PDF အပါအဝင် လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ အလင်းဝင်လိုသူများအား…see more

News

PDF အပါအဝင် လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ အလင်းဝင်လိုသူများအား…see more

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဥ်များ၌ ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက် နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက

PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှပြန်လည်ဝင်ရောက်လိုသူများအား ကြိုဆိုလက်ခံသွားမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ မှအသိပေးထုတ်ပြန်ခဲ့သည်။

နစက ၏ထုတ်ပြန်ချက်တွင် နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊တိုင်းရင်းသားအရေးအရသ ဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအား ထိခိုက်ခဲ့ရသည်ဟု ရေးသားထားသည်။

ထို့ပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့မှ နိုင်ငံတော်အလုံးစုံပျက်သုံးရေးအားဦးတည်ကာ အကြမ်းဖက်သတ်ဖြတ်မှုများလုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးအမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်မှုများအား ပြုလုပ်လာခဲ့ကြသည်ဟု အသိပေးထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထိုသို့ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ဒီမိုကရေစီထွန်းကားရေးအား ထိခိုက်နှောင့်နှေးစေမည်ဖြစ်သည်ဟု နစက ၏ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် နစက မှချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ် ၅ ရပ်အနက် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့်

ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေးဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်အရနှင့်”စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်အား

တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး” ဟူသည့် နိုင် ငံရေးဦးတည်ချက်အရ စစ်မှန်၍စည်းကမ်းပြည့်ဝသည့်

ပါတီစုံဒီမိုကရေစီစနစ်အား ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ပြည့်အင်အားသည် ပြည် တွင်းမှာသာရှိသည်ဆိုသည့် အချက်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု နစက ၏ ထုတ်ပြန်ချက်၌ ရေးသားထား သည်။
Crd

Leave a Reply

Your email address will not be published.