စစ်ကောင်စီ ပြုလုပ်မည့်ရွေးကောက်ပွဲ နည်းမျိုးစုံဖြင့်ဆန့်ကျင်သွားမည်ဟု DPNS ဆို

News

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၂

စစ်ကောင်စီက လာမည့် ၂၀၂၃ ဩဂုတ်လအတွင်း ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေမှုအား နည်းမျိုးစုံဖြင့် ဆန့်ကျင်သွားမည် ဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-ဌာနချုပ် (DPNS) က ယနေ့ ထုတ်ပြန်လိုက်သည်။

၎င်းတို့ အင်အားစုများ အနေဖြင့် တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီအား အသိအမှတ် မပြုရုံမက စစ်ကောင်စီ ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်းတို့ ကမကထပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် လက်ရှိ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုတရပ်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်ပို့ရန် ကြံစည်အားထုတ်မှုတရပ်သာ ဖြစ်သည်ဟုလည်း DPNS က ဆိုထားသည်။

၂၀၀၈ အခြေခံဥပဒေ အပြီးအပိုင်ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များကို ဆန့်ကျင်ဖျက်ဆီးရန်၊ အင်အားစုအသီးသီးကြား အတွေးအကြံများ ရှုပ်ထွေးသွားစေရန်၊ သွေးစည်းညီညွတ်ရေး လျော့ရဲသွားစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲကို စီစဉ်ခြင်း ဖြစ်ကြောင်းလည်း သုံးသပ်ရေးသားထားသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှုအဖွဲ့အစည်း၊ သပိတ်အင်အားစုများ၊ လူနည်းစုဆိုင်ရာအဖွဲ့အစည်းများအစုအဖွဲ့၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ ပြည်နယ်ဖက်ဒရယ်ယူနစ်အခြေပြုနှင့် လူမျိုးအခြေပြုအဖွဲ့အစည်းများ အစုအဖွဲ့တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် နိုင်ငံရေးပါတီတရပ်အဖြစ် တရားဝင် ပါဝင်နေသည့် ပါတီတခုလည်း ဖြစ်သည်။

ပုံစာ – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်

Crd

Unicode

Leave a Reply

Your email address will not be published.