



Unicode
တံတားသိမ်းတိုက်ပွဲကို ‘ပျော်တယ်ဟေ့ ‘ဟု မှတ်ချက်ပြုသူကို ဖမ်း
ဆင်ဖြူရှင်တံတားဂိတ်စခန်းအား PDF များတိုက်ခိုက်သိမ်းပိုက်သည့်သတင်းအား ဖေ့စ်ဘွခ် ကွန့်မန့်တွင် ” ပျော်သလားဟေ့ မောင်တို့ရေ ပျော်တယ်ဟေ့” ဟု မန့်သော မိန်းကလေးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသည်။




မုံရွာမြို့နေ Khaing Zar Kyaw အမည်ရှိ အကောင့်ပိုင်ရှင် မိန်းကလေးကို ပရိုဖိုင်လိပ်စာမှတဆင့် ဖမ်းဆီးခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဖမ်းဆီးခြင်းမျိုးကို ယခင်ကလည်း လုပ်ဆောင်ခဲ့ဖူးပြီး မနိုင်၊နိုင်ရာမဲခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
#chindwinpost #ချင်းတွင်းပို့စ်
Crd