တော်လှန်ရေးအင်အားစုPDFတွေကို စစ်တပ်က အနိုင်မတိုက်နိုင်ဘူးလို့ ကန်နိုင်ငံခြားရေးအကြံပေးပြော
မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာကြုံနေရတဲ့ တော်လှန်ရေးအင်အားစုတွေကို အနိုင် တိုက်နိုင်ချေမရှိတာကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်သင့်ပြီဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဒဲရက် ရှလက်က ပြောလာပါတယ်။




”ဒီနေ့ အခြေအနေကို ကြည့်ရင် သူတို့(စစ်တပ်)အနေနဲ့ နိုင်နိုင်တယ်ဆိုတာကို ယထာဘူတကျကျ မြင်ကြည့်ဖို့ခက်တယ်” လို့ သူက ပြောသလို ”သူတို့(စစ်တပ်)ဟာ နယ်မြေ မစိုးမိုးနိုင်တော့ဘူး။ စစ်တပ်ဟာလည်း ဆုံးရှုံးမှု အတော်များနေပြီ” လို့ သူကပြောပါတယ်။
ဒါ့ပြင် မြန်မာစစ်ကောင်စီဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ အထီးကျန်လာနေပြီး ဒီတိုက်ခိုက်မှုကို ရပ်တန့်ကာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ဖို့ သူက ဘန်ကောက်မြို့ကိုရောက်ရှိချိန် ပြောလာတာဆိုပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။




ကန်နိုင်ငံခြားရေးဝန်ကြီးအကြံပေးရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နဲ့အာဆီယံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ထိုင်း၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေကို ခရီးဆက်နေတာဖြစ်ပါတယ်။




အမေရိကန်အစိုးရဟာ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆိုတာတွေအပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့လို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ လက်တွဲလုပ်ကိုင်နေတယ်လို့ မစ္စတာ ရှလက်က ပြောထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ တခြားအဖွဲ့အစည်းအမျိုးမျိုးတို့ “လက်နက်အပ်နှံပြီး ပြည်သူ့ဘဝပြန်ဝင်ရောက်” ရင် ကြိုဆိုမယ်ဆိုပြီး ထုတ်ပြန်ပြောဆိုလာပါတယ်။
Crd
Unicode
တော်လှန်ရေးအင်အားစုPDFတွေကို စစ်တပ်က အနိုင်မတိုက်နိုင်ဘူးလို့ ကန်နိုင်ငံခြားရေးအကြံပေးပြော
ျမန္မာစစ္တပ္ဟာ ျပည္တြင္းမွာၾကဳံေနရတဲ့ ေတာ္လွန္ေရးအင္အားစုေတြကို အနိုင္ တိုက္နိုင္ေခ်မရွိတာေၾကာင့္ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေလၽွာက္သင့္ၿပီဆိုၿပီး အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန အႀကံေပး ဒဲရက္ ရွလက္က ေျပာလာပါတယ္။




”ဒီေန႔ အေျခအေနကို ၾကည့္ရင္ သူတို႔(စစ္တပ္)အေနနဲ႔ နိုင္နိုင္တယ္ဆိုတာကို ယထာဘူတက်က် ျမင္ၾကည့္ဖို႔ခက္တယ္” လို႔ သူက ေျပာသလို ”သူတို႔(စစ္တပ္)ဟာ နယ္ေၿမ မစိုးမိုးနိုင္ေတာ့ဘူး။ စစ္တပ္ဟာလည္း ဆုံးရႈံးမႈ အေတာ္မ်ားေနၿပီ” လို႔ သူကေျပာပါတယ္။
ဒါ့ျပင္ ျမန္မာစစ္ေကာင္စီဟာ ျပည္တြင္းမွာသာမက ျပည္ပမွာပါ အထီးက်န္လာေနၿပီး ဒီတိုက္ခိုက္မႈကို ရပ္တန႔္ကာ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္တက္ဖို႔ သူက ဘန္ေကာက္ၿမိဳ႕ကိုေရာက္ရွိခ်ိန္ ေျပာလာတာဆိုၿပီး ရိုက္တာသတင္းဌာနက သတင္းေဖာ္ျပပါတယ္။




ကန္နိုင္ငံျခားေရးဝန္ႀကီးအႀကံေပးရဲ့ေျပာၾကားခ်က္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္တစုံတရာရဖို႔ ဘီဘီစီက စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ဆီ ဆက္သြယ္ဖို႔ ႀကိဳးစားေနပါတယ္။
အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဟာ အေမရိကန္နဲ႔အာဆီယံ ေခါင္းေဆာင္ေတြရဲ့ ထိပ္သီးေဆြးေႏြးပြဲအၿပီးမွာ ထိုင္း၊ စင္ကာပူနဲ႔ ဘ႐ူနိုင္းနိုင္ငံေတြကို ခရီးဆက္ေနတာျဖစ္ပါတယ္။




အေမရိကန္အစိုးရဟာ ျမန္မာစစ္ေကာင္စီကို အေရးယူပိတ္ဆိုတာေတြအျပင္ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး စင္ကာပူ၊ အင္ဒိုနီးရွား၊ မေလးရွားနိုင္ငံတို႔လို အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြနဲ႔ လက္တြဲလုပ္ကိုင္ေနတယ္လို႔ မစၥတာ ရွလက္က ေျပာထားပါတယ္။
တစ္ဖက္မွာလည္း စစ္ေကာင္စီဟာ ျပည္သူ႔ကာကြယ္ေရးတပ္ PDF နဲ႔ တျခားအဖြဲ႕အစည္းအမ်ိဳးမ်ိဳးတို႔ “လက္နက္အပ္ႏွံၿပီး ျပည္သူ႔ဘဝျပန္ဝင္ေရာက္” ရင္ ႀကိဳဆိုမယ္ဆိုၿပီး ထုတ္ျပန္ေျပာဆိုလာပါတယ္။
BBC
Crd