ယနေ့လေးကတော့ ဗိုလ်ကြီး ဟိန်းထက်ရဲ့ အသက်၂၅ နှစ်ပြည့် မွေးနေ့လေးကျရောက်

News

ယနေ့လေးကတော့ ဗိုလ်ကြီး ဟိန်းထက်ရဲ့ အသက်၂၅ နှစ်ပြည့် မွေးနေ့လေးကျရောက်

MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ မင်းသား ဟိန်းထက် ကိုတော့ အားလုံးပဲချစ်ခင်ကြမှာ အသေအချာပါပဲနော်။ ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဟိန်းထက်ကတော့ မိန်းကလေးပရိသတ်များစွာကို ပိုင်ဆိုင်ထားပါသေးတယ်။

သူပါဝင်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာလဲ အရမ်းကိုအောင်မြင်ခဲ့ပြီး ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်ခဲ့ပါတယ်။မင်းသား ဟိန်းထက် ဟာ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်ပြီး ဓမ္မတရားကို လက်ကိုင်ထားသူလဲ ဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၈ ရက်နေ့ကတော့ ပြည်သူချစ်မင်းသားချောဖြစ်တဲ့ ဟိန်းထက် ခေါ် မင်းသီဟကျော် ရဲ့ အ သက် ၂၅ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ဟိန်းထက် ဟာ အဓမ္မကိုဓမ္မနဲ့တွန်းလှန်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။

အသက်ငယ်ပေမယ့် အသိပညာကြွယ်ဝတဲ့ ဟိန်းထက်ရဲ့စာသားလေးတွေကို ပရိသတ်တွေက ကြိုက်နှစ်သက်နေကြတာကိုလဲ တွေ့ရပါတယ်။

လက်ရှိမှာ သူဟာ တော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ရရာတာဝန်ကိုထမ်းဆောင်နေတာပါ။ ပညာ ရေးနဲ့ပတ်သက်ပြီး “ပညာဟူသည်” ဆိုတဲ့ ဆွေးနွေးပွဲတွေကိုလဲ မင်းသား ဒေါင်း ၊ဆရာကောင်းတို့နဲ့အတူ ပူး ပေါင်းပြီးလုပ်ဆောင်နေပါသေးတယ်။

ကဲပရိသတ်ကြီး‌ရေ အမှန်တရားကိုချစ်မြတ်နိုးတဲ့ မင်း သားချော ဟိန်းထက်ရဲ့ အသက် ၂၅ နှစ်ပြည့်မွေး နေ့အတွက် မွေးနေ့ဆုတောင်းလေးတွေ ကောမန့်မှာ ရေး သားခဲ့ပါအုန်းနော်။

Crd

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Crd

Leave a Reply

Your email address will not be published.