သံဃာ့တန်ဖိုးဟူသည်….အရှင်ဣန္ဒောဘာသ(ဓမ္မသုခ-ကံမ)၏ ဆောင်းပါး

News

သံဃာ့တန္ဖိုးဟူသည္….

ျမန္မာႏိုင္ငံတြင္ ဗုဒၶဘာသာဝင္မ်ားက ရဟန္းသံဃာေတာ္မ်ားကို တန္ဖိုးထားတတ္ၾက၏။ သာမေဏမ်ားကိုလည္း တန္ဖိုးထားၾကသည္ပင္ျဖစ္၏။

ဤသို႔ တန္ဖိုးထားၾကရာ၌ တခ်ိဳ႕က သံဃာေတာ္မ်ား၏တန္ဖိုးကို နားလည္ျခင္းေၾကာင့္ျဖစ္၏။ တခ်ိဳ႕က တန္ဖိုးနားမလည္ေသာ္လည္းတန္ဖိုးထားေကာင္းမွန္းသိၾကေသာေၾကာင့္ တန္ဖိုးထားတတ္ၾကေလ၏။

သံဃာ့တန္ဖိုးကို နားလည္သူမ်ား၏ အျမင္အရ သံဃာဟူသည္ ျမတ္ဗုဒၶ၏ တပည့္အဆက္အႏြယ္ျဖစ္၏။ ျမတ္ဗုဒၶေဟာၾကားထားေသာ တရားေတာ္မ်ားကို ယေန႔တိုင္မကြယ္ေပ်ာက္ေအာင္ထိန္းသိမ္းခဲ့ၾကသည့္အတြက္ ယင္းသံဃာေတာ္မ်ား၏ ေက်းဇူးေတာ္ကိုေကာင္းစြာဆင္ျခင္မိ၏။

အမွန္အားျဖင့္ သံဃာေတာ္မ်ား ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့ေသာယင္းဓမၼအလင္းေရာင္မ်ားေၾကာင့္ ျမတ္ဗုဒၶပရိနိဗၺာန္ျပဳၿပီး ႏွစ္ေပါင္းမ်ားစြာၾကာသည့္တိုင္ ဗုဒၶတရားေတာ္မ်ားမွရေသာ ဘဝအသိကို လက္ေတြ႕ဘဝ၌ အသုံးျပဳေသာအခါတကယ္တမ္းၿငိမ္းေအးခ်မ္းသာမႈ ေပးစြမ္းႏိုင္ပုံကိုကိုယ္ေတြ႕သိျမင္ရ၏။

ထို႔ေၾကာင့္ အစဥ္အဆက္ထိန္းသိမ္းခဲ့ေသာ သံဃာေတာ္မ်ား၏ အတိုင္းမသိေသာ ေက်းဇူးေတာ္မ်ားကို တန္ဖိုးထားၾကျခင္းျဖစ္ပါ၏။

ေလာကတြင္ အျမတ္ဆုံးေသာ ရတနာသုံးပါးရွိ၏။ ယင္းတို႔မွာ ဘုရား၊ တရား၊ သံဃာ တို႔ျဖစ္၏။ ဓမၼကို ဗုဒၶက ေဖာ္ထုတ္ခဲ့၏။ ျမတ္ဗုဒၶေဖာ္ထုတ္ခဲ့ေသာ ဓမၼကို သံဃာမ်ားက လိုက္နာဆည္းပူး၍ ထိန္းသိမ္းေစာင့္ေရွာက္၏။ ဓမၼမရွိလွ်င္ တေလာကလုံး ကေမာက္ကမ ျဖစ္သြားေပလိမ့္မည္။

ဤသို႔မျဖစ္ရေအာင္ ဓမၼကထိန္းခ်ဳပ္ေပး၏။ သို႔အတြက္ ဓမၼ မေပ်ာက္ကြယ္ေရးအတြက္ သံဃာမ်ားက တာဝန္ယူထားၾက၏။ ထို႔ေၾကာင့္ ဘုရား တရား သံဃာသည္ ေလာကအတြက္ ေက်းဇူးရွင္မ်ားျဖစ္ၾကေလ၏။

သာသနာႏွစ္ ႏွစ္ေထာင့္ငါးရာေက်ာ္ခဲ့ၿပီျဖစ္သည္။ ယေန႔ကာလအထိ ဗုဒၶဘာသာဝင္အဆက္ဆက္တို႔သည္သံဃာမ်ားအေပၚ တန္ဖိုးထားခဲ့ၾကသည္ခ်ည္းျဖစ္၏။

ယေန႔ေခတ္၌လည္း ဘာသာဝင္မ်ား၏ တန္ဖိုးထားမႈသည္ အထြတ္အထိပ္သို႔ တိုးတက္မလာေစကာမူ ေအာက္တန္းမက်ေသာအေျခအေနတြင္ ရွိပါေသး၏။

ထို႔ေၾကာင့္ အမ်ိဳးဘာသာသာသနာအတြက္ တကယ့္ကို လိုအပ္လို႔၊ တာဝန္ရွိလို႔ တာဝန္သိသိနဲ႔ တာဝန္ယူေနဆဲျဖစ္သည့္ ဗန္းေမာ္ဆရာေတာ္ႀကီး၊ သီတဂူဆရာေတာ္ႀကီး၊ ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီး၊

ဖားေအာက္ေတာရဆရာေတာ္ႀကီး၊ အင္းစိန္႐ြာမဆရာေတာ္ႀကီးစသည့္ သာသနာ့ဦးေလွ်ာင္ ဆရာေတာ္ႀကီးမ်ား အႀကီးအမႈးျပဳ၍ သံဃာေတာ္မ်ား၏ ၾသဝါဒအဆုံးအမမ်ား၊ ဆႏၵသေဘာထားမ်ားကို တေသြမတိမ္း

ယုံၾကည္လိုက္နာ၍ မိမိတို႔ဘိုးဘြားအစဥ္အဆက္က ပခုံးေျပာင္းတာဝန္ယူလာခဲ့သည့္ အမ်ိဳးဘာသာသာသနာေတာ္ႀကီးကိုကာကြယ္ေစာင့္ေရွာက္ႏိုင္ၾကပါေစ ……

အရွင္ဣေႏၵာဘာသ(ဓမၼသုခ-ကံမ)၏ ေဆာင္းပါးကို ျပန္လည္မွ်ေဝပါသည္။

Unicode

သံဃာ့တန်ဖိုးဟူသည်….

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာတော်များကို တန်ဖိုးထားတတ်ကြ၏။ သာမဏေများကိုလည်း တန်ဖိုးထားကြသည်ပင်ဖြစ်၏။

ဤသို့ တန်ဖိုးထားကြရာ၌ တချို့က သံဃာတော်များ၏တန်ဖိုးကို နားလည်ခြင်းကြောင့်ဖြစ်၏။ တချို့က တန်ဖိုးနားမလည်သော်လည်းတန်ဖိုးထားကောင်းမှန်းသိကြသောကြောင့် တန်ဖိုးထားတတ်ကြလေ၏။

သံဃာ့တန်ဖိုးကို နားလည်သူများ၏ အမြင်အရ သံဃာဟူသည် မြတ်ဗုဒ္ဓ၏ တပည့်အဆက်အနွယ်ဖြစ်၏။ မြတ်ဗုဒ္ဓဟောကြားထားသော တရားတော်များကို ယနေ့တိုင်မကွယ်ပျောက်အောင်ထိန်းသိမ်းခဲ့ကြသည့်အတွက် ယင်းသံဃာတော်များ၏ ကျေးဇူးတော်ကိုကောင်းစွာဆင်ခြင်မိ၏။

အမှန်အားဖြင့် သံဃာတော်များ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သောယင်းဓမ္မအလင်းရောင်များကြောင့် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းများစွာကြာသည့်တိုင် ဗုဒ္ဓတရားတော်များမှရသော ဘဝအသိကို လက်တွေ့ဘဝ၌ အသုံးပြုသောအခါတကယ်တမ်းငြိမ်းအေးချမ်းသာမှု ပေးစွမ်းနိုင်ပုံကိုကိုယ်တွေ့သိမြင်ရ၏။

ထို့ကြောင့် အစဉ်အဆက်ထိန်းသိမ်းခဲ့သော သံဃာတော်များ၏ အတိုင်းမသိသော ကျေးဇူးတော်များကို တန်ဖိုးထားကြခြင်းဖြစ်ပါ၏။

လောကတွင် အမြတ်ဆုံးသော ရတနာသုံးပါးရှိ၏။ ယင်းတို့မှာ ဘုရား၊ တရား၊ သံဃာ တို့ဖြစ်၏။ ဓမ္မကို ဗုဒ္ဓက ဖော်ထုတ်ခဲ့၏။ မြတ်ဗုဒ္ဓဖော်ထုတ်ခဲ့သော ဓမ္မကို သံဃာများက လိုက်နာဆည်းပူး၍ ထိန်းသိမ်းစောင့်ရှောက်၏။ ဓမ္မမရှိလျှင် တလောကလုံး ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။

ဤသို့မဖြစ်ရအောင် ဓမ္မကထိန်းချုပ်ပေး၏။ သို့အတွက် ဓမ္မ မပျောက်ကွယ်ရေးအတွက် သံဃာများက တာဝန်ယူထားကြ၏။ ထို့ကြောင့် ဘုရား တရား သံဃာသည် လောကအတွက် ကျေးဇူးရှင်များဖြစ်ကြလေ၏။

သာသနာနှစ် နှစ်ထောင့်ငါးရာကျော်ခဲ့ပြီဖြစ်သည်။ ယနေ့ကာလအထိ ဗုဒ္ဓဘာသာဝင်အဆက်ဆက်တို့သည်သံဃာများအပေါ် တန်ဖိုးထားခဲ့ကြသည်ချည်းဖြစ်၏။

ယနေ့ခေတ်၌လည်း ဘာသာဝင်များ၏ တန်ဖိုးထားမှုသည် အထွတ်အထိပ်သို့ တိုးတက်မလာစေကာမူ အောက်တန်းမကျသောအခြေအနေတွင် ရှိပါသေး၏။

ထို့ကြောင့် အမျိုးဘာသာသာသနာအတွက် တကယ့်ကို လိုအပ်လို့၊ တာဝန်ရှိလို့ တာဝန်သိသိနဲ့ တာဝန်ယူနေဆဲဖြစ်သည့် ဗန်းမော်ဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်ကြီး၊

ဖားအောက်တောရဆရာတော်ကြီး၊ အင်းစိန်ရွာမဆရာတော်ကြီးစသည့် သာသနာ့ဦးလျှောင် ဆရာတော်ကြီးများ အကြီးအမှုးပြု၍ သံဃာတော်များ၏ သြဝါဒအဆုံးအမများ၊ ဆန္ဒသဘောထားများကို တသွေမတိမ်း

ယုံကြည်လိုက်နာ၍ မိမိတို့ဘိုးဘွားအစဉ်အဆက်က ပခုံးပြောင်းတာဝန်ယူလာခဲ့သည့် အမျိုးဘာသာသာသနာတော်ကြီးကိုကာကွယ်စောင့်ရှောက်နိုင်ကြပါစေ ……

အရှင်ဣန္ဒောဘာသ(ဓမ္မသုခ-ကံမ)၏ ဆောင်းပါးကို ပြန်လည်မျှဝေပါသည်။

Crd

Leave a Reply

Your email address will not be published.