“ဟား..ဟား..အဂ်လန်လည်း မီးပျက်တာပဲဗျို့ “လို့ဆိုပြီး ဖွဘုတ်ပေါ်တင် ဟားတိုက်ဖို့ပြင်နေတုန်း……….ပါးစပ်ပိတ်လိုက်ရတဲ့အဖြစ်

News

စစ်ကောင်စီမှ ဆီရောင်းချသူများကို အစည်းအဝေးခေါ်ပြီးနောက် ဆီဆိုင်အားလုံး အရောင်းရပ်နားသွား

ကျော်လင်း/ဧရာဝတီတိုင်းမ်

မော်ကျွန်း၊ ဇွန်လ ၉ ရက်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီက ယမန်နေ့ ဇွန်လ ၈ ရက်နေ့ည ၁၂ နာရီအချိန်တွင် စက်သုံးဆီရောင်းချသူမျးအားအား ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ယနေ့မနက်တွင် ဆီဆိုင်အားလုံး အရောင်းရပ်နားသွား၍ စက်သုံးဆီဝယ်မရတော့ဘူးလို့ ဒေသခံများထံမှသိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် စစ်ကောင်စီက အစည်းအဝေးမှာ စက်သုံးဆီရောင်းချသူများအား မည်ကဲသို့ ပြောဆိုခဲ့သည်ကို မသိရသော်လည်း ယနေ့မနက်မှစ၍ ဒီဇယ်၊ ဓါတ်ဆီ များ ဝယ်မရတော့ဖြစ်တယ်လို့ မြို့ခံအချို့က ဆိုပါတယ်။

” မနက်ကျမှ ဆိုင်ကယ် ဓာတ်ဆီလိုက်ထည့်လို့ ရောင်းတဲ့ဆိုင် တစ်ဆိုင်မှမရှိတာကို သိရတယ်။ အမလဲ ကမ်းနားဘက်ကိုပြေးသွားဝယ်တာပေါ့ ပိုဆိုးပါတယ်။ တောက လာတဲ့စက်လှေ လိုင်းကောင်တွေ ဆီဝယ်မရလို့ ဘယ်လိုရွာပြန်ရမှန်းတောင်မသိဖြစ်နေကြတယ်။

တစ်မြို့လုံးကို ရောင်းမယ့်ဆိုင်မရှိတော့တာကို ဘာဖြစ်တာလဲလို့ မေးကြည့်တော့။ မြို့နယ်ရုံးမှာညကအစည်းအဝေးခေါ်လို့ ပြီးတော့ မရောင်းရဲကတော့တာလို့ သိရတယ်”ဟု မြိုခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဧရာဝတီတိုင်းက မြို့ကြီးတွေမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၂၇၀၀ ဝန်းကျင် အထိ ပေးဝယ်နေရပြီး အကန့်အသတ်နဲ့သာ ရောင်းချနေတာဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published.