စစ်အာဏာသိမ်းမှုနှင့် ရွေးကောက်ပွဲရှုံးနိမ့်မှုတို့အတွက် ကြံ့ခိုင်ရေးဥက္ကဋ္ဌက NLD ကိုအပြစ်ဖို့

News

ဝေဟင်စိုး

စစ်အာဏာသိမ်းမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီမဲရှုံးခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးက အပြစ်တင်ပြောဆိုလိုက်သည်။

” ရွေးကောက်ပွဲမှာ အာဏာရပါတီရဲ့ ပြိုင်ဘက်နိုင်ငံရေးပါတီအားလုံးကို အပြုတ်ရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ကျွန်တော်တို့အပါအဝင် သူ့ရဲ့ ပြိုင်ဘက်ပါတီဝင် အားလုံး အရေးမလှ ဖြစ်ခဲ့ရတာပါပဲ။

ကျွန်တော်တို့ မျှော်မှန်းတဲ့ ရလဒ်မထွက်ခဲ့ဘူး” ဟု အသက် ၆၇ နှစ်အရွယ် ဦးသန်းဌေးက ဇွန် ၈ ရက်နေ့ နေပြည်တော်ရှိ ပါတီရုံးချုပ်တွင်ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောသည်။

ထို့အပြင် အာဏာရပါတီအနေဖြင့် အနိုင်ရလိုမှုအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များကို မဲဆန္ဒနယ်နေရာအနှံ့အပြားတွင် ချိုးဖောက်ခဲ့သောကြောင့် ယနေ့အခင်းအကျင်း ပေါ်ပေါက်လာရသည် ဟုလည်း ၎င်းကဆိုသည်။

“ တည်ငြိမ်အေးချမ်းမှု မရှိတဲ့ နေရာမှာ ရပ်ကွက်ထဲမှာ လူလုံးပြစည်းရုံရေးလုပ်ဖို့ ကျွန်တော်ဘယ်တုန်းကမှ မတိုက်တွန်းပါဘူး။ ညွှန်ကြားချက်လည်း မပေးပါဘူး။ ဒီအချိန်မှာ အသက်ရှင်ကျန်ရေးသာ အဓိကကျကြောင်းနဲ့ လုံခြုံရေးသတိနဲ့ လှုပ်ရှားသွားလာနေထိုင်ကြဖို့ အမြဲသတိပေးပါတယ် ” ဟု စစ်သားဟောင်းဖြစ်သည့် ဦးသန်းဌေးက ပြောသည်။

ပါတီခေါင်းဆောင်ပိုင်းပြန်လည်ရွေးချယ်မည့် ဗဟိုကော်မတီအစည်းအဝေးကို နှစ်ရက်တာကျင်းပရန် စီစဉ်ထားပြီး လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးကို မလိုလားသောအုပ်စုများနှင့် ပါတီတွင်းအားပြိုင်မှုတချို့ဖြစ်နေကြောင်း ပါတီဝင်ဟောင်းတစ်ဦးကလည်း မဇ္ဈိမသို့ပြောသည်။

Crd

Unicode

Leave a Reply

Your email address will not be published.