သူ ထပ်မံမွေးစားလိုက်တဲ့ ကမ္ဘာ့အသေးဆုံး ဆိတ်လေးကို ပရိသတ်ဆီ ထုတ်ပြလာတဲ့….see more

Cele News

မင်္ဂလာပါ မိတ်ဆွေတို့ရေ မိန်းကလေးတွေ အသဲစွဲ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ အာရှတစ်ခွင်မှာသာမက အနောက်နိုင်ငံတွေထိပါ အောင်မြင်ကျော်ကြားနေတဲ့ မော်ဒယ်လ်မင်းသားတစ်လက်ဖြစ်ပြီး

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ ပြည့်စုံကာ တောင့်ဖြောင့်မိမိုက်လွန်းတဲ့ ခန္ဓာကိုယ်၊

ချိုမြအေးချမ်းတဲ့ အပြုံး၊ ကြည်လင်ပြီး တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေကို ညှို့ယူဖမ်းစားထားသူတစ်ဦးပါပဲ။ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုများမှာပါဝင်ခဲ့တဲ့အတွက်

ဖ.မ်းဆီးခံခဲ့ရပြီး သိပ်မကြာခင် ကာလကမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပိုင်တံခွန် ပြန်လည်လွတ်မြောက်လာခြင်းအပေါ် မြန်မာတွင်သာမက နိုင်ငံတကာကပရိတ်သတ်တွေကလည်း

ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ် ပရိတ်သတ်တွေတိုင်းက တန်ဖိုးထားချစ်ရတဲ့ ပိုင်တံခွန် က အနုပညာမှာ ထူးချွန်ရုံသာမက လူမှုဆက်ဆံရေးကောင်းမွန်တဲ့အတွက် လူချစ်လူခင်လည်း

အင်မတန်ပေါသူတစ်ယောက် ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ အနုပညာပိုင်းမှာထူးချွန်ရုံသာမက တိရစ္ဆာန်လေးတွေအပေါ် ဂရုစိုက်ကြင်နာတတ်မှုတွေကြောင့် ပရိတ်သတ်တွေ ရဲ့ အချစ်ကို တိုးကာရရှိထားတဲ့

အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ကိုပိုင်ဟာ သူ့အိမ်မှာ တိရစ္ဆာန် မျိုးစုံနီးပါးကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးထားတဲ့အတွက် သူ့ကို ပရိတ်သတ်တွေက တိရစ္ဆာန်ရုံပိုင်ရှင်ကြီးလို့တောင်

နာမည်ပြောင်ပေးကာ စနောက်နေကြတာဖြစ်ပါတယ်။ အဲ့သလိုစနောက်ခံနေရတဲ့ကြားကပဲ ပိုင်တံခွန်ဟာ ယခုတစ်ခေါက်မှာလဲ ကမ္ဘာ့အသေးဆုံးဆိတ်ကို ထပ်မံမွေးစားလိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာ့အသေးဆုံးဆိတ်ကလေးကို

သူအရမ်းတွေချစ်ပြီး သဘောကျနေကြောင်းကိုလည်း သူ့ရဲ့ fb Story တွေမှာတင်လာခဲ့တာဖြစ်လို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်စေရန် တဆင့်ပြန်လည်မျှဝေပေးလိုက် ရပါတယ်။ လေးစားစွာဖြင့်

Credit

Leave a Reply

Your email address will not be published.