မသေခင်က ကြိုတင်ပြီး ဗိမာန်ပေါက်နေတဲ့ ဆွမ်းအလှူရှင်ဒကာမကြီး

Knowledge

မေသခင္က ႀကိဳတင္ၿပီး နတ္ျပည္မွာ ဗိမာန္ ေပါက္ေနတဲ့ ဆြမ္းအလႉရွင္

ေညာင္ေလးပင္ေဆး႐ုံေပၚမွာ…သက္႐ြယ္ေတာ္( ၈၉ )ႏွစ္ရွိၿပီျဖစ္တဲ့ဆရာေတာ္ႀကီး ဦးဇာဂရဟာနာမက်န္းျဖစ္လို႔ ေဆးကုသမႈ ခံယူရာကေန တစ္ေန႔မွာေတာ့ သတိလစ္ၿပီး ေမ့ေျမာသြားခဲ့ပါတယ္။

“အင္း…ငါ…ဘယ္ကိုမ်ား ေရာက္ေနပါလိမ့္..ဧကႏၲ…ငါအခု နတ္ျပည္ကို ေရာက္ေနတယ္ ထင္ပါရဲ႕။”သူ႔ဗိမာန္နဲ႔သူ ေစာင္းျငႇင္းပတ္သာ တူရိယာေတြ တီးမႈတ္ ကခုန္ေနလိုက္ၾကတာ။

ေဟာ…ဒီ ဗိမာန္ႀကီးကလည္း ေ႐ႊေရာင္ေတြ ဝင္းထိန္ေနပါေရာလား…နတ္သမီးေတြကလည္း ျပည့္လို႔။ ဘယ္လို ကုသိုလ္ေကာင္းမႈေၾကာင့္မ်ားပါလိမ့္…ငါ ေမးျမန္းၾကည့္ဦးမွပါပဲ။

အို အသင္နတ္သမီးတို႔…ဤဗိမာန္ပိုင္ရွင္ကား မည္သူျဖစ္ပါသလဲ-?မွန္လွပါဘုရား…ဗိမာန္ပိုင္ရွင္က ေရာက္မလာေသးပါ။လူ႔ျပည္မွာပဲ ရွိေနဆဲပါဘုရား။

သက္ေတာ္ျပည့္လို႔ ေန႔ေစ့ကံကုန္မွေရာက္လာမွာမို႔တပည့္ေတာ္မတို႔ ပ်င္းလွပါသည္ဘုရား…လူ႔ျပည္ျပန္ေရာက္တဲ့အခါ ဗိမာန္ပိုင္ရွင္ကိုတပည့္ေတာ္မတို႔ ေစာင့္ေမွ်ာ္ေနတဲ့ အေၾကာင္းေျပာၾကားေပးပါဘုရား…

ေကာင္းပါၿပီ ဒကာမတို႔။ဗိမာန္ပိုင္ရွင္ကို ေျပာၾကားေပးပါ့မယ္။အမည္နာမနဲ႔ ေနထိုင္တဲ့ေနရပ္ေဒသကိုသာေလွ်ာက္ထားပါေလ…

မွန္လွပါဘုရား…ပဲခူးတိုင္း ျဖဴးၿမိဳ႕နယ္ ဝဲႀကီးေအာက္ခုံ႐ြာက ေဒၚကုလားမပါ ဘုရား…ေဟာ…ဆရာေတာ္ႀကီး သတိရလာၿပီေဟ့…

ေမာင္ပၪၨင္းတို႔…ငါေျပာတာကို စာ႐ြက္နဲ႔ ေသခ်ာ လိုက္ေရးထားစမ္းကြဲ႕။ပဲခူးတိုင္း ျဖဴးၿမိဳ႕နယ္ ဝဲႀကီးေအာက္ခုံ႐ြာကေဒၚကုလားမတဲ့…

က်န္းမာေရးအေျခအေန ျပန္ေကာင္းလာတဲ့ အတြက္ ဆရာေတာ္ႀကီးဟာ ေဆး႐ုံကေန ဆင္းၿပီးတဲ့အခါ သူမွတ္ခိုင္းထားတဲ့ လိပ္စာအတိုင္း ရဟန္းေတာ္ ႏွစ္ပါးကို

ေမာင္ပၪၨင္းတို႔…ဗိမာန္ပိုင္ရွင္ဆီကို သြားပါ။ဘာေၾကာင့္မေသခင္ကပဲ နတ္ျပည္မွာ ဗိမာန္ေပါက္တဲ့အထိဘယ္လိုကုသိုလ္ေကာင္းမႈေတြမ်ား ျပဳလုပ္သလဲလို႔ ေသခ်ာေမးျမန္း စုံစမ္းခဲ့ပါ ဆိုၿပီး ခိုင္းလိုက္ပါတယ္။

ဝဲႀကီးေအာက္ခုံ႐ြာမွာ ေဒၚကုလားမကို မသိတဲ့လူ မရွိေပ။ေဒၚကုလားမက မုဆိုးမပါ။သမီးေလးတစ္ေယာက္နဲ႔ ပဲျပဳတ္ေရာင္းစားတယ္တဲ့။

ရဟန္းေတာ္ႏွစ္ပါးဟာ ယိုင္နဲ႔နဲ႔ တဲေလးထဲဝင္သြားၿပီးေဒၚကုလားမနဲ႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေတြ႕တဲ့အခါဆရာေတာ္ႀကီး မိန႔္ၾကားလိုက္တဲ့အတိုင္းအက်ိဳးအေၾကာင္း ေျပာျပၿပီး

ေဒၚကုလားမရဲ႕ ကုသိုလ္ေကာင္းမႈေတြကိုေမးျမန္းၾကပါတယ္။

အရွင္ဘုရားတို႔…တပည့္ေတာ္မက ဆင္းရဲပါတယ္ဘုရား…တျခားသူေတြလို ေထာင္ေသာင္းခ်ီၿပီးမလႉဒါန္းႏိုင္ေပမဲ့မနက္အာ႐ုဏ္တစ္ႀကိမ္ ေန႔ဆြမ္းတစ္ႀကိမ္ေတာ့ ဘုရားရွင္ကို ဆြမ္းကပ္လႉဒါန္းခဲ့ပါတယ္ဘုရား။

ေၾသာ္…ဟုတ္လား…ဒါနဲ႔ ဒကာမႀကီးရဲ႕ဘုရားရွင္ကို ဆြမ္းကပ္လႉဒါန္းပုံကိုဦးဇင္းတို႔ သိပါရေစ ဒကာမႀကီး။ တင္ပါ့ဘုရား…

ဆြမ္းကပ္လႉဒါန္းပုံ

တပည့္ေတာ္မဟာ မနက္အာ႐ုဏ္တက္တာနဲ႔အသင့္ခ်က္ၿပီးတဲ့ဆြမ္းကို စားပြဲခုံနဲ႔ ေသခ်ာျပင္ဆင္ပါတယ္ ဘုရား။လက္ေဆးေတာ္ေရ ေသာက္ေတာ္ေရလက္သုပ္ပုဝါေတြအျပည့္အစုံတင္ၿပီး

သက္ေတာ္ထင္ရွား ဘုရားရွင္ကိုယ္တိုင္ႂကြေရာက္ဘုန္းေပးေနသလို အာ႐ုံျပဳလို႔ဒါက လက္ေဆးေတာ္ပါ ဘုရား ဒါက ေသာက္ေတာ္ေရပါ ဘုရားလို႔ ေလွ်ာက္ထားဆက္ကပ္

အနားကေန ယပ္ခတ္ၿပီးေတာ့ လႉဒါန္းပါတယ္ ဘုရား…တပည့္ေတာ္မလည္း သူမ်ားေတြလိုသားငါးနဲ႔ေသခ်ာခ်က္ျပဳတ္ၿပီး လႉဒါန္းခ်င္ေပမယ့္မတတ္ႏိုင္တဲ့အတြက္ ေန႔စဥ္ ပဲျပဳတ္နဲ႔သာ လႉဒါန္းႏိုင္ပါတယ္။

တခါတရံ ေဈးေရာင္းၿပီးျပန္လာတဲ့အခါ ငႏုပ္ငဖြဲေလးမ်ား ဝယ္လာၿပီးတပည့္ေတာ္တို႔မစားပဲ ဘုရားရွင္ကိုသာ လႉဒါန္းပါတယ္ဘုရား…

ေကာင္းလိုက္တာ ဒကာမႀကီးရယ္…ဦးဇင္းတို႔ လႈိက္လႈိက္လွဲလွဲ သာဓုေခၚပါတယ္။

အင္း…ဒကာမႀကီးရဲ႕ အားႀကီးတဲ့သဒၶါတရားေၾကာင့္ နတ္ျပည္မွာ ဗိမာန္ ႀကိဳေပါက္ေနတာကိုး…

ဒါနဲ႔ ခုလိုလႉဒါန္းခဲ့တာဘယ္ေလာက္မ်ားၾကာၿပီလဲ ဒကာမႀကီး-?မွန္လွပါ…သမီးေလးတစ္သက္ အႏွစ္ႏွစ္ဆယ္ တိုင္ခဲ့ပါၿပီ ဘုရား …

ဒကာမႀကီးရဲ႕ကုသိုလ္ကို ဦးဇင္းတို႔ကိုလည္း အမွ်ေပးေဝပါ ဒကာမႀကီး။သာဓုေခၚဆိုပါရေစေနာ္…

တပည့္ေတာ္မသည္…ဘုရားရွင္အားရည္မွန္း၍ ေန႔စဥ္ဝတ္မျပတ္အာ႐ုဏ္ဆြမ္း ေန႔ဆြမ္းမ်ားဆပ္ကပ္လႉဒါန္းရေသာ ေကာင္းမႈကုသိုလ္အစုစုတို႔ကိုအရွင္ဘုရားတို႔ႏွင့္တကြ

သုံးဆယ့္တစ္ဘုံသား အားလုံးတို႔အား အမွ် အမွ် အမွ်ေပးေဝငွပါကုန္၏။အားလုံးၾကားၾကားသမွ်အမွ် အမွ် အမွ် ယူေတာ္မူၾကပါကုန္ေလာ့…။

Credit

Unicode

မသေခင်က ကြိုတင်ပြီး နတ်ပြည်မှာ ဗိမာန် ပေါက်နေတဲ့ ဆွမ်းအလှူရှင်

ညောင်လေးပင်ဆေးရုံပေါ်မှာ…သက်ရွယ်တော်( ၈၉ )နှစ်ရှိပြီဖြစ်တဲ့ဆရာတော်ကြီး ဦးဇာဂရဟာနာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူရာကနေ တစ်နေ့မှာတော့ သတိလစ်ပြီး မေ့မြောသွားခဲ့ပါတယ်။

“အင်း…ငါ…ဘယ်ကိုများ ရောက်နေပါလိမ့်..ဧကန္တ…ငါအခု နတ်ပြည်ကို ရောက်နေတယ် ထင်ပါရဲ့။”သူ့ဗိမာန်နဲ့သူ စောင်းငြှင်းပတ်သာ တူရိယာတွေ တီးမှုတ် ကခုန်နေလိုက်ကြတာ။

ဟော…ဒီ ဗိမာန်ကြီးကလည်း ရွှေရောင်တွေ ဝင်းထိန်နေပါရောလား…နတ်သမီးတွေကလည်း ပြည့်လို့။ ဘယ်လို ကုသိုလ်ကောင်းမှုကြောင့်များပါလိမ့်…ငါ မေးမြန်းကြည့်ဦးမှပါပဲ။

အို အသင်နတ်သမီးတို့…ဤဗိမာန်ပိုင်ရှင်ကား မည်သူဖြစ်ပါသလဲ-?မှန်လှပါဘုရား…ဗိမာန်ပိုင်ရှင်က ရောက်မလာသေးပါ။လူ့ပြည်မှာပဲ ရှိနေဆဲပါဘုရား။

သက်တော်ပြည့်လို့ နေ့စေ့ကံကုန်မှရောက်လာမှာမို့တပည့်တော်မတို့ ပျင်းလှပါသည်ဘုရား…လူ့ပြည်ပြန်ရောက်တဲ့အခါ ဗိမာန်ပိုင်ရှင်ကိုတပည့်တော်မတို့ စောင့်မျှော်နေတဲ့ အကြောင်းပြောကြားပေးပါဘုရား…

ကောင်းပါပြီ ဒကာမတို့။ဗိမာန်ပိုင်ရှင်ကို ပြောကြားပေးပါ့မယ်။အမည်နာမနဲ့ နေထိုင်တဲ့နေရပ်ဒေသကိုသာလျှောက်ထားပါလေ…

မှန်လှပါဘုရား…ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာက ဒေါ်ကုလားမပါ ဘုရား…ဟော…ဆရာတော်ကြီး သတိရလာပြီဟေ့…

မောင်ပဉ္ဇင်းတို့…ငါပြောတာကို စာရွက်နဲ့ သေချာ လိုက်ရေးထားစမ်းကွဲ့။ပဲခူးတိုင်း ဖြူးမြို့နယ် ဝဲကြီးအောက်ခုံရွာကဒေါ်ကုလားမတဲ့…

ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာတဲ့ အတွက် ဆရာတော်ကြီးဟာ ဆေးရုံကနေ ဆင်းပြီးတဲ့အခါ သူမှတ်ခိုင်းထားတဲ့ လိပ်စာအတိုင်း ရဟန်းတော် နှစ်ပါးကို

မောင်ပဉ္ဇင်းတို့…ဗိမာန်ပိုင်ရှင်ဆီကို သွားပါ။ဘာကြောင့်မသေခင်ကပဲ နတ်ပြည်မှာ ဗိမာန်ပေါက်တဲ့အထိဘယ်လိုကုသိုလ်ကောင်းမှုတွေများ ပြုလုပ်သလဲလို့ သေချာမေးမြန်း စုံစမ်းခဲ့ပါ ဆိုပြီး ခိုင်းလိုက်ပါတယ်။

ဝဲကြီးအောက်ခုံရွာမှာ ဒေါ်ကုလားမကို မသိတဲ့လူ မရှိပေ။ဒေါ်ကုလားမက မုဆိုးမပါ။သမီးလေးတစ်ယောက်နဲ့ ပဲပြုတ်ရောင်းစားတယ်တဲ့။

ရဟန်းတော်နှစ်ပါးဟာ ယိုင်နဲ့နဲ့ တဲလေးထဲဝင်သွားပြီးဒေါ်ကုလားမနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့တဲ့အခါဆရာတော်ကြီး မိန့်ကြားလိုက်တဲ့အတိုင်းအကျိုးအကြောင်း ပြောပြပြီး

ဒေါ်ကုလားမရဲ့ ကုသိုလ်ကောင်းမှုတွေကိုမေးမြန်းကြပါတယ်။

အရှင်ဘုရားတို့…တပည့်တော်မက ဆင်းရဲပါတယ်ဘုရား…တခြားသူတွေလို ထောင်သောင်းချီပြီးမလှူဒါန်းနိုင်ပေမဲ့မနက်အာရုဏ်တစ်ကြိမ် နေ့ဆွမ်းတစ်ကြိမ်တော့ ဘုရားရှင်ကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်ဘုရား။

သြော်…ဟုတ်လား…ဒါနဲ့ ဒကာမကြီးရဲ့ဘုရားရှင်ကို ဆွမ်းကပ်လှူဒါန်းပုံကိုဦးဇင်းတို့ သိပါရစေ ဒကာမကြီး။ တင်ပါ့ဘုရား…

ဆွမ်းကပ်လှူဒါန်းပုံ

တပည့်တော်မဟာ မနက်အာရုဏ်တက်တာနဲ့အသင့်ချက်ပြီးတဲ့ဆွမ်းကို စားပွဲခုံနဲ့ သေချာပြင်ဆင်ပါတယ် ဘုရား။လက်ဆေးတော်ရေ သောက်တော်ရေလက်သုပ်ပုဝါတွေအပြည့်အစုံတင်ပြီး

သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တိုင်ကြွရောက်ဘုန်းပေးနေသလို အာရုံပြုလို့ဒါက လက်ဆေးတော်ပါ ဘုရား ဒါက သောက်တော်ရေပါ ဘုရားလို့ လျှောက်ထားဆက်ကပ်

အနားကနေ ယပ်ခတ်ပြီးတော့ လှူဒါန်းပါတယ် ဘုရား…တပည့်တော်မလည်း သူများတွေလိုသားငါးနဲ့သေချာချက်ပြုတ်ပြီး လှူဒါန်းချင်ပေမယ့်မတတ်နိုင်တဲ့အတွက် နေ့စဉ် ပဲပြုတ်နဲ့သာ လှူဒါန်းနိုင်ပါတယ်။

တခါတရံ ဈေးရောင်းပြီးပြန်လာတဲ့အခါ ငနုပ်ငဖွဲလေးများ ဝယ်လာပြီးတပည့်တော်တို့မစားပဲ ဘုရားရှင်ကိုသာ လှူဒါန်းပါတယ်ဘုရား…

ကောင်းလိုက်တာ ဒကာမကြီးရယ်…ဦးဇင်းတို့ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။

အင်း…ဒကာမကြီးရဲ့ အားကြီးတဲ့သဒ္ဓါတရားကြောင့် နတ်ပြည်မှာ ဗိမာန် ကြိုပေါက်နေတာကိုး…

ဒါနဲ့ ခုလိုလှူဒါန်းခဲ့တာဘယ်လောက်များကြာပြီလဲ ဒကာမကြီး-?မှန်လှပါ…သမီးလေးတစ်သက် အနှစ်နှစ်ဆယ် တိုင်ခဲ့ပါပြီ ဘုရား …

ဒကာမကြီးရဲ့ကုသိုလ်ကို ဦးဇင်းတို့ကိုလည်း အမျှပေးဝေပါ ဒကာမကြီး။သာဓုခေါ်ဆိုပါရစေနော်…

တပည့်တော်မသည်…ဘုရားရှင်အားရည်မှန်း၍ နေ့စဉ်ဝတ်မပြတ်အာရုဏ်ဆွမ်း နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းရသော ကောင်းမှုကုသိုလ်အစုစုတို့ကိုအရှင်ဘုရားတို့နှင့်တကွ

သုံးဆယ့်တစ်ဘုံသား အားလုံးတို့အား အမျှ အမျှ အမျှပေးဝေငှပါကုန်၏။အားလုံးကြားကြားသမျှအမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့…။

Credit

Leave a Reply

Your email address will not be published.