စစ်တုရင်စကားနဲ့ပြောရင်တော့ဗျူဟာခင်းပြီးပြီပေါ့။ အကွက်တွေ စိပ်လာပြီ။အမြန်ရွှေ့ကွက်တွေလာပြီပေါ့။

News

စစ်တုရင်စကားနဲ့ပြောရင်တော့ဗျူဟာခင်းပြီးပြီပေါ့။

အကွက်တွေ စိပ်လာပြီ။အမြန်ရွှေ့ကွက်တွေလာပြီပေါ့။

NUG ကလည်းစစ်ရေးမြှင့်တင်မယ်လို့ပြောထားတယ်။

ချောင်ပိတ်သွားတဲ့စစ်အုပ်စုကထွက်ပေါက်ကိုဘယ်လိုရှာမလဲ။

ဘယ်လိုချောင်ပိတ်မိတာလဲယူအက်စ်သံတမန်ထပ်ရောက်လာတယ်တွေ့စရာရှိသွက်သွက်တွေ့၊ထုတ်ပြန်စရာရှိ၊မြန်မြန်ထုတ်ပြန်တယ်။

အာဆီယံ+အိန္ဒိယမှာ တက်ရနိုးနိုးစကစရဲ့နောက်ဆုံးမျော်လင့်ချက်လည်းအိုးမည်းအသုတ်ခံရ။ဟိုကအမြန်ထုတ်ပြန်တယ်။စစ်ကောင်စီတက်ခွင့်မရှိဘူးဒါပါပဲ။

အဲဒီတော့ သံတမန်ရေးမှာသူတို့ကိုဘယ်သူ လက်ခံသလဲလတ်လတ်ဆတ်ဆတ်လူမွဲစာရင်းဝင်ဒေဝါလီခံသီရိင်္လကာနိုင်ငံကသာခန့်အပ်လွှာလာပေးတာပြရပုံ။ခုနေသီရိင်္လကာနဲ့ပေါင်းရင်တော့တပြားမရတဲ့အပြင်ဝိုင်းလျော်ရမည့်ကိန်းပဲရှိ။

လူထုတော်လှန်ရေးဘက်ကတော့ နွေဦးတော်လှန်ရေးဟာကမ္ဘာသင်ရိုး တကယ်ဖြစ်လာတယ်။

သံအမတ်ဦးကျော်မိုးထွန်းလုပ်သလိုပဲရုရှားသံအမတ်လိုက်လုပ်ခဲ့ရတာကိုး။မကြာသေးမီကတွေ့ခဲ့ကြမှာပါ။

စီးပွါးရေးမှာလဲစက်မှုကုန်ကြမ်းတွေအပါအဝင်လောင်စာဆီအဆုံး၊ဆိပ်ကမ်းရောက်မှငွေချေရမယ့်စနစ်တဲ့။ဒါတော့စစ်အုပ်စုရဲ့ဒေါ်လာတရွက်မှအပဲ့မခံ အနေအထားကြောင့်သာ။ဒါကြောင့်လည်းလျပ်စစ်မီးတွေဂဒီးဂဒီးပြတ် ၊လျှပ်စစ်ပစ္စည်းတွေအကုန်ပျက်ဆီးတာတွေကြုံရတာပဲ။

စာရင်းချုပ်တော့ဘာရသလဲ ဒီခေတ်ဘဏ္ဍာရေးမှာအတွက်အချက်အကောင်းဆုံးတွေဖြစ်တဲ့ကမ္ဘာ့ဘဏ်လိုအဖွဲ့အစည်းမျိုးကတောင်”မြန်မာ့စီးပွါးရေးကို တွက်ချက်ခြင်းငှါမစွမ်းသာတော့ဘူး ၊ဒါကြောင့်အလားအလာသုံးသပ်ချက်လည်းဘယ်လိုမှရေးလို့မရဘူး “လို့ညည်းတွားဝန်ခံပြီး မြန်မာတနိုင်ငံထဲ ထူးကဲချန်လှပ်ထားခံ ဘဝ ရောက်ခဲ့ပါပြီ။

စစ်ရေးမှာ တိုင်းရင်းသားတွေကစခန်းတွေပါသိမ်းပြတယ်။ စကစတပ်မှူးတွေကို ရာဇသံပြတ်ပြတ်ပေးတယ်။စကစ အသံတိတ်ဇာတ်ကားရိုက်သွားရ။

NUGကာ/ဝန် ကလက်နက်လှမ်းတောင်း၊သမ္မတနဲ့ ဝန်ကြီးချုပ် မြေပြင်မှာရပ်ပြ၊ပီဒီအက်ဖ်တွေကရှေ့တိုးပြလိုက်တယ်။

စစ်တပ် ဘာလုပ်သလဲမယှဉ်နိုင်တော့တဲ့အဆုံး ထုံးစံအတိုင်းရွာကိုမီးတင်ရှို့တယ်။ ဝမ်းစာစပါး၊မျိုးစပါးတွေပါအားလုံးကုန်ပဲ။ဒါ သူတို့ကိုယ်တိုင်လည်းပျက်ဆီးကြောင်းပြုမိအမှားကိုစစ်အုပ်စုမသိရှာဘူး။ လူကောအလွတ်ပေးလားဆိုတော့မလွတ်ပါ။ဆိုင်ကယ်သော့ မပေးမှုနဲ့ ရွာသားတွေကို ထပြေးခိုင်းပြီး နောက်ကနေသေနတ်တွေနဲ့စိမ်ပြေနပြေပစ်တယ် ။
တကယ့်ကမ္ဘာကျော်Killing Field ဖြစ်ရပ်မှန်ဇာတ်ကားကိုသတိရစရာပဲ ၊ ဘာကြောင့်ကမ္ဘာ့မှတ်တမ်းဝင်ရိုင်းစိုင်းကြမ်းကြုတ်မှုကိုကျူးလွန်သလဲ။

ကြောက်စေချင်လို့ပေါ့ အကြောက်တရားနဲ့အညံ့ခံအောင်ပေါ့ပြည်သူ့မေတ္ထာ မရတဲ့လူတွေဟာ အကြောက်တရားတခုထဲပဲစဉ်းစားတတ်တော့တယ်။ကိုယ်တိုင်က ကြောက်ဖို့ပဲသိသလို သူတပါးကိုလည်းကြောက်စေချင်တာပဲသိတယ်။ဉာဏ်ပညာ မသိဘူး ချစ်ခြင်းမေတ္တာ တန်ဖိုးကိုလက်မခံဘူး ။

အခုလူတွေရဲ့စားရေးနေရေးတွေကိုမီးရှို့လိုက်တော့ပြည်သူလူထုကဘယ်လိုတုံ့ပြန်သလဲ။ အိုစာမင်းစာ လက်ဝတ်ရတနာတွေထုတ်ပေးလှူတော့တာပေါ့“ပြည်သူကိုရန်သူလုပ်မိတာဟာဒီစစ်အုပ်စုရဲ့အမှားတကာအမှားထဲမှာအဆိုးဆုံးအမှားပဲ”

နွေဦးတော်လှန်ရေးမှာက ချစ်မေတ္တာနဲ့ဉာဏ်ပညာ ဦးစီးတာ။အညာသူအမေအိုကြီးတွေကသူတို့နားကပ်ကိုချွတ်ပြီး သူတို့သားတွေလက်ကိုအပ်တယ်ဆိုတာအဲဒါသေနတ်အဖြစ်ပြောင်းပြီးတော့အမေတို့ကိုကာကွယ်ပေးပါဆိုတဲ့စကားပဲ။ဒါကစစ်အုပ်စုကြောင့်ဖြစ်လာတာ စစ်အုပ်စုရဲ့ဒီအမှားဟာဒီပွဲရှုံးဖို့အကြီးဆုံးအမှားပဲ။

NUG ရဲ့ထိန်းချုပ်နယ်မြေကကျောင်းဖွင့်ပွဲတွေကိုကြည့်ပါကွင်းလုံးပြည့်၊ဝန်းလုံးပြည့်။ပန်းပွါးအကတွေနဲ့ပါ။ကျကျနနပွဲခံပြီးတော့ကျောင်းတွေဖွင့်ထားတာ။ဒီလိုပဲမုံရွာ ယာကြီး ကလေးဝအဝေးပြေးလမ်းပေါ်လည်းပြည်သူတွေကသိမ်းပိုက်လိုက်ပြီးတော့အောင်ပွဲခံဆန္ဒပြပွဲတွေသရုပ်ပြပွဲတွေလုပ်ကြတာပေါ့။

စစ်ရေးမှာတော့အရပ်ရှစ်မျက်နှာစကစဘယ်သွားသွားတိုက်ပွဲချည်းပဲ ပွဲတိုင်းမှာလည်းရှုံးပါရစေဆိုတဲ့ဆုတောင်းတွေပြည့်နေတယ်။တကယ်တော့သူတို့စစ်သားတွေကိုယ်၌ကကျင့်သားရစစ်သားတွေမဟုတ်တော့ဘူးလေ။ပညာသည်အုပ်စုဝင်တပ်ကြပ်ကြီးတွေပြီးတော့သက်ကြီးရွယ်အိုတွေ၊လူပြည့်ရင်ပြီးရောထည့်ပေးလိုက်ရတာကိုး။

တခါရဲနဲ့စစ်သားကိစ္စတွေ၊အဲဒါတွေကရန်ပွဲများမဟုတ်ဘူးနော်၊တကယ့်အတွင်းသရုပ်တွေ။ကြီးနိုင်ငယ်ညှဉ်းခံစားချက်တွေကိုတွေ့ရလိမ့်မယ်။အဲဒီငယ်နိုင်ဆိုတဲ့ဓလေ့ဆိုးက ပြုသူရောအပြုခံရသူပါ အရှက်သိက္ခာမဲ့ရတဲ့ကိစ္စတွေ။ဖွဲမီးလိုလှိုက်လောင်နေတာ၊အခုနောက်ဆုံးတပ်ထဲတင်ကိုယ့်စစ်သားကိုယ် တန်းစီခိုင်းပြီးပစ်တယ်ဆိုတာဘာကိုပြနေတာပါလဲ။စစ်သားဆယ်ဂဏန်းချီ၊တန်းစီပြီးတော့ပစ်တာတပ်ထဲကအခြေအနေအမှန်ကိုပြနေတာ။ဘယ်လိုမှဖုံးကွယ်ပေးလို့မရဘူးဘာလဲ ၊တပ်ထဲမှာဘာမဆိုအချိန်မရွေးဖြစ်သွားနိုင်တယ် ဆိုတာပြသွားတာ။

တကယ်လို့နွေဦးတော်လှန်ရေးသာမရှိခဲ့ရင်ဒီနေ့ဒီအခြေအနေတွေမရှိခဲ့ရင်အခုလိုသူ့စစ်သားသူ ဆယ်ယောက်ကိုတန်းစီပြီးတော့ပစ်သတ်ပြီးထွက်လာတာမျိုးရှိမလားစဉ်းစားမိမှာတောင်မဟုတ်။ဒါမျိုးတွေဘယ်တော့မှမရှိခဲ့ပါဘူးဒါကဘာလဲ နွေဦးတော်လှန်ရေးရဲ့လှိုင်းတံပိုးတွေ၊စစ်တပ်အပေါ်မှာသွားပြီးတော့သက်ရောက်မှုကြီးဖြစ်နေတာ။အက်ကြောင်းတွေဖြစ်နေတာထိုးနှက်ချက်တွေဖြစ်နေတာ မကျေမချမ်း အကြိတ်အခဲတွေက အခွင့်ကြုံတာနဲ့ပေါက်ကွဲထွက်ဖို့ ချောင်းမြောင်းနေတာကို ညွှန်ပြပါတယ်တပ်ကစွန့်ခွါချင်တာတွေအများကြီး။ဒီလိုပဲမိသားစုအလိုက်ခြိမ်းခြောက်ထားလို့၊အဲဒီတော့သူတို့ကရေရှည်မှာဘယ်လိုမှမရတော့ဘူးတကယ်ပြေးပြီ ပျက်ပြိုပြီဆိုထိန်းလို့ရတော့မှာမဟုတ်ပါ။

ပြည်သူတွေရက်ပေါင်းများစွာအချက်ပေါင်းများစွာခုတ်လာတဲ့ ဒီစစ်တပ်၊ဒီအပင်ကြီးကိုဆက်ပြီးတော့သူတို့အခုတ်မခံနိုင်တော့ဘူး။ထပ်ခုတ်တာနဲ့ပြိုလဲတော့မှာ။ဒါကြောင့်ရပ်ခိုင်းတာ၊ဒါကြောင့်နိုင်ငံရေးဘက်ကိုပြန်လှည့်လာတာ၊ထွက်ပေါက်ရှာတာ၊ကြည့်သောသူမြင်ပြီးသား။

ဘက်ပေါင်းစုံပိတ်မိသွားတော့ ထွက်ပေါက်ရှာပါတယ် နိုင်ငံရေးအင်အားစုတွေဘက် မျက်စပစ် ။ပီဒီအက်ဖ်ကို လက်နက်အပ်နှံကြိုဆိုရန် ကမ်းတော့တာ။အဲဒါကြောင့်ပြောတယ်၊အရင်ကတည်းကအမှတ်နဲ့ကစားတုန်းကနိုင်ပြီးသားပါဆိုတာကိုသူကခုအမှတ်နဲ့ပြန်ကစားဖို့စကားစ လုပ်ပြတာ ဘယ့်နှယ် အလဲထိုးနေတာ အလဲထိုးနေတာဆက်တိုက်ထိုးပြရမှာ

သူ့တိုကတော့မကြာခင် သူနဲ့တွေ့ဆွေးနွေးမည့်နိုင်ငံရေးအင်အားစုတွေပါဆိုကာ တဖွဲ့ပြီးတဖွဲ့အလံရှုးတွေပွဲထုတ်ဖို့ကြံဦးမှာ။နောက်တကြိမ်ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတာ ပြည်သူလက်ခံမည့်မက်လုံးမဟုတ်၊ပြည်သူ့အဆုံးအဖြတ်ဖြစ်တဲ့ ရွေးကောက်ပွဲရလဒ်ကို ကိုယ်ရှုံးတိုင်းလက်မခံ ငြင်းပါယ်ခဲ့သူက ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတာ ဘယ်ပြည်သူက ထပ်အရူးလုပ်ခံမလဲ မီးလောင်တိုက်သွင်းခံလိုက်ရတဲ့ဘဝများစွာကို တရားခံကတစ်ကပြန်စမယ်လို့နားချ ရရိုးလား

ဒီမြေမှာ လူမျိုးဒေသအလိုက်ရဲရင့်ကြပြောင်မြောက်ကြသူတွေရှိပါရဲ့ ၊ဒါပေမယ့်သည်းခံစွမ်းကုန်လို့အညာသူအညာသားများက “ကဲ မထူးတော့ပါဘူး “ ဆိုလို့ကတော့ထူးပြီသာမှတ်ပေရော့။

မီးတိုက်ခံဘဝ ပြာပုံထဲကကြုံးထလာတဲ့အညာသူနှမ/အစ်မများရဲ့လက်ဝတ်လက်စားတွေပြီးတော့အခု အမေအို ပြတ်သားစိတ်နဲ့ဖြုတ်ပေးလိုက်တဲ့နားကပ်များမှာ သနပ်ခါးခြောက်တွေကပ်နေသေးတာ စိတ်လှုပ်ရှားဖွယ်တွေ့လိုက်ပါတယ်

အဲဒီနားကပ်ပေါ်ကအညာသနပ်ခါးခြောက်ဖတ်ကလေးတွေဟာမြန်မာပြည်သူတွေရဲ့အဆုံးအဖြတ်ပါပြတ်သားတဲ့စကား ပြောသွားတာပါနားပေါက်ဟောင်းလောင်းနဲ့စိုက်ကြည့်နေမယ့်အမေအိုမြင်သွားအောင်သားများက စစ်အာဏာရှင်အပင်ကိုအပြိုအလဲဆက်ခုတ်ပြကြမယ့်ပွဲပါ ။

#မင်းကိုနိုင်

Crd

Leave a Reply

Your email address will not be published.