စခန်းသိမ်းတိုက်ပွဲပြန် PDF တွေကို လူထုကဝမ်းသာကြိုဆို ကျဆုံးသူတွေအတွက် စိတ်မကောင်းဖြစ်ရ
ပေါက် ၊ဇွန် ၉ ၊ ၂၀၂၂။
ပေါက်မြို့ ၊ ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲပြန် PDF တွေကို လူထုက ဝမ်းသာအားရကြိုဆိုခဲ့ကြပေမယ့် ကျဆုံးခဲ့သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ People’s Defence Force Yenangyaung ဗိုလ်ဟစိက မြေလတ်အသံကိုပြောပါတယ်။




ဇွန်လ ၉ ရက်နေ့က တိုက်ပွဲပြန် PDF တွေကို လူထုက အောင်ပန်းတွေကမ်းတာ၊ ရေစင်တွေဖြန်းတာ တွေပြုလုပ်ခဲ့ကြပါတယ်။
“ကျနော်တို့ပီတိကတော့ဖြစ်ပါတယ်၊ ဒါပေမဲ့ကျနော်တို့ဘက်ကလည်း အကျအဆုံးတွေဖြစ်ခဲ့ကြတော့ ပျော်ချင်တိုင်းမပြောခဲ့ရဘူးပေါ့၊ ပြည်သူတွေကြိုဆိုမှုမှာတော့ ပီတိဖြစ်ပြီးအားလည်းအရမ်းဖြစ်ခဲ့ရပါတယ်၊ ကျနော်တို့ရှေ့ဆက်လုပ်ဖို့လည်း အင်အားတော်တော်ရခဲ့ပါတယ်၊




ကျနော်တို့လည်း မနိုင်မချင်းသွားရမှာပါပဲ၊ ပြည်သူတွေလည်းဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်ပေးပါလို့ ပြောချင်တယ်ဗျာ၊” ဟု ဗိုလ်ဟစိကပြောပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲမှာ PDF ရဲဘော် ၂ ဦးကျဆုံးပြီး ၅ ဦးဒဏ်ရာရှိခဲ့သလို စစ်ကောင်စီရဲတပ်ဖွဲ့ဘက်မှလည်း ရဲ ၄ ဦး သေဆုံးခဲ့ပါတယ်။
ယခုဒေသခံတွေကြိုဆိုသလိုမျိုး ရေနံချောင်းပြည်သူတွေလည်း ကြိုဆိုပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့ကို လည်း ၎င်း ကတိုက်တွန်းထားပါတယ်။
#မြေလတ်အသံ
Crd
Unicode
စခန္းသိမ္းတိုက္ပြဲျပန္ PDF ေတြကို လူထုကဝမ္းသာႀကိဳဆို က်ဆုံးသူေတြအတြက္ စိတ္မေကာင္းျဖစ္ရ
ေပါက္ ၊ဇြန္ ၉ ၊ ၂၀၂၂။
ေပါက္ၿမိဳ႕ ၊ ကိုင္းလယ္ရဲစခန္းသိမ္းတိုက္ပြဲျပန္ PDF ေတြကို လူထုက ဝမ္းသာအားရႀကိဳဆိုခဲ့ၾကေပမယ့္ က်ဆုံးခဲ့သူေတြအတြက္ စိတ္မေကာင္းျဖစ္ရတယ္လို႔ People’s Defence Force Yenangyaung ဗိုလ္ဟစိက ေျမလတ္အသံကိုေျပာပါတယ္။




ဇြန္လ ၉ ရက္ေန႔က တိုက္ပြဲျပန္ PDF ေတြကို လူထုက ေအာင္ပန္းေတြကမ္းတာ၊ ေရစင္ေတြျဖန္းတာ ေတြျပဳလုပ္ခဲ့ၾကပါတယ္။
“က်ေနာ္တို႔ပီတိကေတာ့ျဖစ္ပါတယ္၊ ဒါေပမဲ့က်ေနာ္တို႔ဘက္ကလည္း အက်အဆုံးေတြျဖစ္ခဲ့ၾကေတာ့ ေပ်ာ္ခ်င္တိုင္းမေျပာခဲ့ရဘူးေပါ့၊ ျပည္သူေတြႀကိဳဆိုမႈမွာေတာ့ ပီတိျဖစ္ၿပီးအားလည္းအရမ္းျဖစ္ခဲ့ရပါတယ္၊ က်ေနာ္တို႔ေရွ႕ဆက္လုပ္ဖို႔လည္း အင္အားေတာ္ေတာ္ရခဲ့ပါတယ္၊




က်ေနာ္တို႔လည္း မနိုင္မခ်င္းသြားရမွာပါပဲ၊ ျပည္သူေတြလည္းဆက္လက္ၿပီးေတာ့ ပူးေပါင္းပါဝင္ေပးပါလို႔ ေျပာခ်င္တယ္ဗ်ာ၊” ဟု ဗိုလ္ဟစိကေျပာပါတယ္။
အဲဒီစခန္းသိမ္းတိုက္ပြဲမွာ PDF ရဲေဘာ္ ၂ ဦးက်ဆုံးၿပီး ၅ ဦးဒဏ္ရာရွိခဲ့သလို စစ္ေကာင္စီရဲတပ္ဖြဲ႕ဘက္မွလည္း ရဲ ၄ ဦး ေသဆုံးခဲ့ပါတယ္။




ယခုေဒသခံေတြႀကိဳဆိုသလိုမ်ိဳး ေရနံေခ်ာင္းျပည္သူေတြလည္း ႀကိဳဆိုၿပီး ေတာ္လွန္ေရးမွာ ဆက္လက္ပါဝင္ၾကဖို႔ကို လည္း ၎ ကတိုက္တြန္းထားပါတယ္။
#ေျမလတ္အသံ
Crd