တော်လှန်ရေးကာလပညာသင်ယူသင်ကြားမှုပြုလုပ်ခြင်းသည်တော်လှန်ရေးကိုအားလျော့သွားစေသလား?

News

တော်လှန်ရေးကာလပညာသင်ယူသင်ကြားမှုပြုလုပ်ခြင်းသည်တော်လှန်ရေးကိုအားလျော့သွားစေသလား???

ပညာရေးဟာနိုင်ငံရေးဖြစ်တယ်။နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဆုတ်ယုတ်မှုဟာပညာရေးနဲ့တိုက်ရိုက်အချိုးကြတယ်။ကျွန်မတို့တော်လှန်ရေးကြီးဘာလို့ကြာနေရလဲဆိုတော့ပညာမတတ်တဲ့လူများနေလို့ပဲဖြစ်တယ်။စာအုပ်ထဲကစာကိုအလွတ်အာဂုံဆောင်တတ်တာကိုပညာတတ်အဖြစ်မှတ်ယူတဲ့နိုင်ငံဖြစ်လို့အမှားအမှန်ကိုခွဲခြားနိုင်စွမ်းမရှိလို့ဖြစ်ပါတယ်။

စစ်ဘေးရောဂါဘေးကြောင့်ပညာသင်ယူခွင့်ဆုံးရှုံးတယ်ဆိုတာ၁၉ရာစုမှာကျန်ခဲ့ပါပြီ။အခု၂၁ရာစုမှာခလုတ်တစ်ချက်နှိပ်ရုံနဲ့ပညာသင်ယူမှုအခွင့်အလမ်းတွေအများကြီးပါ။အင်တာနက်လိုင်းမမိဘူးဆိုလည်းမိတဲ့နေရာကနေVideo Lesson တွေသယ်ယူမယ်ပြန်ပြီးပို့ချမယ်။ ပညာဖြန့်ဖြူးနိုင်တဲ့လူသားအရင်းအမြစ်တွေ(ဆရာတွေ)ရှိမယ်ဆိုရင်သင်ယူခွင့်ရနေပါပြီ။

ကြားကာလမှာပညာသင်ယူတာ Federal Schoolတွေဖွင့်တာဟာ ပညာရေးအားလျှော့သွားတယ်ဆိုတဲ့ပြောဆိုမှုကိုကျွန်မတို့ လက်မခံပါ။ဒီကျောင်းတွေကြောင့်တော်လှန်ရေးကြီးပိုမိုအားကောင်းလာတာပါ။

ကျွန်မတို့ကလေးတွေကိုBrain wash လုပ်ချင်ကြတယ်။ကျွန်မတို့ကလုပ်ခွင့်မပေးဘူးအတွေးအခေါ်ခံယူချက်မြင့်မားတဲ့လူသားတွေအဖြစ်ကျွန်မတို့ကဖန်တီးပေးတယ်။ဒါဟာကျွန်မတို့အတွက်သိမ့်မွှေ့နက်နဲတဲ့တော်လှန်ခြင်းအနုပညာဖြစ်တယ်။

တောထဲမှာလက်နက်ကိုင်ပြီးရှေ့ဆုံးကတိုက်ပွဲဝင်နေတဲ့ ကျွန်မတို့ကလေးတွေရှိပါတယ်။အဖြူ အစိမ်းချွတ်ခဲ့ပြီးတိုက်ပွဲဝင်နေတဲ့ကလေးတွေပေါ့။သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုမှာ နောင်လာနောင်သားတွေအတွက်ကောင်းမွန်တဲ့ ပညာရေးကောင်းမွန်တဲ့ အနာဂတ် ဖြစ်ထွန်းလာရင်သူတို့ကျေနပ်လိုက်မယ်ထင်ပါတယ်။ပေးဆပ်သူတွေရဲ့ နှလုံးသားတွေလေ သူတို့ကျတော့စာသင်ရတယ်ငါတို့ကတော့စာမသင်ရဘူးသေနတ်ကိုင်ရတယ်ဆိုတဲ့နှလုံးသားသူတို့ဆီမှာမရှိကြပါဘူး။ ကျွန်မတို့ဉီးညွှတ်လေးစားရတဲ့ကျွန်မတို့တပည့်တွေဖြစ်ပါတယ်။

ကျွန်မတို့ဟာလက်နက်ကိုင်ပြီးတိုက်ပွဲမဝင်နိုင်ပါဘူးဖောင်တိန်ကိုင်ပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်။ကီးဘုတ်ကိုင်ပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်။ယနေ့ခေတ် Version ပြောင်းပြီးပြောရမယ်ဆိုရင် ကီးဘုတ်တစ်ချက်ခေါက်ရင် မီးဟုန်းဟုန်းတောက်သွားစေရမယ်။

Tr Tracy (Kaung For You )
Credit

Leave a Reply

Your email address will not be published.