ကမ္ဘာကြီးရဲ့ မည်သည့်နေရာမဆို အင်တာနက် သုံးလို့ရတယ်ဆိုတဲ့ တယ်စလာဖုန်း ကောလဟာလ
Ref တွေးပြီးမှယုံ
နည်းပညာမြင့် လျှပ်စစ်ကားတွေထုတ်၊ အာကာသတခွင်မှာ ဒုံးပျံတွေလွှတ်နေတဲ့ သန်းကြွယ်သူဌေး အီလွန်မက်စ် ရဲ့ တယ်စလာ ကုမ္ပဏီကနေ




Tesla Pi Smartphone တလုံးကို ထုတ်လုပ်လိုက်တယ်ဆိုတဲ့ ကောလဟလာ တခု လူမှုကွန်ရက်မှာ တဟုန်ထိုးပြန့်နှံ့နေပါတယ်။
သတင်းတုကို အများစုကတော့ ပြန်လည်ကူးယူဖော်ပြကြတာကို တွေ့နေရသလို Blue Mark ရထားတဲ့ ဖေ့ဘွတ်ခ်အကောင့် တချို့ကနေတောင် ဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံကနေ Tesla ကုမ္ပဏီရဲ့ Website မှာ သွားရောက်ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ရပါဘူး။
ဒီလိုပဲ ကုမ္ပဏီတည်ထောင်သူ Elon Musk ရဲ့ Twitter, Instagram စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာလည်း ဒီအကြောင်းကို တစုံတရာ ထုတ်ဖော်ပြောဆိုထားတာမျိုး မတွေ့ရခဲ့ပေ။




နည်းပညာနယ်ပယ်က သတင်းအကြောင်းအရာတွေကို အဓိက ဖော်ပြပေးနေတဲ့ Teachtimes ရဲ့ ဝက်ဆိုက်ဘ်မှာဆိုရင်လည်း ဒါဟာ
ယခုအချိန်ထိတိုင် တာဝန်ရှိသူတွေ တဦးတယောက်ကမှ တရားဝင်ထုတ်ပြောထားတာမျိုး မရှိသေးတဲ့ အတွက် ကောလဟာလ တခုသာဖြစ်တယ်လို့ ဆိုထားပါတယ်။
Link – https://www.techtimes.com/amp/articles/271732/20220211/tesla-phone-price-tesla-model-pi-tesla-phone-pi-tesla-phone-availability-tesla-phone-announcement-tesla-phone-as-key.htm
ဒါကြောင့် Tesla ကုမ္ပဏီကနေ နည်းပညာမြင့် စမတ်ဖုန်းတလုံးကို ထုတ်လုပ်လိုက်တယ်ဆိုတာ အခုအချိန်ထိတော့ ကောလဟာလ တခုသာဖြစ်နေပါသေးတယ်။




ဒီလိုသတင်းမှားတွေကြောင့် သတင်းမှန်တွေကို ဖုံးလွှမ်းသွားစေသလို သတင်းစီးဆင်းမှုကိုလည်း ထိခိုက်စေပါတယ်။
#factcheck
#thinkbeforeyoutrust
Crd