန်းကျွန်း မြို့နယ်ရှိ မင်္ဂလာဆောင်တခုတွင် ဖြစ်သည်။ ထိုပေါက်ကွဲမှု တွင် သတို့သမီး အပါအဝင်

လူ လေးဦးသေဆုံးသွားခဲ့သည်ဟု ဆိုသည်၊ သတို့သား နှင့် တက်ရောက်လာသူ အချို့သည် အာဏာသိမ်း အဖွဲ့နှင့် ဆက်နွယ်နေသူများ ဖြစ်သည်ဟု ဆိုသည်။စစ်တပ်သည် ၎င်းတို့ထက် လက်နက်အင်အား လွန်စွာမှ သာလွန် ကောင်းမွန်နေသော်လည်း စိတ်ဓါတ်ရေးရာ အရ လွန်စွာ မှ ကျဆင်းနေပြီ ဖြစ်သဖြင့် မတရားမှုကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်နေကြသည့် တိုင်းရင်းသားများဖက်ကအရေးသာလျက် ရှိနေသည်မှာ အဆန်းတကြယ်တော့ မဟုတ်လှပေ။

အာဏာသိမ်း အဖွဲ့ မှလည်း လူထု ဖက်မှ ထပ်မံအုံကြွမလာစေရန် နည်းမျိုးစုံ ဖြင့် အကြမ်းဖက်မှုများ ကျုးလွန်ပြီး အကြောက်တရားများ ဖြစ်ပေါ်အောင် ဖန်တီးရင်း က သေဆုံးသူ အရည်အတွက် မှာ ကလေး ၇၃ ဦး အပါအတင် ၈၂၇ ဦး အထိ ရောက်ရှိလာပြီ ဖြစ်သည်ဟု NUG စာရင်းများ အရ သိရသည်။

‌၈၂၇ ဦးမြောက် အသတ်ခံရသူ သည် ပြည်ထဲရေး ဒုဝန်ကြီး ဆိုသူ ရဲချုပ် သန်းလှိုင်၏ ညီအရင်းဖြစ်သူ ဦးစိုးမိုးလှိုင် ဖြစ်သည်ဟု သိရသည်။ ဦးစိုးမိုးလှိုင်သည် ABSDF တပ်မှုးဟောင်းတဦးလည်း ဖြစ်သည်။

၎င်းအား နေအိမ်မှ ရိုက်နှက် ဖမ်းဆီးသွားပြီး နှစ်ရက်အကြာတွင် ထုံးစံအတိုင်း ရောဂါနှင့်သေဆုံးသွားပြီ ဟု အကြောင်းကြားလာခဲ့သည်၊ ကျန်ရစ်သူ ဇနီး နှင့် ကလေး ငါးဦးသည် ဖခင်၏ ရုပ်အလောင်းကို မြင်တွေ့ခွင့် မရခဲ့ကြပေ၊ အငယ်ဆုံးကလေးသည် တနှစ်ခွဲသာ ရှိသေးသည်ဟု သိရသည်။

မြန်မာအား လက်နက်ရောင်းချမှု ပိတ်ပင်ရေး အဆိုအား ကုလ အထွေထွေ ညီလာခံတွင် ယခု အပတ်အတွင်း မဲခွဲရန် ရှိနေသည်ဟု သိရသည်၊ အထွေထွေ ညီလာခံ၏အဆိုသည် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကဲ့သို့ မဖြစ်မနေ

လိုက်နာဖို့ မလိုသော်လည်း အာဏာသိမ်း အဖွဲ့အား ကမ္ဘာအသိုက်အဝန်းမှလိုလားမှု မရှိ ဆိုသည်ကို ပြသရာ ရောက်သဖြင့် ၎င်းတို့ အတွက် သံတမန်ရေး အရ အလဲထိုးပွဲကြီး ဖြစ်သွားပေတော့မည်။

ကုလ လုံခြုံရေး ကောင်စီ အဖြစ်က နိုင်ငံတနိုင်ငံတွင် မီးဟုန်းဟုန်း တောက်နေသည့် အဖြစ်ကို ဗီတို အာဏာ စွဲကိုင်ထားသည့် နိုင်ငံက မီးပုံပွဲ ကျင်းပနေတာပါ ဟု ပြောလာလျှင်လက်ပိုက်ကြည့်နေရသည့် အဖြစ်ပင်။

တရုတ် စက်ရုံ ၃၂ ရုံအား မီးရှို့သည်ဟု စွပ်စွဲခံထားရသူ ၂၈ ဦး အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် အနှစ် နှစ်ဆယ် အပြစ်ဒဏ် ချလိုက်သည်ဟု MRTV ကို ကိုးကား၍ တရုတ် Global Time သတင်းစာ က ဆိုသည်။

တရုတ်အဖို့ကလည်း မင်းအောင်လှိုင် ကို လိုလားလှသည် မဟုတ်သော်လည်း ယခုလို သေဆိုသေ ရှင်ဆိုရှင် အမှုတော်ထမ်းပေးရန် အသင့် ဆိုသည့် လူမျိုး ခေါင်းဆောင် အဖြစ် ရောက်လာခြင်းကို မလိုလားပဲ ရှိအံ့ပေမည်နည်း။

တဆက်တည်း တွင် ၎င်းတို့အတွက် ခေါင်းရှုပ်စရာ အမှိုက်ထုတ်ကြီး ဖြစ်လာနေသည်။ စစ်ခေါင်းဆောင်များက ထုံးစံ အတိုင်း ၎င်းတို့နှင့် အနောက်နိုင်ငံများ၊ အိန္ဒိယ၊ ဂျပန်တို့ အကြား ကုလားဖန်ထိုးစားဖို့ ကြိုးစားမည့် အရေးကိုလည်း တွက်ချက်ထားပြီးဖြစ်သည်၊ သို့သော် မည်မျှ အတိုင်းအတာ အထိ ခွင့်ပြုမည် ဆိုသည်ကိုသာ စောင့်ကြည့်ရမည် ဖြစ်သည်။

လောလောဆယ်တွင် ၎င်းတို့သည် တိုင်းပြည်တွင်းရှိ သစ်တောများကို ခုတ်ထွင်ပြီး ငွေရပေါက် ရလမ်း ရှာနေသည်ဟု တနင်္လာနေ့က ထုတ်ပြန်သောပတ်ဝန်းကျင် ထိန်းသိမ်းမှု စုံစမ်းရေး အေဂျင်စီ Environmental Investigation Agency (EIA) မှ အစီရင်ခံစာ ထုတ်ပြန် သတိပေးလိုက်သည်။

၎င်းတို့လက်ဝယ်တွင် NLD အစိုးရ သိမ်းဆည်းရရှိထားသော တရားမဝင် သစ်တန်ချိန်၂၀၀,၀၀၀ ခန့်ကို လေလံတင် ရောင်းချရန် ကြံနေသည်ဟု ဆိုသည်။

မြန်မာ ကျွန်းသစ် သည် ကမ္ဘာတဝှမ်း အပျော်စီး ရွက် လှေများ တည်ဆောက်ရေးအတွက် လူကြိုက်များလျက် ရှိသည်။

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ဗိုလ်သန်းရွှေ ၏ စစ်အစိုးရကဲ့သို့ သစ်များကို ထုတ်ရောင်းကာ အသက်ဆက်ရန် ကြံနေပြီ ဖြစ်သည်။ သစ်ခုတ် သူဌေး တေဇ သည်လည်း လူမြင်ကွင်းသို့ ပြန်ထွက်လာပြီ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ၏ လက်သည်ကြီး ဖြစ်သူ အသက် ၉၆ နှစ်ရှိ တရားသူကြီးချုပ် ဦးအောင်တိုးသည် အယမန်နေ့က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်၊ ၎င်း လွန်စွာ ဂုဏ်ယူခဲ့သည့် ဖွဲ့စည်းပုံကြီးက မင်းအောင်လှိုင်၏ ကောင်းမှုဖြင့် အမှိုက်ဘဝ ရောက်သွားခဲ့ရရှာသည်ကိုတော့ မြင်တွေ့ သိရှိခွင့် ရသွားခဲ့ရှာသည်။

အာဏာသိမ်း အဖွဲ့မှ လူထု အား ကြည့်ရှု့ခွင့်ပေးမည့် အင်တာနက် ဝက်ဆိုဒ် စုစုပေါင်း ၁,၂၀၀ ကျော်ခန့်ရှိ Whitelist ဟု ခေါ်သည့် စာရင်း ထွက်ပေါ်လာပြီ ဖြစ်သည်။လက်ရှိတွင် နိုင်ငံတကာ အကူအညီ ပေးနေမှု များကရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း ထိုငွေများက အကြမ်းမဖက် အာဏာဖီဆန်ရေး ဆင်နွှဲနေသည့် CDM ထံလည်း ရောက်မလာသေးကြောင်း၊

တော်လှန်ရေး အောင်မြင်ရန် ရံပုံငွေ အရေးတကြီး လိုအပ်နေသည်ကို အမြန် ဖြည့်ဆည်းပေးရန် အချိန်ရောက်လာနေကြောင်း၊အာဏာသိမ်း အဖွဲ့က မြေပြန် ဒေသလောက်ကို ထိန်းချုပ်ထားနိုင်ယုံမျှဖြင့် အစိုးရ ပုံစံ ရပ်တည်သွားမည် ဖြစ်သဖြင့် နောက်ပိုင်းတွင် နိူင်ငံတကာ အသိုက်အဝန်း အဖို့ မချစ်သော်လည်း အောင့်ကာနမ်း ပုံစံမျိုးဖြင့် လူသတ် အစိုးရ ကို ဆက်ဆံသွားရသည့် အဖြစ် ရောက်ရှိသွားလိမ့်မည်ဟု ၂၀၁၅ မှ ၂၀၂၁ အထိ မြန်မာအစိုးရနှင့်လွှတ်တော် အကြံပေး အဖြစ် ဆောင်ရွက်ခဲ့သည့်Phillip Annawitt က Asia Times တွင် သတိပေး ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေကြီးလည်းဖြစ်ပြီး မြန်မာအရေးကို အမြဲလို စောင့်ကြည့်နေသည့် ဆီးနိတ် ရီပတ်ဘလီကင် လူနည်းစု ခေါင်းဆောင် မစ်ခ်ျ မက်ကွန်းနယ်ကတော့ ဘိုင်ဒင် အစိုးရ၏ အရေးယူမှုများသည် အချိန်အခါ နှင့် ကိုက်ညီပြီ

း လျင်မြန်မှု ရှိသည်ဟု ယနေ့ ထုတ်ဖေါ် ချီးကြူးလိုက်သည်။ ရှေ့ဆက်ပြီးလည်း မည်သို့ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးရမည် ဆိုသည်ကို ဘိုင်ဒင် အစိုးရနှင့် လက်တွဲလုပ်ကိုင်သွားမည်ဟုလည်း ကတိပေးသွား ခဲ့သည်။

နိုင်ငံတကာ မှ မည်သူ့ဖက်မှ အရေးသာမည်ကိုစောင့်ကြည့်လျက် ရှိနေကြပြီး နိုင်ငံကြီးများမှ အပ ကျန် နိုင်ငံများက ဘက်မှား ၍ ရပ်တည်သွားမိမည်ကို စိုးရိမ်လျက် ရှိနေပုံရသည်၊
ထိုအနေအထားကပင် ပြည်သူများ ဖက်မှ အရေးသာလျက် ရှိနေသည်။သို့သော် ချီတုံချတုံ ဖြစ်နေသော နိုင်ငံများ သံတမန်ရေး နှင့် စီးပွားရေး နယ်ပယ်များတွင် ထိုထက်ရှေ့သို့ တက်မလာစေရန် ဖိအားများ ဖန်တီးပေးထားရမည်သာ ဖြစ်သည်။

နောက်ထပ် ရရှိသော သတင်းတပုဒ်အရ တိုတယ်မှ ထုတ်လုပ်လျက် ရှိသော ရတနာ သဘာဝဓါတ်ငွေ့ တွင်း မှ ထွက်ရှိသမျ ကို ထိုင်း-မြန်မာ နယ်ခြားသို့ ပို့ဆောင်ပေးလျက် ရှိသည့် မုတ္တမ ဓါတ်ငွေ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ မှ အစုရှယ်ယာရှင်များ ဖြစ်သော

Total, Chevron, PTTEP, နှင့် MOGE သို့ ‌ငွေ ပေးချေနေမှုများကို ဧပြီ ၁ ရက်နေ့မှစ၍ ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အရေးတော်ပုံ အောင်ရမည်!!!

CRD

Leave a Reply

Your email address will not be published. Required fields are marked *