အားလုံးအတွက် တပ်ချုပ်ကြီး မင်းမော်ကွန်း ရေးလိုက်တဲ့စာ












credit
Unicode
အားလုံးအတွက် တပ်ချုပ်ကြီး မင်းမော်ကွန်း ရေးလိုက်တဲ့စာ
စကတည်းကတရားမျှတမှုမရှိ ဥပဒေနဲ့မညီထင်ရာစိုင်းပြီးလုပ်ချင်တာလုပ်ခဲ့တဲ့ အကြမ်းဖက်ခွေးရူးတွေဆီက
တရားမျှတမှုနဲ့ဥပဒေကိုမျှော်လင့်နေရင်အားလုံးရူးရာကျပါလိမ့်မယ် သေဒါဏ်ကိုအတည်ပြုဖို့




သမ္မတလက်မှတ်ထိုးဖို့လိုတာ သေဒါဏ်မှာအယူခံဝင်ခွင့်ရှိတာ ဘာတစ်ခုမှဂရုစိုက်မှာမဟုတ်ပါဘူး
သူတို့သတ်ချင်ရင်သတ်မှာပါပဲခုမှသေဒါဏ်ဆိုပြီးစောက်ကြီးစောက်ကျယ်လုပ်နေတာ သေဒါဏမပေးလည်း
သတ်တာပါပဲ အစုလိုက်အပြုံလိုက်မီးရို့သတ်တာတွေတောင် အကြိမ်ပေါင်းများစွာကျူးလွန်ခဲ့တာပဲလေ ဒါဆို
ကျွန်တော်တို့ခင်များတို့ဘာမှမတတ်နိုင် ဘာမှမလုပ်ပေးနိုင်တော့ဘူးလား….. မဟုတ်ပါဘူး ကျွန်တော်တို့




အားလုံးလုပ်စရာကတစ်ခုထဲပါပဲ သူတို့ကကြောက်စေချင်ရင် ပို ရဲရင့်ကြသူတို့ကတော်လှန်ရေးကိုအားနဲစေချင်ရင်
အဆပေါင်းများစွာအားကြီးလာအောင်ဆောက်တည်ကြ ဒါပါပဲကိုဂျင်မီအတွက် ဇေယျာသော်အတွက်
သေမိန့်ချခံရသူအားလုံးရှင်သန်ခွင့်ရဖို့အတွက် အဖမ်းဆီးခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပြန်လည်
လွတ်မြောက်ဖို့အတွက် ကျဆုံးခဲ့ရတဲ့သူရဲကောင်းတွေအတွက် အိမ်တွေရွာတွေမီးရှို့ခံရတဲ့ပြည်သူတွေအတွက်




စစ်ဘေးရှောင်တွေအတွက် CDM တွေအတွက် မြို့ပြပျောက်ကျားတွေ PDFတွေအတွက် ပြည်သူအားလုံးအတွက်
လုပ်ရမယ့်တစ်ခုတည်းသောအလုပ်က တော်လှန်ရေးအမြန်ဆုံးအောင်နိုင်ဖို့ပါပဲ အခုလက်ရှိလှူနေကူနေတဲ့သူတွေ
ပိုလှူပိုကူပါ မပါသေးတဲ့သူတွေအေးရာအေးကြောင်း ကိုယ်နဲ့မဆိုင်သလိုမနေပဲ ဝင်ပါပေးကြပါ
ကျွန်တော်တို့တော်လှန်ရေးကြီး အထိအခိုက်အကျအဆုံးများလှပြီဗျာ အမြန်ဆုံးအောင်မြင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ
credit