စစ်သားဖြစ်ချင်တဲ့ နဂါး……ပြောပြသွားတာအရမ်းကောင်းလို့ဖတ်ကြည့်ပါ

News

စစ္သားျဖစ္ခ်င္တဲ့ နဂါး

ထင္လင္းက ငယ္ငယ္ေလးကတည္းက စစ္သား သိပ္ျဖစ္ခ်င္တာ…။

၁၀ တန္းေအာင္ေတာ့ တပ္မေတာ္ အင္ဂ်င္နီယာေက်ာင္းတက္မယ္ဆိုတက္ခြင့္ရတယ္။

“ အေဖ.. ကြၽန္ေတာ္ DSA တက္ရင္ေကာင္းမလား..”

၁၀ တန္းေအာင္ေတာ့ သူ႔ အေဖကို ေမးၾကည့္လိုက္တယ္။

သူ႔အေဖက သူ႔ကို ေဆးလိပ္ျပာခြက္နဲ႔ ပစ္ေပါက္တယ္။ ဒါနဲ႔ပဲ တကၠသိုလ္က သတၱေဗဒဘြဲ႕ကို သူယူခဲ့ရ..။

စစ္သားျဖစ္ရမွာ ထင္လင္းရွက္တယ္။ ဒါေပမဲ့ စစ္သားျဖစ္ခ်င္တဲ့ စိတ္က တားမရ..။

ထင္လင္း ဦးေလးဆီသြားတယ္။ဦးေလးအရင္းက ဗိုလ္မႉးႀကီးေလ။

“ ကြၽန္ေတာ္ OTS တက္ခ်င္တယ္”
အေျဖက-

“ မတက္နဲ႔ “ တဲ့။

ကိုယ္တိုင္ ဗိုလ္မႉးႀကီးလုပ္ၿပီး သူ႔က်ေတာ့ စစ္ထဲမဝင္ခိုင္းတဲ့ ဦးေလး။ အဲ့ဒီတစ္ခါ ေဆးလိပ္ျပာခြက္နဲ႔ ပစ္ေပါက္မခံရတာပဲ သူကံေကာင္းတယ္ဆိုရမလား။

ဒါနဲ႔ ထင္လင္းတစ္ေယာက္ တ႐ုတ္နယ္စပ္သြားလိုက္၊ထိုင္းနယ္စပ္သြားလိုက္ သမာအာဇီဝ ရသမွ်အလုပ္ဆို အကုန္ႀကဳံးလုပ္တယ္။

ကိုယ့္ႏိုင္ငံရဲ႕ နယ္ျခားမ်ဥ္းကိုေက်ာ္လိုက္တာနဲ႔ နတ္ျပည္ပါလားဆိုတဲ့ အေတြးက လူငယ္ေလး ထင္လင္းရဲ႕ ရင္နဲ႔ မမွ် မ်က္ရည္ဝိုင္းမိတယ္။

ဆင္းရဲရတဲ့၊ဆင္းရဲလွတဲ့ ျမန္မာျပည္အေၾကာင္းေတြးမိရင္ ထင္လင္း စိတ္နာတတ္လာတယ္။

ေနာက္ဆုံး သူနဲ႔ အနီးစပ္လုပ္ငန္းကေတာင္ယာလုပ္ငန္းပါ။သူ ရွိသမွ်ေငြပုံေအာၿပီး ေတာင္ယာလုပ္ငန္းကို ေအာင္ျမင္ေအာင္ႀကိဳးစားတယ္။

ျဖစ္ခ်င္တာက စစ္သား။
ျဖစ္ေနတာက ေတာင္သူလယ္သမား..။

ထင္လင္း ေအာင္ျမင္ခဲ့ပါတယ္။ ထင္လင္းရဲ႕ေတာင္ယာထြက္ပစၥည္းေတြက အနီးအနားေက်း႐ြာေတြမွာ နာမည္ကိုႀကီးလို႔..။

ေအာင္ျမင္မႈေတြက ၂၀၂၁ – ေဖေဖၚဝါရီ ၁ ရက္အထိပါပဲ။

အဲ့ဒီညက ထင္လင္း ၾကက္သြန္ခင္းထဲမွာ..။ ေရသြင္းရင္း ပင္ပန္းလို႔ ၾကက္သြန္ခင္းထဲမွာ ေမာေမာနဲ႔ အိပ္ေပ်ာ္..။

ႏိုးလာေတာ့ ဖုန္းလိုင္းေတြျပတ္ေနၿပီ။ ထင္လင္း စိတ္ေတြေလးလာတယ္..။ ဘာျဖစ္တာပါလိမ့္လို႔..။

သူ အိမ္ကိုျပန္တယ္။“ အာဏာသိမ္းလိုက္ၿပီ..” ဆိုတဲ့ သတင္းဟာ သူ႔ရင္ကို ဟာ ကနဲျဖစ္သြားေစတယ္။

သူ႔ေခါင္းထဲ ဝင္လာတဲ့ အေတြးက စစ္အာဏာရွင္ေတြကို ျပန္တိုက္ဖို႔ အခ်ိန္သင့္ၿပီဆိုတာပဲ။

အဲဒိတုန္းက ၾကက္သြန္ခင္းက ၾကက္သြန္ဥေတြ အၿပိဳင္အဆိုင္ရယ္..။ ဘဝမွာ စုေဆာင္းထားတဲ့ေငြေတြအားလုံးက ၾကက္သြန္ခင္းထဲမွာ..။

သူ႔သရက္ပင္ေလးေတြေတာင္ အသီး မသီးေသးပါဘူး။ သူ႔ အပင္ေလးေတြ သူထားခဲ့ရတယ္။ ထင္လင္း လမ္းေပၚခုန္တက္ ဆႏၵျပခဲ့..။

သူ အာဏာရွင္စနစ္ကို အလိုမရွိပါ..။

စစ္အာဏာသိမ္းေတာ့ ျမန္မာျပည္မွာ စီးပြါးေရးေတြ မလည္ပတ္ေတာ့ဘူး။ သူ႔ ေတာင္ယာလည္းပါတယ္။ ဒါေပမဲ့ သူ စိတ္မေကာင္းမျဖစ္ပါ။

ျပည္သူေတြ ဦးေခါင္းကို က်ည္ဆံေတြဝင္သြားေတာ့ သူရဲ႕ ၾကက္သြန္ခင္းနဲ႔ အပင္ေလးေတြကို ေမ့ႏိုင္ခဲ့ၿပီ။

နာက်ည္းမႈေတြေၾကာင့္ သူ႔ေသြးေတြေျပာင္းျပန္စီးဆင္းခဲ့ရ..။သူ ဆုံးျဖတ္လိုက္တယ္။ လက္ႏွက္ကိုင္ဖို႔…။

ႏိုင္ငံေရးသမားေတြဟာ အမွန္တရားကို ဟန္ေဆာင္ပန္ေဆာင္ စားပြဲဝိုင္းေပၚမွာေျဖရွင္းေနတယ္ဆိုတာ၊ ဒါဟာ အလုပ္မျဖစ္ဘူးဆိုတာ၊လက္နက္ကို လက္နက္နဲ႔ ေျဖရွင္းရတယ္ဆိုတာ သူ နားလည္ခဲ့။

သူ..စစ္သားျဖစ္ၿပီ…။ဒါေပမဲ့ သူငယ္ငယ္က ျဖစ္ခ်င္ခဲ့တဲ့စစ္သားေတာ့မဟုတ္ပါ။ အဲဒိ စစ္သားေတြကို ျပန္တိုက္ရတဲ့ စစ္သား။

ဟုတ္ပါတယ္။ထင္လင္းဟာ ျပည္သူ႔စစ္သား..။သူ႔နာမည္က ဗိုလ္နဂါး..။

ပုလဲၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္နဂါး…။

M.R.D.A လို႔ေခၚတဲ့ ျမန္မာ့ေတာ္ဝင္နဂါး တပ္ဖြဲ႕ ေခါင္းေဆာင္ ဗိုလ္နဂါး…။

စစ္ေကာင္စီတပ္နဲ႔ ပုလဲၿမိဳ႕တိုက္ပြဲက ၄ လပိုင္း ကုန္ေလာက္မွာ စတယ္။ သူတို႔တိုက္တဲ့တိုက္ပြဲေတြ အခုအထိဆို ၆၀ ေက်ာ္ေနၿပီ။

ဘာအလုပ္ပဲျဖစ္ျဖစ္ ဘယ္ေနရာပဲေရာက္ေရာက္ သူႀကိဳးစားတယ္။

၂၀၂၁-ဒီဇင္ဘာ၂၇ ရက္က MPDF ကိုယ္စားျပဳတဲ့ မုံ႐ြာသံမဏိအဖြဲ႕ေခါင္းေဆာင္ ဗိုလ္သံမဏိနဲ အတူ ဗိုလ္နဂါးကို IPEM နည္းပညာတကၠသိုလ္ဌာနခြဲက အကယ္ဒမီစစ္ပညာ မဟာသိပၸံဘြဲ႕ေပးအပ္ခဲ့..။

စစ္ေကာင္စီက ကလိမ္ကက်စ္။ညီၫြတ္ေရးကိုလည္းၿဖိဳခြဲဖို႔ ေကာက္က်စ္စဥ္းလဲမႈမ်ိဳးစုံနဲ႔ခ်ဥ္းကပ္တယ္။

NUG ရယ္၊ ျပည္သူရယ္၊ PDF ရယ္ သပ္လွ်ိဳ ေသြးခြဲတယ္။

“ ကြၽန္ေတာ္တို႔ျပည္သူနဲ႔ ကြၽႏ္ုပ္တို႔ (NUG) အစိုးရ အျပန္အလွန္ အားနည္းခ်က္ရွိၾကရင္လည္း အျပန္အလွန္ျပဳျပင္ရင္း လက္ေတြ တြဲထား၊ၿမဲထားရမွာပါ”

“ ဒါကိုျဖတ္ေက်ာ္ရမယ္။ ငါတို႔မွာ ငါတို႔ပဲရွိတယ္။ ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ အတိတ္က အၿငိဳးေတြထားခဲ့ၾကရမယ္”

ဒါ ဗိုလ္နဂါးရဲ႕ NUG ေပၚျမင္တဲ့ အျမင္။

ဗိုလ္နဂါး သေဘာမက်တာ NUG မဟုတ္၊ အာပုပ္ေစာ္နံတဲ့ ႏိုင္ငံေရးသမားေတြပါ..။

“ စစ္အာဏာရွင္ေတြကိုပဲမဟုတ္ဘူး ႏိုင္ငံေရး ေသြးေအးလူသတ္သမားေတြကိုလည္း တြန္းလွန္ရမယ္”

ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို သတ္တာလည္း ႏိုင္ငံေရးသမားေတြပဲ မဟုတ္လား။

ဗိုလ္ခ်ဳပ္တို႔ တပင္တပန္းႀကိဳးစားၿပီးယူထားတဲ့လြပ္လပ္ေရးကို ႏိုင္ငံေရးသမားေတြကပဲယူလိုက္တာေလ။ ျပည္သူေတြက အခုအခ်ိန္အထိ လြပ္လပ္ေရးမွ မရေသးတာ။

အာပုပ္ေစာ္နံတဲ့ ႏိုင္ငံေရးသမားေတြဟာ သူတို႔ အခ်င္းခ်င္းလည္း လိမ္ညာ ဟန္ေဆာင္ၾကတယ္။

အာပုပ္ေစာ္နံတဲ့ ႏိုင္ငံေရးသမားေတြဟာ ႏိုင္ငံေရး အေၾကာင္းျပ စီးပြါးေရးလုပ္စားတယ္။

အာပုပ္ေစာ္နံတဲ့ ႏိုင္ငံေရးသမားေတြဟာ ႏိုင္ငံေရး အေၾကာင္းျပ ရာထူးလိုခ်င္ၾကတယ္။

အာပုပ္ေစာ္နံတဲ့ ႏိုင္ငံေရးသမားေတြဟာ ႏိုင္ငံေရး အေၾကာင္းျပ နာမည္ႀကီးခ်င္ၾကတယ္။

ဒီလို အတၱသမားေတြ ဖ်ာခင္းေနရာလုေနရင္ မင္းေအာင္လႈိင္နဲ႔ ဘာမ်ားကြာလို႔လဲ။

“ကိုယ့္စိတ္ေတြအဲ့လိုမျဖစ္ေအာင္ ကိုယ့္ကိုယ္ကို အရင္ေတာ္လွန္ၾကပါ”

ဗိုလ္နဂါးကေျပာတယ္။

“ အမွန္တရားကို ျပတ္ျပတ္သားသား ရဲရဲဝံဝံ့ေျပာႏိုင္ေအာင္က်င့္ၾကပါ။ ႐ိုးသားေအာင္က်င့္ၾကပါ”

ေသြးနံ႔ေတြက ညႇီေနဆဲ.. ဦးေဏွာက္ျဖဴျဖဴေတြက လမ္းမေပၚ ျပန္႔က်ဲေနဆဲပါ..။

ဒါေတာင္ တခ်ိဳ႕ႏိုင္ငံေရးသမားေတြဆို ျပည္သူေတြ ေသေနတာကိုမွ အား မနာ.. ေတာ္လွန္ေရး အခ်ိန္ၾကာေအာင္ တမင္သက္သက္ အခ်ိန္ဆြဲေနၾကေသးတယ္။

လုပ္စား ႏိုင္ငံေရးသမားေတြ ေျမာက္ျမန္မာျပည္မွာ ေခြးေသ ဝက္ေသ ခ်န္ထားခဲ့ၾကရမယ္။

ဘာလို႔လဲဆိုေတာ့ အခုေခတ္မွာ အာပုပ္ေစာ္နံတဲ့ ႏိုင္ငံေရးသမားေတြမွာ အာဏာမရွိေတာ့ဘူး။ျပည္သူေတြမွာ အာဏာရွိတယ္။

“ ဒါဟာ တို႔တိုင္း တို႔ျပည္ တို႔ေရေျမ…တို႔ေတြအားလုံးပိုင္တယ္”

အဲဒီေန႔က၂၀၂၂- ဇန္နဝါရီလ ၁၀ ရက္ေန႔ပါ ။စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၊ ဦးေႏွာက္႐ြာမွာေပါ့။

အဲဒီေန႔က ႐ြာေလးဟာ ႐ုတ္တရက္ ရဟတ္ယာဥ္သံေတြ၊ ေလေၾကာင္းက ပစ္ခတ္သံေတြ၊ လက္နက္ႀကီး သံေတြ၊ ေသနတ္သံေတြနဲ႔ဆူညံသြားတယ္။

တကယ့္ ငရဲျပည္..။

ဖုန္နံ႔၊ယမ္းနံ႔၊ေသြးနံ႔ေတြနဲ႔ အတူ ႐ြာေလးထဲ ဝုန္းဒိုင္းႀကဲဝင္လာတာ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ စစ္သားေတြပါ။

သူတို႔ ႐ြာကို ဝင္စီးတာ ဗိုလ္နဂါးဆိုတဲ့ ထင္လင္းကို ဖမ္းမလို႔တဲ့ ။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၀၀ ေလာက္ ဦးေႏွာက္႐ြာကိုဝင္ၿပီး ဗိုလ္နဂါးကို ဝင္ရွာခဲ့။

ဒလန္က ဗိုလ္နဂါး အဲ့ဒီမွာ ေဟာေျပာပြဲ၊ အစည္း အေဝး လုပ္တယ္ သတင္းေပးထားတာကိုး။

႐ြာသူ႐ြာသားေတြက ေၾကာက္လန္႔တၾကားနဲ႔ေပါ့။ သူတို႔ ႐ြာထဲကေနထြက္ေျပးခ်င္ၾကေပမယ့္ အခ်ိန္မရေတာ့။ ႐ြာထဲမွာပဲ အမ်ားစုက ပိတ္မိ သြားခဲ့ၾကတယ္။

ကူကယ္ရာမဲ့ၿပီ..။

အဲ့ဒီေန႔က ဗိုလ္နဂါး အဲ့ဒီ႐ြာမွာ မရွိခဲ့ပါ။ ဟို အေဝးႀကီးမွာေရာက္ေနခဲ့ပါတယ္..။

“ေဟာေျပာပြဲတခုက က်ေနာ့္ကို ဖိတ္ထားတယ္ဆိုၿပီးေတာ့က်ေနာ္ရွိေနတယ္ထင္ၿပီး လာတိုက္တာဗ်။ အဲဒီတုန္းက က်ေနာ္က အေၾကာင္းကိစၥတခုနဲ႔ ခ်င္းျပည္နယ္ ေရာက္ေနတာ။”

“နဂါး ဘယ္မွာလဲ”သူတို႔တေတြ ေအာ္ဟစ္ၾကတယ္။

တ႐ြာလုံးက ေယာက္်ားသားေတြဆိုရင္ႀကီးႀကီးငယ္ငယ္ အကုန္ဖမ္း၊ လက္ျပန္ႀကိဳးနဲ႔တုပ္ၿပီးေမးတယ္။
ႏွိပ္စက္တယ္။ ႐ိုက္ႏွက္တယ္။

ျပည္သူေတြကို ေသနတ္ေတြနဲ႔ လည္ပင္းကိုေထာက္၊ ရွိသမွ်ေ႐ႊေငြပစၥည္းအကုန္ယူတယ္။

သူတို႔ အားမရဘူး။ ႐ြာက အိမ္ေတြ မီးရႈိ႕တယ္။ အျပစ္မရွိတဲ့ ႐ြာသားေတြကို သတ္တယ္။ အေလာင္းေတြကိုပါ မီးရႈိ႕တယ္ ။

တကယ့္ လူသတ္ပြဲႀကီးပါ။

“႐ြာနားမွာ မိုင္းကြဲရင္ နင္တို႔႐ြာ တ႐ြာလုံး မီးနဲ႔တိုက္ပစ္မယ္”

သူတို႔အဲဒီလို ႀကိမ္းေမာင္းၿပီး ၂၀၂၂- ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ ႐ြာထဲကထြက္သြားၾကတယ္။

ဒါနဲ႔ တပ္မေတာ္က ဗိုလ္နဂါးဆိုတဲ့သူ တစ္ေယာက္ကိုဖမ္းဖို႔ စစ္ေကာင္စီက စစ္သား ၁၀၀ နဲ႔ ၊ ရဟတ္ယာဥ္ေတြနဲ႔ ၊ဗုံးေတြနဲ႔ .. ဘာျဖစ္တာပါလိမ့္..။

ျမန္မာျပည္မွာ “နဂါးတပ္မင္း ျပည္ေတာ္ဆင္းမွ မိစာၦမင္းဆက္ပ်က္လိမ့္မည္” လို႔ အတိတ္တေဘာင္ရွိထားတာမို႔တဲ့။

ျမန္မာ စစ္ေခါင္းေဆာင္ေတြ က အတိတ္တေဘာင္ ယၾတာေတြကို သိပ္ယုံတာ။

တေဘာင္ထဲက “နဂါးတပ္မင္း” ဆိုတာပါေနေတာ့ သူတို႔ ဖိန္႔ဖိန္႔တုန္ေအာင္ေၾကာက္ေနၾကပါေလေရာ..။ ဒါေၾကာင့္ ဗိုလ္နဂါးကို ပိုၿပီး အေသသတ္ခ်င္တာ။

အမွန္ေတာ့ တပ္မေတာ္က ဗိုလ္နဂါးကို ဘယ္ေသာအခါမွ သတ္လို႔မရေတာ့ပါဘူး။

ဗိုလ္နဂါးက ဗိုလ္နဂါးအသစ္ေတြ အမ်ားႀကီးေမြးထုတ္ထားတယ္။

ဗိုလ္နဂါးေသရင္ ေနာက္ထပ္ဗိုလ္နဂါးေတြ ထပ္ေပၚလာမယ္။

“ က်ေနာ့္ကို သတ္ႏိုင္ရင္ေတာင္မွ က်ေနာ့္လိုလူေတြ အမ်ားႀကီး ရွိေနၿပီ။ အဲဒီလိုလူေတြ အမ်ားႀကီး ေမြးလာလိမ့္မယ္ ဆိုတာ သူတို႔ သိခ်င္မွ သိလိမ့္မယ္။”

စစ္ေကာင္စီရဲ႕ အႀကံက မေအာင္ျမင္ခဲ့ပါ။ နဂါးမေသတဲ့အျပင္ ဗမာလူမ်ိဳးအမ်ားစုရဲ႕ ေထာက္ခံမႈကိုပါ တခဲနက္ရရွိသြားေတာ့တယ္။

စစ္တပ္ဟာ အညာေျမကပုလဲသားကို ရႈံးတယ္။ ရႈံးေတာ့ ေသြးပ်က္တယ္။ ေသြးပ်က္ေတာ့ လုပ္မိလုပ္ရာ ပရမ္းပတာမိုက္႐ိုင္းသြားတယ္။

အဲ့ဒါကို တပ္မေတာ္ လို႔ေခၚပါတယ္။

တပ္မေတာ္တဲ့လား..။

“တပ္မေတာ္သည္ အမ်ိဳးသားေရးကို ဘယ္ေတာ့မွသစၥာမေဖာက္”တဲ့။

အဲ့ဒီလို ေအာ္ဟစ္ၿပီး ကိုယ့္ အက်ိဳးအတြက္ဆို ကိုယ့္ျပည္သူကိုျပန္သတ္ ရက္စက္ရဲတဲ့လူ႔မိစာၦေတြကို — တပ္မေတာ္လို႔ေခၚပါတယ္။

အမ်ားပိုင္တဲ့ ဒီေရေျမမွာ သူတို႔တေတြပဲ အခြင့္ထူးခံေနၾကၿပီး အမ်ားျပည္သူ ဆႏၵကိုေတာ့ ေသနတ္ေျပာင္းေတြနဲ႔ အႀကိမ္ႀကိမ္ထိုးခ် ရက္ရက္စက္စက္နင္းေျခတဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

ကမာၻ႔အလယ္မွာ ခ်မ္းသာ ထည္ဝါႏိုင္တဲ့ သည္ေရ သည္ေျမေတြကို အပိုင္စီး သူခိုးေစ်းနဲ႔ေရာင္းခ် ခြဲေဝယူခဲ့ၾကတဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

ကိုယ္က်ိဳးအတၱအတြက္ မ်က္ႏွာေျပာင္တိုက္ၿပီးလည္လိမ္ခဲ့ၾကတယ္ လိမ္မရရင္အဓမၼရက္စက္ျပတဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

အာရွက သယံဇာတ အေပါႂကြယ္ဆုံးႏိုင္ငံက ကမာၻ႔ကြၽန္အေပါဆုံးႏိုင္ငံျဖစ္ေအာင္လုပ္တဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

“တစ္လက္မမွ အက်ဴးေက်ာ္မခံဘူး” … ဒီလို လူအထင္ႀကီးေအာင္ေႂကြးေၾကာ္ရင္း ဘယ္သူမွ တစ္လက္မမွအက်ဴးေက်ာ္မခံပဲ သူတို႔ပဲ အားလုံးေမာင္ပိုင္စီးထားတဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

ဝယ္သူသာရွိေနရင္ ျပည္သူကဘယ္ေလာက္တားတား တစ္တိုင္းျပည္လုံး တစ္လက္မ မက်န္ ေရာင္းစားခ်င္တဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

ျမန္မာျပည္ဘယ္ေနရာမွာ ဘာထြက္ထြက္ တစ္လက္မမွမက်န္ေအာင္သူခိုးေစ်းနဲ႔ေရာင္းစားတဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

ကာကြယ္ေရးအလုပ္ကိုမလုပ္ပဲ အာဏာကိုမက္ အဓမၼဖက္ၿပီး နည္းနည္းမွလက္မလႊတ္တဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

မေက်နပ္ရင္ ဒီတိုင္းျပည္မွာ ျပည္သူေတြတစ္ေယာက္မွ မရွိခ်င္ မရွိပါေစနဲ႔ သယံဇာတေတြက်န္ရင္ၿပီးေရာဆိုၿပီး ဆန္႔က်င္သူအကုန္သတ္ ရက္စက္လြန္းတဲ့တကယ့္လူ႔မိစာၦအုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

ညာလို႔ရရင္ညာ၊ ညာလို႔မရရင္သတ္၊ရက္စက္ၾကမ္းၾကဳတ္တဲ့နည္းေတြနဲ႔ ျမန္မာျပည္၊ ျမန္မာေျမ၊ ျမန္မာ့အေမြကို ဆုပ္ကိုင္ထားတဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

ျမန္မာျပည္ ကို တိုင္းရင္းသား ညီအကိုေမာင္ႏွမေတြ ကို ကြၽန္လို သေဘာထားတဲ့အုပ္စုကို — တပ္မေတာ္လို႔ေခၚပါတယ္။

တပ္မေတာ္…တဲ့။
ျပည္သူေတြကို သတ္တာကို ႏိုင္ငံေတာ္ ေအးခ်မ္း သာယာတည္ၿငိမ္ေရးလို႔ ေအာ္ေနမွေတာ့ ဒီတိုင္းျပည္မပ်က္ ဘယ္တိုင္းျပည္ပ်က္မလဲ… ။

ဒါက ဗိုလ္နဂါး နားလည္တဲ့ တပ္မေတာ္ဆိုတဲ့ အုပ္စု..။

ျမန္မာျပည္သူေတြကေရာ ..?

ကိုယ္ပိုင္တဲ့ထမင္းဝိုင္းမွာ တိုင္းတပါးသားေတြနဲ႔တပ္မေတာ္အုပ္စု အခန္႔သား ထိုင္စားေနၾကတာကို မ်က္ႏွာငယ္ငယ္ လွ်ာတစ္သပ္သပ္နဲ႔ ဗိုက္ဆာၿပီး ေငးၾကည့္ေနရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

ထမင္းဝိုင္းအနားက ငုတ္တုတ္ေလးေတြၾကည့္ေနရင္း သူတို႔ပစ္ခ်တဲ့ အ႐ိုးအရင္းေလးေတြကိုသာ အခ်င္းခ်င္း ရန္ျဖစ္ တိုးေဝွ႔လုယက္ေနၾကရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

ထားရာေန ေစရာသြား၊ ခိုင္းတာလုပ္ရတဲ့ ကြၽန္သာသာဘဝေလးေတြမွာပဲ အေမႊးအေတာင္ညစ္ညစ္နဲ႔ ဘဝနစ္မြန္းေနတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

ပညာေရးကို စနစ္တက်႐ိုက္ခ်ိဳး ခံရၿပီး အလိမ္အညာေတြယုံၾကည္ေအာင္ ဦးေဏွာက္ေတြ ထုံက်င္ brainwashing အလုပ္ခံရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

ဘယ္ေတာ့မွမလွန္ရဲေအာင္ အယုတ္မာဆုံး၊ အရက္စက္ အၾကမ္းၾကဳတ္ဆုံးနည္းေတြနဲ႔ အေၾကာက္တရားေတြေပး၊ အဖိႏွိပ္ခံရလို႔ ထုံေပေနတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

တိုင္းတပါးမွာ နည္းမ်ိဳးစုံနဲ႔ ကြၽန္မျဖစ္သြားေနရၿပီးသူတပါးႏိုင္ငံသားရဲ႕ေျခသလုံးကိုႏွိပ္ေပးရင္း အႏွိမ့္ခ်ခံဘဝနဲ႔ အသက္ေမြးရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

တိုင္းတပါးသားေတြ အဝတ္က အညစ္အေၾကးကိုေလွ်ာ္ဖြတ္ေပး၊ အိမ္သားေဆးရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

အမ်ိဳးေကာင္းသမီးဘဝကေန အငွါးမယားျပည့္တန္ဆာအျဖစ္နဲ႔ ဟိုရင္ခြင္ ဒီရင္ခြင္ေရာက္ ဘဝပ်က္ရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

ပညာတတ္လည္းသူ႔ကြၽန္ ပညာမတတ္လည္းသူ႔ကြၽန္၊ ကိုယ့္ႏိုင္ငံလာလည္း ကိုယ္ကကြၽန္၊ သူ႔ႏိုင္ငံသြားလည္းကိုယ္ကကြၽန္၊ အဆင့္နိမ့္ကြၽန္ပညာေရးနဲ႔ ကြၽန္အျဖစ္ေမြးအထုတ္ခံရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

ေခတ္အဆက္ဆက္မွာ မ်က္ရည္ၾကားက ၿပဳံးႏိုင္ေအာင္ အေလ့က်င့္ထားခံရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

တပ္မေတာ္အုပ္စုက သူခိုးေစ်းနဲ႔ေရာင္းလိုက္တဲ့ကုန္ၾကမ္းေတြကို တိုင္းတပါးမွာ ေစ်းအေပါဆုံးကြၽန္ခံ အခနဲ႔ ကုန္ေခ်ာျပန္လုပ္ေပးရတဲ့အုပ္စုကို — ျမန္မာျပည္သူေတြလို႔ေခၚပါတယ္။

ဒါ ဗိုလ္နဂါး နားလည္တဲ့ ျမန္မာျပည္သူေတြပါ။

အခုကာလဟာ ျပည္သူကိုခ်စ္လို႔ကြယ္ေပးေနတဲ့ ျပည္သူ႔ သားသမီးေတြကို ျပည္သူ႔ေရွ႕မွာ ရက္ရက္စက္စက္သတ္ျပေနတာကို ျပည္သူကိုယ္တိုင္ ဝမ္းနည္းပက္လက္နဲ႔ မ်က္ျမင္ေတြ႕ေနရတဲ့ ကာလျဖစ္ပါတယ္။

အခါခါေသခဲ့ၿပီးတဲ့ ျမန္မာျပည္သူေတြအတြက္ ေသနတ္ဆိုတာလည္း ေၾကာက္စရာ မဟုတ္ေတာ့ၿပီ..။

ဒီေန႔ ျပည္သူေတြက ေသနတ္ထက္ သူတို႔ ေမြးထားတဲ့ အနာဂတ္ရင္ေသြးေတြကို တပ္မေတာ္ လက္ထဲထည့္ေပးခဲ့ရမွာပဲ ျပည္သူေတြက ေတြးေတြးၿပီး ပိုေၾကာက္ေနပါတယ္။

“အဲဒီလိုမ်ိဳးအျဖစ္အပ်က္ ငါတို႔ကေလးေတြ ေနာက္ထပ္မခံစားေစရဘူးေဟ့……” လို႔ေႂကြးေၾကာ္ေနတာက ဗိုလ္နဂါးျဖစ္ပါတယ္။

စစ္ေကာင္စီက သူ႔စစ္သားေတြကို ဒီလိုေအာ္ေျပာလိုက္တယ္။

ရဲေဘာ္တို႔—

“ ျပည္သူတစ္ေယာက္မွ မက်န္လည္းကိစၥမရွိဘူး။ တိုင္းျပည္ သယံဇာတေတြက်န္ခဲ့ရင္ၿပီးတာပဲ….” တဲ့။

ဗိုလ္နဂါးက စစ္ေကာင္စီရဲ႕ အဲ့ဒီ စစ္သားေတြကိုပဲ ဒီလိုထပ္ၿပီး ေအာ္ေျပာလိုက္ျပန္တယ္။

ရဲေဘာ္တို႔—

“ စိုးရိမ္ပူေဆြးမႈေတြျပည့္ႏွက္ေနတဲ့ျပည္သူ႔မ်က္ရည္ေတြကို ရဲေဘာ္တို႔ရဲ႕သူရဲေကာင္းဆန္တဲ့လက္‌ေတြနဲ႔ သုတ္ေပးပါ..” တဲ့။

စစ္ေကာင္စီရဲ႕ စစ္သားေတြကေတာ့ ေသနတ္ေတြဆုပ္ကိုင္ၿပီးေတြေဝေနဆဲပါ။ကြၽႏ္ုပ္တို႔ျပည္သူ အားလုံးသည္ ဗိုလ္နဂါးမ်ားျဖစ္ၾကပါသည္။

Unicode

စစ်သားဖြစ်ချင်တဲ့ နဂါး

ထင်လင်းက ငယ်ငယ်လေးကတည်းက စစ်သား သိပ်ဖြစ်ချင်တာ…။

၁၀ တန်းအောင်တော့ တပ်မတော် အင်ဂျင်နီယာကျောင်းတက်မယ်ဆိုတက်ခွင့်ရတယ်။

“ အဖေ.. ကျွန်တော် DSA တက်ရင်ကောင်းမလား..”

၁၀ တန်းအောင်တော့ သူ့ အဖေကို မေးကြည့်လိုက်တယ်။

သူ့အဖေက သူ့ကို ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်တယ်။ ဒါနဲ့ပဲ တက္ကသိုလ်က သတ္တဗေဒဘွဲ့ကို သူယူခဲ့ရ..။

စစ်သားဖြစ်ရမှာ ထင်လင်းရှက်တယ်။ ဒါပေမဲ့ စစ်သားဖြစ်ချင်တဲ့ စိတ်က တားမရ..။

ထင်လင်း ဦးလေးဆီသွားတယ်။ဦးလေးအရင်းက ဗိုလ်မှူးကြီးလေ။

“ ကျွန်တော် OTS တက်ချင်တယ်”
အဖြေက-

“ မတက်နဲ့ “ တဲ့။

ကိုယ်တိုင် ဗိုလ်မှူးကြီးလုပ်ပြီး သူ့ကျတော့ စစ်ထဲမဝင်ခိုင်းတဲ့ ဦးလေး။ အဲ့ဒီတစ်ခါ ဆေးလိပ်ပြာခွက်နဲ့ ပစ်ပေါက်မခံရတာပဲ သူကံကောင်းတယ်ဆိုရမလား။

ဒါနဲ့ ထင်လင်းတစ်ယောက် တရုတ်နယ်စပ်သွားလိုက်၊ထိုင်းနယ်စပ်သွားလိုက် သမာအာဇီဝ ရသမျှအလုပ်ဆို အကုန်ကြုံးလုပ်တယ်။

ကိုယ့်နိုင်ငံရဲ့ နယ်ခြားမျဉ်းကိုကျော်လိုက်တာနဲ့ နတ်ပြည်ပါလားဆိုတဲ့ အတွေးက လူငယ်လေး ထင်လင်းရဲ့ ရင်နဲ့ မမျှ မျက်ရည်ဝိုင်းမိတယ်။

ဆင်းရဲရတဲ့၊ဆင်းရဲလှတဲ့ မြန်မာပြည်အကြောင်းတွေးမိရင် ထင်လင်း စိတ်နာတတ်လာတယ်။

နောက်ဆုံး သူနဲ့ အနီးစပ်လုပ်ငန်းကတောင်ယာလုပ်ငန်းပါ။သူ ရှိသမျှငွေပုံအောပြီး တောင်ယာလုပ်ငန်းကို အောင်မြင်အောင်ကြိုးစားတယ်။

ဖြစ်ချင်တာက စစ်သား။
ဖြစ်နေတာက တောင်သူလယ်သမား..။

ထင်လင်း အောင်မြင်ခဲ့ပါတယ်။ ထင်လင်းရဲ့တောင်ယာထွက်ပစ္စည်းတွေက အနီးအနားကျေးရွာတွေမှာ နာမည်ကိုကြီးလို့..။

အောင်မြင်မှုတွေက ၂၀၂၁ – ဖေဖေါ်ဝါရီ ၁ ရက်အထိပါပဲ။

အဲ့ဒီညက ထင်လင်း ကြက်သွန်ခင်းထဲမှာ..။ ရေသွင်းရင်း ပင်ပန်းလို့ ကြက်သွန်ခင်းထဲမှာ မောမောနဲ့ အိပ်ပျော်..။

နိုးလာတော့ ဖုန်းလိုင်းတွေပြတ်နေပြီ။ ထင်လင်း စိတ်တွေလေးလာတယ်..။ ဘာဖြစ်တာပါလိမ့်လို့..။

သူ အိမ်ကိုပြန်တယ်။“ အာဏာသိမ်းလိုက်ပြီ..” ဆိုတဲ့ သတင်းဟာ သူ့ရင်ကို ဟာ ကနဲဖြစ်သွားစေတယ်။

သူ့ခေါင်းထဲ ဝင်လာတဲ့ အတွေးက စစ်အာဏာရှင်တွေကို ပြန်တိုက်ဖို့ အချိန်သင့်ပြီဆိုတာပဲ။

အဲဒိတုန်းက ကြက်သွန်ခင်းက ကြက်သွန်ဥတွေ အပြိုင်အဆိုင်ရယ်..။ ဘဝမှာ စုဆောင်းထားတဲ့ငွေတွေအားလုံးက ကြက်သွန်ခင်းထဲမှာ..။

သူ့သရက်ပင်လေးတွေတောင် အသီး မသီးသေးပါဘူး။ သူ့ အပင်လေးတွေ သူထားခဲ့ရတယ်။ ထင်လင်း လမ်းပေါ်ခုန်တက် ဆန္ဒပြခဲ့..။

သူ အာဏာရှင်စနစ်ကို အလိုမရှိပါ..။

စစ်အာဏာသိမ်းတော့ မြန်မာပြည်မှာ စီးပွါးရေးတွေ မလည်ပတ်တော့ဘူး။ သူ့ တောင်ယာလည်းပါတယ်။ ဒါပေမဲ့ သူ စိတ်မကောင်းမဖြစ်ပါ။

ပြည်သူတွေ ဦးခေါင်းကို ကျည်ဆံတွေဝင်သွားတော့ သူရဲ့ ကြက်သွန်ခင်းနဲ့ အပင်လေးတွေကို မေ့နိုင်ခဲ့ပြီ။

နာကျည်းမှုတွေကြောင့် သူ့သွေးတွေပြောင်းပြန်စီးဆင်းခဲ့ရ..။သူ ဆုံးဖြတ်လိုက်တယ်။ လက်နှက်ကိုင်ဖို့…။

နိုင်ငံရေးသမားတွေဟာ အမှန်တရားကို ဟန်ဆောင်ပန်ဆောင် စားပွဲဝိုင်းပေါ်မှာဖြေရှင်းနေတယ်ဆိုတာ၊ ဒါဟာ အလုပ်မဖြစ်ဘူးဆိုတာ၊လက်နက်ကို လက်နက်နဲ့ ဖြေရှင်းရတယ်ဆိုတာ သူ နားလည်ခဲ့။

သူ..စစ်သားဖြစ်ပြီ…။ဒါပေမဲ့ သူငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့စစ်သားတော့မဟုတ်ပါ။ အဲဒိ စစ်သားတွေကို ပြန်တိုက်ရတဲ့ စစ်သား။

ဟုတ်ပါတယ်။ထင်လင်းဟာ ပြည်သူ့စစ်သား..။သူ့နာမည်က ဗိုလ်နဂါး..။

ပုလဲမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါး…။

M.R.D.A လို့ခေါ်တဲ့ မြန်မာ့တော်ဝင်နဂါး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါး…။

စစ်ကောင်စီတပ်နဲ့ ပုလဲမြို့တိုက်ပွဲက ၄ လပိုင်း ကုန်လောက်မှာ စတယ်။ သူတို့တိုက်တဲ့တိုက်ပွဲတွေ အခုအထိဆို ၆၀ ကျော်နေပြီ။

ဘာအလုပ်ပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် သူကြိုးစားတယ်။

၂၀၂၁-ဒီဇင်ဘာ၂၇ ရက်က MPDF ကိုယ်စားပြုတဲ့ မုံရွာသံမဏိအဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိနဲ အတူ ဗိုလ်နဂါးကို IPEM နည်းပညာတက္ကသိုလ်ဌာနခွဲက အကယ်ဒမီစစ်ပညာ မဟာသိပ္ပံဘွဲ့ပေးအပ်ခဲ့..။

စစ်ကောင်စီက ကလိမ်ကကျစ်။ညီညွတ်ရေးကိုလည်းဖြိုခွဲဖို့ ကောက်ကျစ်စဉ်းလဲမှုမျိုးစုံနဲ့ချဉ်းကပ်တယ်။

NUG ရယ်၊ ပြည်သူရယ်၊ PDF ရယ် သပ်လျှို သွေးခွဲတယ်။

“ ကျွန်တော်တို့ပြည်သူနဲ့ ကျွန်ုပ်တို့ (NUG) အစိုးရ အပြန်အလှန် အားနည်းချက်ရှိကြရင်လည်း အပြန်အလှန်ပြုပြင်ရင်း လက်တွေ တွဲထား၊မြဲထားရမှာပါ”

“ ဒါကိုဖြတ်ကျော်ရမယ်။ ငါတို့မှာ ငါတို့ပဲရှိတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်က အငြိုးတွေထားခဲ့ကြရမယ်”

ဒါ ဗိုလ်နဂါးရဲ့ NUG ပေါ်မြင်တဲ့ အမြင်။

ဗိုလ်နဂါး သဘောမကျတာ NUG မဟုတ်၊ အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေပါ..။

“ စစ်အာဏာရှင်တွေကိုပဲမဟုတ်ဘူး နိုင်ငံရေး သွေးအေးလူသတ်သမားတွေကိုလည်း တွန်းလှန်ရမယ်”

ဗိုလ်ချုပ်အောင်ဆန်းကို သတ်တာလည်း နိုင်ငံရေးသမားတွေပဲ မဟုတ်လား။

ဗိုလ်ချုပ်တို့ တပင်တပန်းကြိုးစားပြီးယူထားတဲ့လွပ်လပ်ရေးကို နိုင်ငံရေးသမားတွေကပဲယူလိုက်တာလေ။ ပြည်သူတွေက အခုအချိန်အထိ လွပ်လပ်ရေးမှ မရသေးတာ။

အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ အချင်းချင်းလည်း လိမ်ညာ ဟန်ဆောင်ကြတယ်။

အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး အကြောင်းပြ စီးပွါးရေးလုပ်စားတယ်။

အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး အကြောင်းပြ ရာထူးလိုချင်ကြတယ်။

အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေဟာ နိုင်ငံရေး အကြောင်းပြ နာမည်ကြီးချင်ကြတယ်။

ဒီလို အတ္တသမားတွေ ဖျာခင်းနေရာလုနေရင် မင်းအောင်လှိုင်နဲ့ ဘာများကွာလို့လဲ။

“ကိုယ့်စိတ်တွေအဲ့လိုမဖြစ်အောင် ကိုယ့်ကိုယ်ကို အရင်တော်လှန်ကြပါ”

ဗိုလ်နဂါးကပြောတယ်။

“ အမှန်တရားကို ပြတ်ပြတ်သားသား ရဲရဲဝံဝံ့ပြောနိုင်အောင်ကျင့်ကြပါ။ ရိုးသားအောင်ကျင့်ကြပါ”

သွေးနံ့တွေက ညှီနေဆဲ.. ဦးဏှောက်ဖြူဖြူတွေက လမ်းမပေါ် ပြန့်ကျဲနေဆဲပါ..။

ဒါတောင် တချို့နိုင်ငံရေးသမားတွေဆို ပြည်သူတွေ သေနေတာကိုမှ အား မနာ.. တော်လှန်ရေး အချိန်ကြာအောင် တမင်သက်သက် အချိန်ဆွဲနေကြသေးတယ်။

လုပ်စား နိုင်ငံရေးသမားတွေ မြောက်မြန်မာပြည်မှာ ခွေးသေ ဝက်သေ ချန်ထားခဲ့ကြရမယ်။

ဘာလို့လဲဆိုတော့ အခုခေတ်မှာ အာပုပ်စော်နံတဲ့ နိုင်ငံရေးသမားတွေမှာ အာဏာမရှိတော့ဘူး။ပြည်သူတွေမှာ အာဏာရှိတယ်။

“ ဒါဟာ တို့တိုင်း တို့ပြည် တို့ရေမြေ…တို့တွေအားလုံးပိုင်တယ်”

အဲဒီနေ့က၂၀၂၂- ဇန်နဝါရီလ ၁၀ ရက်နေ့ပါ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ရွာမှာပေါ့။

အဲဒီနေ့က ရွာလေးဟာ ရုတ်တရက် ရဟတ်ယာဉ်သံတွေ၊ လေကြောင်းက ပစ်ခတ်သံတွေ၊ လက်နက်ကြီး သံတွေ၊ သေနတ်သံတွေနဲ့ဆူညံသွားတယ်။

တကယ့် ငရဲပြည်..။

ဖုန်နံ့၊ယမ်းနံ့၊သွေးနံ့တွေနဲ့ အတူ ရွာလေးထဲ ဝုန်းဒိုင်းကြဲဝင်လာတာ စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်သားတွေပါ။

သူတို့ ရွာကို ဝင်စီးတာ ဗိုလ်နဂါးဆိုတဲ့ ထင်လင်းကို ဖမ်းမလို့တဲ့ ။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ လောက် ဦးနှောက်ရွာကိုဝင်ပြီး ဗိုလ်နဂါးကို ဝင်ရှာခဲ့။

ဒလန်က ဗိုလ်နဂါး အဲ့ဒီမှာ ဟောပြောပွဲ၊ အစည်း အဝေး လုပ်တယ် သတင်းပေးထားတာကိုး။

ရွာသူရွာသားတွေက ကြောက်လန့်တကြားနဲ့ပေါ့။ သူတို့ ရွာထဲကနေထွက်ပြေးချင်ကြပေမယ့် အချိန်မရတော့။ ရွာထဲမှာပဲ အများစုက ပိတ်မိ သွားခဲ့ကြတယ်။

ကူကယ်ရာမဲ့ပြီ..။

အဲ့ဒီနေ့က ဗိုလ်နဂါး အဲ့ဒီရွာမှာ မရှိခဲ့ပါ။ ဟို အဝေးကြီးမှာရောက်နေခဲ့ပါတယ်..။

“ဟောပြောပွဲတခုက ကျနော့်ကို ဖိတ်ထားတယ်ဆိုပြီးတော့ကျနော်ရှိနေတယ်ထင်ပြီး လာတိုက်တာဗျ။ အဲဒီတုန်းက ကျနော်က အကြောင်းကိစ္စတခုနဲ့ ချင်းပြည်နယ် ရောက်နေတာ။”

“နဂါး ဘယ်မှာလဲ”သူတို့တတွေ အော်ဟစ်ကြတယ်။

တရွာလုံးက ယောက်ျားသားတွေဆိုရင်ကြီးကြီးငယ်ငယ် အကုန်ဖမ်း၊ လက်ပြန်ကြိုးနဲ့တုပ်ပြီးမေးတယ်။
နှိပ်စက်တယ်။ ရိုက်နှက်တယ်။

ပြည်သူတွေကို သေနတ်တွေနဲ့ လည်ပင်းကိုထောက်၊ ရှိသမျှရွှေငွေပစ္စည်းအကုန်ယူတယ်။

သူတို့ အားမရဘူး။ ရွာက အိမ်တွေ မီးရှို့တယ်။ အပြစ်မရှိတဲ့ ရွာသားတွေကို သတ်တယ်။ အလောင်းတွေကိုပါ မီးရှို့တယ် ။

တကယ့် လူသတ်ပွဲကြီးပါ။

“ရွာနားမှာ မိုင်းကွဲရင် နင်တို့ရွာ တရွာလုံး မီးနဲ့တိုက်ပစ်မယ်”

သူတို့အဲဒီလို ကြိမ်းမောင်းပြီး ၂၀၂၂- ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရွာထဲကထွက်သွားကြတယ်။

ဒါနဲ့ တပ်မတော်က ဗိုလ်နဂါးဆိုတဲ့သူ တစ်ယောက်ကိုဖမ်းဖို့ စစ်ကောင်စီက စစ်သား ၁၀၀ နဲ့ ၊ ရဟတ်ယာဉ်တွေနဲ့ ၊ဗုံးတွေနဲ့ .. ဘာဖြစ်တာပါလိမ့်..။

မြန်မာပြည်မှာ “နဂါးတပ်မင်း ပြည်တော်ဆင်းမှ မိစ္ဆာမင်းဆက်ပျက်လိမ့်မည်” လို့ အတိတ်တဘောင်ရှိထားတာမို့တဲ့။

မြန်မာ စစ်ခေါင်းဆောင်တွေ က အတိတ်တဘောင် ယတြာတွေကို သိပ်ယုံတာ။

တဘောင်ထဲက “နဂါးတပ်မင်း” ဆိုတာပါနေတော့ သူတို့ ဖိန့်ဖိန့်တုန်အောင်ကြောက်နေကြပါလေရော..။ ဒါကြောင့် ဗိုလ်နဂါးကို ပိုပြီး အသေသတ်ချင်တာ။

အမှန်တော့ တပ်မတော်က ဗိုလ်နဂါးကို ဘယ်သောအခါမှ သတ်လို့မရတော့ပါဘူး။

ဗိုလ်နဂါးက ဗိုလ်နဂါးအသစ်တွေ အများကြီးမွေးထုတ်ထားတယ်။

ဗိုလ်နဂါးသေရင် နောက်ထပ်ဗိုလ်နဂါးတွေ ထပ်ပေါ်လာမယ်။

“ ကျနော့်ကို သတ်နိုင်ရင်တောင်မှ ကျနော့်လိုလူတွေ အများကြီး ရှိနေပြီ။ အဲဒီလိုလူတွေ အများကြီး မွေးလာလိမ့်မယ် ဆိုတာ သူတို့ သိချင်မှ သိလိမ့်မယ်။”

စစ်ကောင်စီရဲ့ အကြံက မအောင်မြင်ခဲ့ပါ။ နဂါးမသေတဲ့အပြင် ဗမာလူမျိုးအများစုရဲ့ ထောက်ခံမှုကိုပါ တခဲနက်ရရှိသွားတော့တယ်။

စစ်တပ်ဟာ အညာမြေကပုလဲသားကို ရှုံးတယ်။ ရှုံးတော့ သွေးပျက်တယ်။ သွေးပျက်တော့ လုပ်မိလုပ်ရာ ပရမ်းပတာမိုက်ရိုင်းသွားတယ်။

အဲ့ဒါကို တပ်မတော် လို့ခေါ်ပါတယ်။

တပ်မတော်တဲ့လား..။

“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်”တဲ့။

အဲ့ဒီလို အော်ဟစ်ပြီး ကိုယ့် အကျိုးအတွက်ဆို ကိုယ့်ပြည်သူကိုပြန်သတ် ရက်စက်ရဲတဲ့လူ့မိစ္ဆာတွေကို — တပ်မတော်လို့ခေါ်ပါတယ်။

အများပိုင်တဲ့ ဒီရေမြေမှာ သူတို့တတွေပဲ အခွင့်ထူးခံနေကြပြီး အများပြည်သူ ဆန္ဒကိုတော့ သေနတ်ပြောင်းတွေနဲ့ အကြိမ်ကြိမ်ထိုးချ ရက်ရက်စက်စက်နင်းခြေတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ကမ္ဘာ့အလယ်မှာ ချမ်းသာ ထည်ဝါနိုင်တဲ့ သည်ရေ သည်မြေတွေကို အပိုင်စီး သူခိုးဈေးနဲ့ရောင်းချ ခွဲဝေယူခဲ့ကြတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ကိုယ်ကျိုးအတ္တအတွက် မျက်နှာပြောင်တိုက်ပြီးလည်လိမ်ခဲ့ကြတယ် လိမ်မရရင်အဓမ္မရက်စက်ပြတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

အာရှက သယံဇာတ အပေါကြွယ်ဆုံးနိုင်ငံက ကမ္ဘာ့ကျွန်အပေါဆုံးနိုင်ငံဖြစ်အောင်လုပ်တဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

“တစ်လက်မမှ အကျူးကျော်မခံဘူး” … ဒီလို လူအထင်ကြီးအောင်ကြွေးကြော်ရင်း ဘယ်သူမှ တစ်လက်မမှအကျူးကျော်မခံပဲ သူတို့ပဲ အားလုံးမောင်ပိုင်စီးထားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ဝယ်သူသာရှိနေရင် ပြည်သူကဘယ်လောက်တားတား တစ်တိုင်းပြည်လုံး တစ်လက်မ မကျန် ရောင်းစားချင်တဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

မြန်မာပြည်ဘယ်နေရာမှာ ဘာထွက်ထွက် တစ်လက်မမှမကျန်အောင်သူခိုးဈေးနဲ့ရောင်းစားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ကာကွယ်ရေးအလုပ်ကိုမလုပ်ပဲ အာဏာကိုမက် အဓမ္မဖက်ပြီး နည်းနည်းမှလက်မလွှတ်တဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

မကျေနပ်ရင် ဒီတိုင်းပြည်မှာ ပြည်သူတွေတစ်ယောက်မှ မရှိချင် မရှိပါစေနဲ့ သယံဇာတတွေကျန်ရင်ပြီးရောဆိုပြီး ဆန့်ကျင်သူအကုန်သတ် ရက်စက်လွန်းတဲ့တကယ့်လူ့မိစ္ဆာအုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

ညာလို့ရရင်ညာ၊ ညာလို့မရရင်သတ်၊ရက်စက်ကြမ်းကြုတ်တဲ့နည်းတွေနဲ့ မြန်မာပြည်၊ မြန်မာမြေ၊ မြန်မာ့အမွေကို ဆုပ်ကိုင်ထားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

မြန်မာပြည် ကို တိုင်းရင်းသား ညီအကိုမောင်နှမတွေ ကို ကျွန်လို သဘောထားတဲ့အုပ်စုကို — တပ်မတော်လို့ခေါ်ပါတယ်။

တပ်မတော်…တဲ့။
ပြည်သူတွေကို သတ်တာကို နိုင်ငံတော် အေးချမ်း သာယာတည်ငြိမ်ရေးလို့ အော်နေမှတော့ ဒီတိုင်းပြည်မပျက် ဘယ်တိုင်းပြည်ပျက်မလဲ… ။

ဒါက ဗိုလ်နဂါး နားလည်တဲ့ တပ်မတော်ဆိုတဲ့ အုပ်စု..။

မြန်မာပြည်သူတွေကရော ..?

ကိုယ်ပိုင်တဲ့ထမင်းဝိုင်းမှာ တိုင်းတပါးသားတွေနဲ့တပ်မတော်အုပ်စု အခန့်သား ထိုင်စားနေကြတာကို မျက်နှာငယ်ငယ် လျှာတစ်သပ်သပ်နဲ့ ဗိုက်ဆာပြီး ငေးကြည့်နေရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ထမင်းဝိုင်းအနားက ငုတ်တုတ်လေးတွေကြည့်နေရင်း သူတို့ပစ်ချတဲ့ အရိုးအရင်းလေးတွေကိုသာ အချင်းချင်း ရန်ဖြစ် တိုးဝှေ့လုယက်နေကြရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ထားရာနေ စေရာသွား၊ ခိုင်းတာလုပ်ရတဲ့ ကျွန်သာသာဘဝလေးတွေမှာပဲ အမွှေးအတောင်ညစ်ညစ်နဲ့ ဘဝနစ်မွန်းနေတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ပညာရေးကို စနစ်တကျရိုက်ချိုး ခံရပြီး အလိမ်အညာတွေယုံကြည်အောင် ဦးဏှောက်တွေ ထုံကျင် brainwashing အလုပ်ခံရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ဘယ်တော့မှမလှန်ရဲအောင် အယုတ်မာဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံးနည်းတွေနဲ့ အကြောက်တရားတွေပေး၊ အဖိနှိပ်ခံရလို့ ထုံပေနေတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

တိုင်းတပါးမှာ နည်းမျိုးစုံနဲ့ ကျွန်မဖြစ်သွားနေရပြီးသူတပါးနိုင်ငံသားရဲ့ခြေသလုံးကိုနှိပ်ပေးရင်း အနှိမ့်ချခံဘဝနဲ့ အသက်မွေးရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

တိုင်းတပါးသားတွေ အဝတ်က အညစ်အကြေးကိုလျှော်ဖွတ်ပေး၊ အိမ်သားဆေးရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

အမျိုးကောင်းသမီးဘဝကနေ အငှါးမယားပြည့်တန်ဆာအဖြစ်နဲ့ ဟိုရင်ခွင် ဒီရင်ခွင်ရောက် ဘဝပျက်ရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ပညာတတ်လည်းသူ့ကျွန် ပညာမတတ်လည်းသူ့ကျွန်၊ ကိုယ့်နိုင်ငံလာလည်း ကိုယ်ကကျွန်၊ သူ့နိုင်ငံသွားလည်းကိုယ်ကကျွန်၊ အဆင့်နိမ့်ကျွန်ပညာရေးနဲ့ ကျွန်အဖြစ်မွေးအထုတ်ခံရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ခေတ်အဆက်ဆက်မှာ မျက်ရည်ကြားက ပြုံးနိုင်အောင် အလေ့ကျင့်ထားခံရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

တပ်မတော်အုပ်စုက သူခိုးဈေးနဲ့ရောင်းလိုက်တဲ့ကုန်ကြမ်းတွေကို တိုင်းတပါးမှာ ဈေးအပေါဆုံးကျွန်ခံ အခနဲ့ ကုန်ချောပြန်လုပ်ပေးရတဲ့အုပ်စုကို — မြန်မာပြည်သူတွေလို့ခေါ်ပါတယ်။

ဒါ ဗိုလ်နဂါး နားလည်တဲ့ မြန်မာပြည်သူတွေပါ။

အခုကာလဟာ ပြည်သူကိုချစ်လို့ကွယ်ပေးနေတဲ့ ပြည်သူ့ သားသမီးတွေကို ပြည်သူ့ရှေ့မှာ ရက်ရက်စက်စက်သတ်ပြနေတာကို ပြည်သူကိုယ်တိုင် ဝမ်းနည်းပက်လက်နဲ့ မျက်မြင်တွေ့နေရတဲ့ ကာလဖြစ်ပါတယ်။

အခါခါသေခဲ့ပြီးတဲ့ မြန်မာပြည်သူတွေအတွက် သေနတ်ဆိုတာလည်း ကြောက်စရာ မဟုတ်တော့ပြီ..။

ဒီနေ့ ပြည်သူတွေက သေနတ်ထက် သူတို့ မွေးထားတဲ့ အနာဂတ်ရင်သွေးတွေကို တပ်မတော် လက်ထဲထည့်ပေးခဲ့ရမှာပဲ ပြည်သူတွေက တွေးတွေးပြီး ပိုကြောက်နေပါတယ်။

“အဲဒီလိုမျိုးအဖြစ်အပျက် ငါတို့ကလေးတွေ နောက်ထပ်မခံစားစေရဘူးဟေ့……” လို့ကြွေးကြော်နေတာက ဗိုလ်နဂါးဖြစ်ပါတယ်။

စစ်ကောင်စီက သူ့စစ်သားတွေကို ဒီလိုအော်ပြောလိုက်တယ်။

ရဲဘော်တို့—

“ ပြည်သူတစ်ယောက်မှ မကျန်လည်းကိစ္စမရှိဘူး။ တိုင်းပြည် သယံဇာတတွေကျန်ခဲ့ရင်ပြီးတာပဲ….” တဲ့။

ဗိုလ်နဂါးက စစ်ကောင်စီရဲ့ အဲ့ဒီ စစ်သားတွေကိုပဲ ဒီလိုထပ်ပြီး အော်ပြောလိုက်ပြန်တယ်။

ရဲဘော်တို့—

“ စိုးရိမ်ပူဆွေးမှုတွေပြည့်နှက်နေတဲ့ပြည်သူ့မျက်ရည်တွေကို ရဲဘော်တို့ရဲ့သူရဲကောင်းဆန်တဲ့လက်‌တွေနဲ့ သုတ်ပေးပါ..” တဲ့။

စစ်ကောင်စီရဲ့ စစ်သားတွေကတော့ သေနတ်တွေဆုပ်ကိုင်ပြီးတွေဝေနေဆဲပါ။ကျွန်ုပ်တို့ပြည်သူ အားလုံးသည် ဗိုလ်နဂါးများဖြစ်ကြပါသည်။

Crd

Leave a Reply

Your email address will not be published.