ဂင္းနစ္မွတ္တမ္းတြင္ ပါဝင္သည့္ ျမန္မာနိုင္ငံမွ ပုဂၢိဳလ္ထူးတစ္ဦး အေၾကာင္း…

News

ဂင္းနစ္စာအုပ္သည္ တစ္ကမၻာလုံးမွ စံခ်ိန္မ်ားကို မွတ္တမ္းတင္ထားျခင္းျဖစ္ရာ… ျမန္မာနိုင္ငံမွ

ပုဂၢိဳလ္ထူးတစ္ဦးလည္း ပါဝင္ခဲ့ ပါသည္။ အဆိုပါပုဂၢိဳလ္ထူးမွာ မင္းကြန္းတိပိဋကဓရဆရာေတာ္ႀကီး ဦးဝိစိတၱသာရာဘိဝံသ ပင္ျဖစ္ပါသည္။

ဆရာေတာ္ႀကီးသည္ ပိဋကတ္သုံးပုံ၊ စာမ်က္ႏွာေပါင္း (၉၉၃၄) မ်က္ႏွာကို …တခ်က္မွ ေထာက္မ မေပးရဘဲ

အလြတ္အာဂုံေဆာင္နိုင္ေသာေၾကာင့္ .. ကမၻာ့မွတ္ဉာဏ္ အေကာင္းဆုံး ပုဂၢိဳလ္အျဖစ္ ဂင္းနစ္စာအုပ္တြင္ ႏွစ္ႀကိမ္တိုင္ ေဖာ္ျပခံခဲ့ရပါသည္။

ဆရာေတာ္ႀကီး၏ မွတ္ဉာဏ္ကိုခ်ီးက်ဴးလိုလၽွင္ တိပိဋကဓရေရြးခ်ယ္ေရး စာေမးပြဲအေၾကာင္းကို သိထားသင့္ပါသည္။

ဤစာေမးပြဲသည္ ပိဋကတ္သုံးပုံကို ႏႈတ္ေျဖ၊ ေရးေျဖေျဖဆိုရေသာ စာေမးပြဲျဖစ္ၿပီး …

ကမၻာေပၚတြင္ အခက္ခဲဆုံးႏွင့္ ရက္အၾကာဆုံးစာေမးပြဲႀကီး ျဖစ္ပါသည္။

မည္မၽွခက္ခဲပါသနည္းဆိုလၽွင္ … စတင္စစ္ေဆးေသာ ျမန္မာႏွစ္ … ၁၃၁၀-မွ ၁၃၆၂- အထိ ၅၃-ႏွစ္အတြင္း

ေအာင္ျမင္သူ ၉-ဦးသာရွိခဲ့ပါသည္။ စာေမးပြဲေအာင္မွတ္မွာ အမွတ္၁၀၀-တြင္ ၇၅-မွတ္ရမွသာ ေအာင္ျမင္ပါသည္။

ပိဋကတ္သုံးပုံကို အလြတ္ရြတ္ဆိုရာတြင္ နံနက္ ၈-နာရီမွ၁၀-နာရီအထိ တႀကိမ္၊

ေန႔လယ္ ၁-နာရီမွ၄-နာရီအထိ တႀကိမ္၊ တစ္ေန႔လၽွင္ ၂-ႀကိမ္ခြဲ၍ စာျပန္ရပါသည္။

သတ္မွတ္ထားေသာ အခ်ိန္အတြင္း သတ္မွတ္ထားေသာ စာမ်က္ႏွာအေရအတြက္ကိုၿပီးေအာင္ျပန္ဆိုရပါသည္။

အခ်ိန္ကိုက္ စာမျပန္နိုင္လၽွင္ စာေမးပြဲက်ပါသည္။ တေန႔လုံး အတြက္စာ ၅-ခါ ေထာက္ေပးခြင့္ရွိပါသည္။

၅-ခါထက္ပို၍ ေထာက္ေပးရလၽွင္ စာေမးပြဲ က်ပါသည္။ စာကို အလြတ္ရြတ္ဆိုရင္း ဝါက်တစ္ခု ေက်ာ္သြားပါက

စာေမးပြဲက်ပါသည္။ ထို႔ေၾကာင့္ ကမၻာ့အခက္ဆုံး စာေမးပြဲႀကီးဟု ဆိုရျခင္းျဖစ္ပါသည္။

မင္းကြန္းတိပိဋကဓရဆရာေတာ္ႀကီးသည္ အဆိုပါ စာေမးပြဲႀကီးတြင္ စာမ်က္ႏွာ၉၉၃၄-မ်က္ႏွာလုံးကို …

တခ်က္မွ ေထာက္မ မေပးရဘဲ အလြတ္ရြတ္ဆိုနိုင္ခဲ့ပါသည္။ထိုမၽွမကေသး -စာအုပ္မူကြဲ အမ်ိဳးမ်ိဳးရွိပါက …

မည္သည့္စာအုပ္၊ စာမ်က္ႏွာမည္မၽွ၊ စာေၾကာင္းေရမည္မၽွတြင္ မည္သို႔ဆိုသည္ မည္သည့္စာအုပ္က အမွန္ ျဖစ္သည္ဟူသည္အထိ

ေထာက္ျပနိုင္ေလာက္ေအာင္ ပညာဉာဏ္ႀကီးမားလြန္းလွပါသည္။ေရးေၿဖ ေျဖဆိုရာ၌လည္း သီလကၡႏၡဝဂ္ – ၉၃-မွတ္၊

မဟာဝဂ္ – ၉၇-မွတ္၊ ပါတိကဝဂ္ – ၉၇-မွတ္၊ ပါရာဇိကဏ္ – ၈၉-မွတ္၊ ပါစိတ္ပါဠိေတာ္ – ၉၉-မွတ္၊

မဟာဝဂၢပါဠိေတာ္ – ၉၂-မွတ္၊ စူဠဝဂၢပါဠိေတာ္ – ၉၈-မွတ္၊ ပရိဝါပါဠိေတာ္ – ၁၀၀-မွတ္ စသည္ျဖင့္ ဘာသာတိုင္းကို …

ဂုဏ္ထူးမွတ္ ၈၅-မွတ္ အထက္ျဖင့္ ေျဖဆိုေအာင္ျမင္ခဲ့ပါသည္။ဆရာေတာ္ႀကီးကို ၁၂၇၃၊ တန္ေဆာင္မုန္းလဆန္း ၁၁-ရက္ေန႔တြင္

ျမင္းၿခံၿမိဳ႕နယ္၊က်ည္ပင္ ရြာသူႀကီး ဦးဆုံ၊ ေဒၚဆင္တို႔မွ ဖြါးျမင္ခဲ့ပါသည္။ ငယ္မည္ ေမာင္ခင္ျဖစ္ပါသည္။

၇-ႏွစ္သား အရြယ္တြင္ သာမေဏဝတ္ခဲ့ၿပီး ၁၅-ႏွစ္သားတြင္ ပထမငယ္တန္း၊ ၁၆-ႏွစ္သားတြင္

ပထမလတ္တန္း၊ ၂၀-ႏွစ္တြင္ ပထမႀကီးတန္းတို႔ကို ေအာင္ျမင္ခဲ့ပါသည္။

၁၂၉၅-တြင္ အစိုးရပထမႀကီးတန္းကို ပထမေက်ာ္ဟူေသာ ဘြဲ႕ထူးျဖင့္ အျမင့္ဆုံး ေအာင္ျမင္ခဲ့ပါသည္။

ထိုႏွစ္တြင္ပင္ သက်သီဟစာသင္တန္းကိုလည္းေကာင္း၊ ၁၂၉၆-တြင္ စာခ်တန္းကို လည္းေကာင္း တဆက္တည္းေအာင္ျမင္၍

ဝဋံသကာ(ဦးေဆာက္ပန္းဘြဲ႕) ျဖင့္ ခ်ီးက်ဴး ပူေဇာ္ျခင္းခံခဲ့ရပါသည္။ ပိဋကတ္သုံးပုံကို အေထာက္အမကင္းစြာ

အာဂုံျပန္ဆို နိုင္ေသာေၾကာင့္ …တရားဘ႑ာစိုးဟုအဓိပၸယ္ရေသာ …တိပိဋကဓရဓမၼဘ႑ာဂါရိကဘြဲ႕ကို …ဆက္ကပ္ျခင္းခံခဲ့ ရပါသည္။

ဆ႒သံဂါယနာတင္ပြဲႀကီးတြင္လည္း … မဟာစည္ဆရာေတာ္ႀကီး ေမးသမၽွကို … တလုံးတပါဒမၽွ

ထစ္ေငါ့ျခင္းမရွိဘဲ ေျဖဆိုေတာ္မူ၍ ဆ႒သဂၤတိဝိႆဇၨကအျဖစ္ ေဆာင္ရြက္ ခဲ့ပါသည္။

ထို႔ျပင္စာမ်က္ႏွာေပါင္း ၅၀၀၀ ေက်ာ္ရွိေသာ မဟာဗုဒၶဝင္က်မ္းႀကီးမ်ားကိုလည္း ျပဳစုခဲ့ပါသည္။

ထို႔ေၾကာင့္လည္း အစိုးရအဆက္ဆက္က ဆရာေတာ္ႀကီးကို ဘြဲ႕ထူးအမ်ိဳးမ်ိဳးျဖင့္ ခ်ီးက်ဴး ပူေဇာ္ခဲ့ၾကပါသည္။

သာသနာ့အာဇာနည္ အဂၢမဟာပ႑ိတ၊ အဘိဓဇ မဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊

တိပိဋကဓရ ဓမၼဘ႑ာဂါရိက၊ ဆ႒သဂၤါယနာ ဝိႆဇၨက၊ နိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕

အက်ိဳးေတာ္ေဆာင္ခ်ဳပ္ဆရာေတာ္ႀကီးဦးဝိစိတၱသာရာဘိဝံသသည္ ၉-၂-၁၉၉၃၊

အဂၤါေန႔ ညေန၊ ၄-နာရီ ၄၀-မိနစ္တြင္ ဘဝနတ္ထံ ျပန္လြန္ေတာ္မူခဲ့ပါသည္။

Credit – Original Writer

unicode

ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာ… မြန်မာနိုင်ငံမှ

ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသ ပင်ဖြစ်ပါသည်။

ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို …တချက်မှ ထောက်မ မပေးရဘဲ

အလွတ်အာဂုံဆောင်နိုင်သောကြောင့် .. ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။

ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်းကို သိထားသင့်ပါသည်။

ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး …

ကမ္ဘာပေါ်တွင် အခက်ခဲဆုံးနှင့် ရက်အကြာဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။

မည်မျှခက်ခဲပါသနည်းဆိုလျှင် … စတင်စစ်ဆေးသော မြန်မာနှစ် … ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း

အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင် ၇၅-မှတ်ရမှသာ အောင်မြင်ပါသည်။

ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တကြိမ်၊

နေ့လယ် ၁-နာရီမှ၄-နာရီအထိ တကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။

သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက်ကိုပြီးအောင်ပြန်ဆိုရပါသည်။

အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တနေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင့်ရှိပါသည်။

၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ဝါကျတစ်ခု ကျော်သွားပါက

စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။

မင်းကွန်းတိပိဋကဓရဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို …

တချက်မှ ထောက်မ မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ထိုမျှမကသေး -စာအုပ်မူကွဲ အမျိုးမျိုးရှိပါက …

မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ

ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ရေးဖြေ ဖြေဆိုရာ၌လည်း သီလက္ခန္ခဝဂ် – ၉၃-မှတ်၊

မဟာဝဂ် – ၉၇-မှတ်၊ ပါတိကဝဂ် – ၉၇-မှတ်၊ ပါရာဇိကဏ် – ၈၉-မှတ်၊ ပါစိတ်ပါဠိတော် – ၉၉-မှတ်၊

မဟာဝဂ္ဂပါဠိတော် – ၉၂-မှတ်၊ စူဠဝဂ္ဂပါဠိတော် – ၉၈-မှတ်၊ ပရိဝါပါဠိတော် – ၁၀၀-မှတ် စသည်ဖြင့် ဘာသာတိုင်းကို …

ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင်

မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွါးမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။

၇-နှစ်သား အရွယ်တွင် သာမဏေဝတ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင်

ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။

၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။

ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း တဆက်တည်းအောင်မြင်၍

ဝဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့် ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ

အာဂုံပြန်ဆို နိုင်သောကြောင့် …တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော …တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို …ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။

ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း … မဟာစည်ဆရာတော်ကြီး မေးသမျှကို … တလုံးတပါဒမျှ

ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိဝိဿဇ္ဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။

ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓဝင်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။

ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။

သာသနာ့အာဇာနည် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ဝိဿဇ္ဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့

အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီးဦးဝိစိတ္တသာရာဘိဝံသသည် ၉-၂-၁၉၉၃၊

အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘဝနတ်ထံ ပြန်လွန်တော်မူခဲ့ပါသည်။

Credit

Leave a Reply

Your email address will not be published.