“တစ်တိုင်းပြည်လုံးစစ်မျက်နှာပြင်ဖွင့်ရင်တော့ ဒီနေ့ဖွင့်ရင်နောက် ၁၅ရက်၊ရက်၂၀ဆို တော်လှန်ရေးကပြီးပြီပဲဗျ”ဗိုလ်နဂါးပြောလာ

News

“တစ္တိုင္းျပည္လုံးစစ္မ်က္ႏွာျပင္ဖြင့္ရင္ေတာ့ ဒီေန႔ဖြင့္ရင္ေနာက္ ၁၅ရက္၊ရက္၂၀ဆို ေတာ္လွန္ေရးကၿပီးၿပီပဲဗ်”ဗိုလ္နဂါးေျပာလာ

“တစ္တိုင္းျပည္လုံးစစ္မ်က္ႏွာျပင္ဖြင့္ရင္ေတာ့ ဒီေန႔ဖြင့္ရင္ေနာက္ ၁၅ရက္၊ရက္၂၀ဆို ေတာ္လွန္ေရးကၿပီးၿပီပဲဗ်”ပုလဲျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္ ဗိုလ္နဂါးနဲ႔ဆက္သြယ္ေမးျမန္းဘယ္သူေတြက႐ိုးသားဖို႔လိုေနတာလဲ။စစ္မ်က္ႏွာျပင္အေျခအေနဘယ္လိုရွိမလဲ။

မင္းေအာင္လႈိင္အေျခအေနဘယ္လိုလဲ။ဒီတိုက္ပြဲကႏိုင္ပါ့မလား။စတဲ့အေျဖေတြသိရွိႏိုင္ဖို႔ မိုးႀကိဳးသတင္းဌာနက ပုလဲျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္ ဗိုလ္နဂါးနဲ႔ေမးျမန္းထားပါတယ္။

ေမး။ အခုကေတာ္လွန္ေရးကလအေတာ္ၾကာၿပီဆိုေတာ့ ဗိုလ္နဂါးတို႔ အားရၿပီလို႔ေျပာလို႔ရသလာစ။ေျပာလို႔မရေသးဘူးလား။
ေျဖ။ သြားေနတဲ့လူေတြ၊ႀကိဳးစားေနတဲ့ရဲေဘာ္ေတြအတြက္အားရတယ္ဗ်။ဒါေပမဲ့တတိုင္းျပည္လုံးအတြက္ ၾကည့္ရင္ေတာ့ေတာ္ေတာ္ကိုအားမရေသးဘူးဗ်။ပါဝင္မႈကနည္းတယ္။ပါဝင္ေနတဲ့လူတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကိုေတာ့ ေငြပဲပါပါ၊လူပဲပါပါအားရတယ္။ က်န္ေနေသးတယ္။လြတ္လပ္ေရးကို လိုခ်င္ေနၿပီးေတာ့ ပါးစပ္ေလာက္ပဲ ပါရင္PDFပဲလို႔ေရာၿပီး အမည္ခံေနတဲ့လူေတြရွိေနေသးတယ္။

အဲဒါကေတာ့ ကြၽန္ေတာ္လက္မခံဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ ပါးစပ္ေလာက္ကေတာ့ ဘယ္သူေနေနလုပ္ႏိုင္တာပဲေလဗ်ာ။ပါးစပ္နဲ႔ဆန္႔က်င္တယ္ဆိုတာေလာက္ကေတာ့၊ဒီအခ်ိန္မွာ ပါးစပ္နဲ႔မရေလာက္ေတာ့မွ အသက္ေတြ စြန္႔တိုက္ေနရတဲ့အခ်ိန္မွာ ပါးစပ္ေလာက္နဲ႔ဆိုတဲ့သူေတြကို အားမရေသးဘူး။

ဒါေပမဲ့ပါဝင္ေနတဲ့လူတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကိုအားရတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ဒီေလာက္ ေရသာခိုေနတဲ့လူေတြမ်ားေနတဲ့ၾကားက အမ်ားအတြက္ အသက္ေတြ၊ဘဝေတြ စြန္႔ေနတဲ့လူေတြက်အားရတယ္။အဲဒီလိုမ်ိဳး လြတ္လပ္ေရးကို လိုခ်င္လို႔ အသက္ေတြ၊ဘဝေတြ စြန္႔ၿပီးတိုက္ေနတဲ့လူေတြကို ျမင္ေနပါလ်က္နဲ႔ကိုယ္လိုခ်င္တဲ့လြတ္လပ္ေရးကိုပါးစပ္ေလးနဲ႔တင္ အားေပးေနတဲ့လူေတြကို ေစာ္ကားတာေတာ့မဟုတ္ဘူး။ကြၽန္ေတာ္အားမရဘူးဗ်။အဲဒီေတာ့ အားမရတဲ့အပိုင္းကပိုမ်ားေနေသးတယ္။

ေမး။ စစ္မ်က္ႏွာျပင္က စစ္ကိုင္းတိုင္းနဲ႔ကရင္ျပည္နယ္လိုပဲဖစ္ေနေတာ့ တတိုင္းျပည္လုံးေရာ စစ္မ်က္ႏွာျပင္အျမန္ဆုံးဖြင့္ဖို႔မ်ားလိုမလား

။ေျဖ။ တစ္တိုင္းျပည္လုံးစစ္မ်က္ႏွာျပင္ဖြင့္ရင္ေတာ့ ဒီေန႔ဖြင့္ရင္ေနာက္ ၁၅ရက္၊ရက္၂၀ဆိုၿပီးၿပီပဲဗ်။ေတာ္လွန္ေရးက

၊ေမး။ဒါဆို စစ္မ်က္ႏွာျပင္ဖြင့္ဖို႔ေနာက္က်လို႔ ဒီေတာ္လွန္ေရးကၾကာေနတာလို႔ ဆိုလိုတာလား။

ေျဖ။ အဲဒါကေသခ်ာေပါက္ပဲဗ်။ဘာျဖစ္လို႔လဲ ဆိုေတာ့ အားလုံးကတာေပၚမွာထိုင္ေစာင့္ေနၿပီး ႐ႊီဆိုခရာမႈတ္မွ ထေျပးရမဲ့ပြဲမဟုတ္ဘူး။ရန္သူကဒီပြဲအတြက္ ေရွ႕ကေတာင္ ေျပးၿပီးၿပီ။တိုင္းျပည္ေတာင္ သိမ္းၿပီးၿပီ။ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔လုပ္ရမဲ့အလုပ္ေတြ၊ကြၽန္ေတာ္တို႔လွမ္းရမဲ့ေျခလွမ္းေတြ အမ်ားႀကီးေနာက္က်ေနတယ္။တစ္တိုင္းျပည္လုံးသာ ညီၾကည့္ပါလား။

ဒီကေန႔ စညီၾကည့္ရင္ ကြၽန္ေတာ္ေျပာတယ္။၁၄ရက္၁၅ရက္၊ရက္၂၀၊အမ်ားဆုံးတစ္လေပါ့။ဒီေတာ္လွန္ေရးက ၿပီးမွာ။ၿပီးဖို႔လည္းလိုေနတယ္။ႏိုင္ဖို႔လည္း လိုမွန္းသိရဲ႕သားနဲ႔ ပါဝင္မႈကတစ္တိုင္းျပည္လုံးနဲ႔စာရင္ ေတာ္ေတာ္နည္းေနပါေသးတယ္။ပါေနတဲ့လူေတြက အမွန္အကန္နည္း။မပါေနတဲ့လူေတြကပါေနလို႔ၾကာေနတာ။အဲဒီေတာ့ တစ္တိုင္းျပည္လုံး စစ္မ်က္ႏွာဖြင့္ဖို႔လိုေနၿပီ

ေမး။ အခုက မင္းေအာင္လႈိင္က သူေတာ္ေတာ္ေလး အထိနာတာေတာင္ ေရွ႕ကိုဆက္တိုးေနတာေတြ႕ရတယ္။သူဘာေၾကာင့္ဆက္တိုးေနတယ္ထင္လဲ။

ေျဖ။ အဲဒါက ကြၽန္ေတာ္လည္း ကြၽန္ေတာ္ျမင္သေလာက္ဥာဏ္နဲ႔ေဝဖန္တာေပါ့ဗ်ာ။ ကြၽန္ေတာ္ကဥာဏ္တိမ္တာျဖစ္ႏိုင္တဲ့အတြက္ေလ။သူ႔အေနနဲ႔က ဥာဏ္တိမ္တာဗ်။ယုတ္မာတဲ့စိတ္ထားရွိ႐ုံမကဘူး။သူ႔အေနနဲ႔ဥာဏ္တိမ္တာ။သူက ဒီဥစၥာကို ယုတ္မာလက္စနဲ႔ဘယ္သူကလက္ခံခံ၊မခံခံငါကေတာ့ ရရ၊မရရ ဆက္သြားမယ္ဆိုတာမ်ိဳး၊ လူယုတ္မာခ်င္းအတူတူ ဘဝကို လူယုတ္မာနဲ႔ပဲအဆုံးသတ္ခ်င္လို႔ ဆက္သြားေနတာ။

သူကမႏိုင္ႏိုင္ေတာ့ဘူးဆိုတာ သိသင့္ေနၿပီ။ ျပည္သူတစ္ရပ္လုံးကလက္မခံဘူး။ျပည္သူတစ္ရပ္လုံးက တစ္ေန႔တည္းထမညီရင္ေတာင္မွ တစ္ရက္ခ်င္း၊တစ္ရက္ခ်င္း ညီရင္၊ဥပမာ သူPDFတစ္ေယာက္ကိုသတ္လိုက္တယ္။PDFဆယ္ေယာက္ေလာက္ထပ္တိုးလာတာပဲ။အဲဒါကို သူသိသင့္တယ္။

သူ႔အေနနဲ႔ကသူလုပ္တဲ့ လုပ္ရပ္က ျပည္သူလက္မခံဘူးဆိုတာလည္း သူသိေနၿပီ။ဘယ္လိုပဲ သူက ျပည္သူကိုဦးထိပ္ထားတယ္။ျပည္သူ႔ဆႏၵအရ ပဲေျပာေနေျပာေန သူ႔ကိုယ္တိုင္ခံစားမိတယ္။သူ႔ကို ျပည္သူကလက္မခံဘူးဆိုတာ။ အဲဒါလူယုတ္မာလမ္းစဥ္ကို မဆုတ္မနစ္ေ႐ြးတာဆိုေတာ့ မႏိုင္ႏိုင္မွန္းလည္းသိေနတယ္။

ဥာဏ္တိမ္တာပဲဗ်။တကယ္တမ္း ဒီအခ်ိန္မွာ သူဟာလက္နက္ခ်လိုက္မယ္။ျပည္သူကိုအမွားဝန္ခံလိုက္မယ္ဆိုရင္ ကမာၻမွာလူယုတ္မာ စာရင္းထဲမွာသူတစ္ေယာက္ေလ်ာ့မွာေသခ်ာတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ေနာက္ဆုံးအခ်ိန္မွာ လက္နက္ခ်တာရယ္၊ျပည္သူကိုအာဏာျပန္အပ္တာရယ္ေၾကာင့္ဘျပည္သူ႔ရဲ႕ခ်စ္ခင္မႈကိုမေသခင္ ေလးမွာနည္းနည္းရသြားေသးတယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔သုကလူယုတ္မာစာရင္းထဲကေတာင္ေပ်ာက္သြားႏိုင္တယ္။အဲဒါ သူမေတြးတာ။ဥာဏ္တိမ္တာလို႔ျမင္တယ္။ကြၽန္ေတာ္ေတာ့။

ေမး။ လက္ရွိေပါ့ေလ။အားလုံးလည္းဝိုင္းႀကိဳးပမ္းေနတယ္။ဒါေပမဲ့ အခ်ိန္တိုအတြင္းမွာ ဗိုလ္နဂါးအဖြဲ႕ဟာ လူထုေထာက္ခံမႈအားေကာင္းၿပီးအခ်ိန္တိုတြင္း ေအာင္ျမင္တာဘာေၾကာင့္လို႔ျမင္လဲ။

ေျဖ။ ကြၽန္ေတာ္ျမင္တာကေတာ့ဘကြၽန္ေတာ္တိုႏိုင္ငံအခုလို ဘာေၾကာင့္ေအာက္တန္းေနာက္တန္းက်သြားတာလဲဆိုရင္ စစ္ေကာင္စီေၾကာင့္အာဏာရွင္ေၾကာင့္ဆိုေပမဲ့ကြၽန္ေတာ္ ဘာကို ေျပးျမင္လဲဆိုေတာ့ မ႐ိုးမသားလုပ္တဲ့လူေတြမ်ားလို႔။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေတာ္လွန္ေရးလုပ္ခဲ့ၾကတယ္။ေတာ္လွန္ေရးအေယာင္ေဆာင္ၿပီးေတာ့ လုပ္ခဲ့ၾကတယ္။တစ္ဖက္မွာ မ႐ိုးသားမႈေတြနဲ႔ ကိုယ္က်ိဳးကိုၾကည့္ၿပီး ေနတဲ့အခါ၊ၾကည့္လိုက္ေရွ႕မွာ ကြၽန္ေတာ္တိုနမူနာျပစရာ ေတာ္လွန္ေရးသမားေတြကပဲဗိုလ္ခ်ဳပ္ကို ျပန္သတ္ၾကတာ။

အဲဒီေတာ့ ေတာ္လွန္ေရးလုပ္ေနတဲ့လူေတြကပဲ တိုင္းျပည္ရဲ႕အနာဂါတ္ကို ျပန္သတ္ခဲ့တယ္လို႔ ကြၽန္ေတာ္ျမင္တယ္ဗ်။တကယ္တမ္း အာဏာရွင္က အာဏာကိုတရားမွ်တေအာင္ သုံးစြဲရင္ ျပည္သူ႔အတြက္ေဆးဖက္ဝင္မွာဘဲ။

အာဏာမပါဘဲ တိုင္းျပည္ကို အုပ္ခ်ဳပ္လိုမရဘူး။တကယ္တမ္းပ်က္စီးတာ အာဏာရွင္လည္းမဟုတ္ဘူး။ကြၽန္ေတာ္တို႔ေတာ္လွန္ရမွာက မ႐ိုးသားမႈေၾကာင့္တိုင္းျပည္ပ်က္စီးတာကိုရွာေတြ႕ၿပီးေတာ့ ကြၽန္ေတာ္က ကြၽန္ေတာ့္ရဲေဘာ္ေတြကို ေတာ္လွန္ေရးမွာ ႐ိုး႐ိုးသားသားနဲ႔လုပ္ဖို႔ ၊ကိုယ့္စိတ္ကိုယ္လည္းခ်ိဳးႏွိမ္ၿပီး ေတာ့႐ိုး႐ိုးသားသားနဲ႔ ဒီေတာ္လွန္ေရးကိုပါဝင္ဖို႔ ရဲေဘာ္အကုန္လုံးကို ေရွ႕ကလည္း ဦးေဆာင္ျပတယ္။

အဲဒီလမ္းစဥ္ကိုလည္း သူတို႔ကို က်င့္ႀကံခိုင္းတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္မွာေတာင္ ေတာ္လွန္ေရးကို အစတုန္းကမပါဘူး။အခုေအာင္ျမင္လာမွ တျခားအဖြဲ႕ေတြရွိပါတယ္။မေန႔ကကြၽန္ေတာ္တို႔ အသက္စြန္႔ၿပီးတိုက္လိုက္တဲ့တိုက္ပြဲမွာေတာင္မွ မပါဘဲနဲ႔ သူတို႔တိုက္လိုက္တယ္ဆိုၿပီး သူတိုေပ့ခ္်ေတြကေနအမည္ခံထားတာေတြရွိတယ္။အဲဒါကဘာလဲဆိုေတာ့ႏိုင္ငံေရးကိုအသုံးခ်ၿပီးေတာ့ ကိုယ့္ရဲ႕ ၾသဇာအရွိန္အဝါ ေငြေၾကး၊စည္းစိမ္တည္ေဆာက္ခ်င္တဲ့စိတ္ဓာတ္ေတြ ေတာ္လွန္ေရးထဲမွာပါလာၾကတာပဲ။

ကြၽန္ေတာ့္ ရဲေဘာ္ေတြအဲဒီစိတ္မေမြးဖို႔သင္တယ္။ကြၽန္ေတာ္တို႔က ကိုယ္လုပ္တဲ့အလုပ္ကို ရဲရဲဝံ့ဝံ့လုပ္ခ်ျပ၊႐ိုး႐ိုးသားသားက်င့္ႀကံတဲ့နည္းနဲ႔သြားတယ္။တကယ္လည္း ကြၽန္ေတာ္တို႔တိုက္တယ္။တိုက္ဟန္ေဆာင္ၿပီးေတာ့ သူမ်ားတိုက္တဲ့သတင္းကို လိုက္တင္ၿပီးေတာ့ ေနတဲ့အဖြဲ႕အစည္းေတြမဟုတ္ဘူး။ကိုယ္ႏိုင္တိုက္၊ကိုယ္တိုင္တင္ေနေတာ့ ဒါကတျဖည္းျဖည္းနဲ႔ ကြၽန္ေတာ္တို႔ေအာင္ျမင္မႈဟာ ႐ိုးသားမႈကို အေျခခံၿပီးေတာ့ ဒါက ကံတရားျဖစ္လာတာ။ကြၽန္ေတာ္တို႔ ေအာင္ျမင္မႈျဖစ္လာတာေပါ့။

ေမး။ NUGနဲ႔ ျပည္သူလူထုကိုေရာ ဘာမ်ားအမွာစကားပါခ်င္လည္း။

ေျဖ။ အားလုံး႐ိုး႐ိုးသားသားနဲ႔ဘဝကို ျဖတ္သန္းၾကပါေနာ့။ၿပီးေတာ့ ျပည္သူေတြအေနနဲ႔လည္း ဒီစစ္ေကာင္စီကိုဖယ္ပစ္လိုက္ၿပီး ျပည္သူေတြကမ႐ိုးသားဘူး။မ႐ိုးသါးတဲ့စိတ္ေတြနဲ႔ျပည္သူအခ်င္းခ်င္းၾကားမွာရွိေနဦးမယ္ဆိုရင္ ဒီလူေတြဖယ္ပစ္လည္း ေနာက္တင္ရမဲ့ေခါင္းေဆာင္ကမ႐ိုးသားတဲ့လူေတြလာရင္ ဒုကၡကပုံစံသာကြဲသြားမယ္။ေနာက္လာတဲ့ဒုကၡကပိုၿပီးေတာင္ ဆိုးတာက်န္တဲ့လူေတြႀကဳံခ်င္ႀကဳံရႏိုင္တယ္။အဲဒီေတာ့ ဒီေကာင္ေတြကိုဖယ္ၿပီးရင္ အဲဒီေနရာကိုဝင္မဲ့လူေတြကဘ႐ိုးသားမႈကို အရင္ေမြးထားၾကပါ

။ျပည္သူေတြအေနနဲ႔လည္း ကိုယ္ကိုယ္တိုင္ေရာ ကိုယ္ေမ္းတဲ့ကေလးကိုေရာ ႐ိုးသားမႈကိုအရင္သင္ထားေပးၾကပါ။ၿပီးေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ တာဝန္ယူခ်င္စိတ္နည္းေနပါေသးတယ္။ကိုယ္လိုခ်င္တဲ့ေနရာမွာ ကိုယ္တာဝန္ယူခ်င္စိတ္နည္းေနပါေသးတယ္။ဥပမာ လမ္းေကာင္းေကာင္းသြားခ်င္ေပမဲ့ဗြက္ဖို႔ပို႔ဆႏၵမရွိဘူး။သူမ်ားဖို႔တာကိုေစာင့္ေနတဲ့ျပည္သူမ်ိဳးေတြေပါ့။အဲဒီစိတ္မ်ိဳးေတြေပါ့။အဲဒီစိတ္ေတြျပင္ၾကပါ။

တာဝန္ယူစိတ္ေတြေမြးပါ။႐ိုးသားမႈကိုေမြးပါ။အဲဒီႏွစ္ခ်က္ရွိေနရင္ ႏိုင္ငံတစ္ႏိုင္ငံက ေကာင္းစားလာဖို႔လြယ္ကူလာလိမ့္မယ္ထင္တယ္။႐ိုးသားမယ္။တာဝန္ယူစိတ္ရွိမယ္ဆိုရင္ က်န္တဲ့တိုးတက္ဖို႔ေတြ၊စည္းကမ္းရွိဖို႔ေတြ ထူးေထြေျပာေနစရာကို မလိုေတာ့ဘူး။ျပည္သူေတြအေနနဲ႔႐ိုးသားပါ။႐ိုးသားစိတ္ကိုေမြးျမဴပု။မ႐ိုးသားတဲ့လူေတြကိုဖယ္ၿပီးျပန္တင္ရမဲ့လူကလည္း မ႐ိုးသားေနဘူးဆိုရင္ ကြၽန္ေတာ္တို႔ ေတာ္လွန္ေရးကဘုရားပြင့္ၿပီးတာေတာင္လည္ေနဦးမွာ။

NUGအေနနဲ႔လည္း အေနအထားအရ စီမံခန္႔ခြဲမႈအားနည္းခ်က္ေတြကိုတျဖည္းျဖည္း ျပဳျပင္ရင္းနဲ႔ဒီ့ထက္ပိုမိုေကာင္းမြန္တဲ့ဦးေဆာင္မႈေတြ နဲ႔အတူ ျမန္မာႏိုင္ငံရဲ႕လြတ္လပ္ေရးကိုခ်ဥ္းကပ္တဲ့ေနရာေပါ့။ဒီမိုကေရစီႏိုင္ငံေတာ္ကိုခ်ဥ္းကပ္တဲ့ေနရာမွာ ပိုမိုေကာင္းမြန္တဲ့ဦးေဆာင္မႈေတြ ေျမျပင္အဖြဲ႕အစည္းေတြခ်ိတ္ဆက္တဲ့ေနရာမွာလည္း မွန္ကန္ေအာင္ပိုၿပီးေတာ့ ႀကိဳးစားေပးပါ။
ေမး။ ေက်းဇူးတင္ပါတယ္။
ျပန္လည္ေဖာ္ျပေသာ အင္တာဗ်ဴး

Unicode

“တစ်တိုင်းပြည်လုံးစစ်မျက်နှာပြင်ဖွင့်ရင်တော့ ဒီနေ့ဖွင့်ရင်နောက် ၁၅ရက်၊ရက်၂၀ဆို တော်လှန်ရေးကပြီးပြီပဲဗျ”ဗိုလ်နဂါးပြောလာ

“တစ်တိုင်းပြည်လုံးစစ်မျက်နှာပြင်ဖွင့်ရင်တော့ ဒီနေ့ဖွင့်ရင်နောက် ၁၅ရက်၊ရက်၂၀ဆို တော်လှန်ရေးကပြီးပြီပဲဗျ”ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ဆက်သွယ်မေးမြန်းဘယ်သူတွေကရိုးသားဖို့လိုနေတာလဲ။စစ်မျက်နှာပြင်အခြေအနေဘယ်လိုရှိမလဲ။

မင်းအောင်လှိုင်အခြေအနေဘယ်လိုလဲ။ဒီတိုက်ပွဲကနိုင်ပါ့မလား။စတဲ့အဖြေတွေသိရှိနိုင်ဖို့ မိုးကြိုးသတင်းဌာနက ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့မေးမြန်းထားပါတယ်။

မေး။ အခုကတော်လှန်ရေးကလအတော်ကြာပြီဆိုတော့ ဗိုလ်နဂါးတို့ အားရပြီလို့ပြောလို့ရသလာစ။ပြောလို့မရသေးဘူးလား။
ဖြေ။ သွားနေတဲ့လူတွေ၊ကြိုးစားနေတဲ့ရဲဘော်တွေအတွက်အားရတယ်ဗျ။ဒါပေမဲ့တတိုင်းပြည်လုံးအတွက် ကြည့်ရင်တော့တော်တော်ကိုအားမရသေးဘူးဗျ။ပါဝင်မှုကနည်းတယ်။ပါဝင်နေတဲ့လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုတော့ ငွေပဲပါပါ၊လူပဲပါပါအားရတယ်။ ကျန်နေသေးတယ်။လွတ်လပ်ရေးကို လိုချင်နေပြီးတော့ ပါးစပ်လောက်ပဲ ပါရင်PDFပဲလို့ရောပြီး အမည်ခံနေတဲ့လူတွေရှိနေသေးတယ်။

အဲဒါကတော့ ကျွန်တော်လက်မခံဘူး။ဘာဖြစ်လို့လဲဆိုတော့ ပါးစပ်လောက်ကတော့ ဘယ်သူနေနေလုပ်နိုင်တာပဲလေဗျာ။ပါးစပ်နဲ့ဆန့်ကျင်တယ်ဆိုတာလောက်ကတော့၊ဒီအချိန်မှာ ပါးစပ်နဲ့မရလောက်တော့မှ အသက်တွေ စွန့်တိုက်နေရတဲ့အချိန်မှာ ပါးစပ်လောက်နဲ့ဆိုတဲ့သူတွေကို အားမရသေးဘူး။

ဒါပေမဲ့ပါဝင်နေတဲ့လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုအားရတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီလောက် ရေသာခိုနေတဲ့လူတွေများနေတဲ့ကြားက အများအတွက် အသက်တွေ၊ဘဝတွေ စွန့်နေတဲ့လူတွေကျအားရတယ်။အဲဒီလိုမျိုး လွတ်လပ်ရေးကို လိုချင်လို့ အသက်တွေ၊ဘဝတွေ စွန့်ပြီးတိုက်နေတဲ့လူတွေကို မြင်နေပါလျက်နဲ့ကိုယ်လိုချင်တဲ့လွတ်လပ်ရေးကိုပါးစပ်လေးနဲ့တင် အားပေးနေတဲ့လူတွေကို စော်ကားတာတော့မဟုတ်ဘူး။ကျွန်တော်အားမရဘူးဗျ။အဲဒီတော့ အားမရတဲ့အပိုင်းကပိုများနေသေးတယ်။

မေး။ စစ်မျက်နှာပြင်က စစ်ကိုင်းတိုင်းနဲ့ကရင်ပြည်နယ်လိုပဲဖစ်နေတော့ တတိုင်းပြည်လုံးရော စစ်မျက်နှာပြင်အမြန်ဆုံးဖွင့်ဖို့များလိုမလား

။ဖြေ။ တစ်တိုင်းပြည်လုံးစစ်မျက်နှာပြင်ဖွင့်ရင်တော့ ဒီနေ့ဖွင့်ရင်နောက် ၁၅ရက်၊ရက်၂၀ဆိုပြီးပြီပဲဗျ။တော်လှန်ရေးက

၊မေး။ဒါဆို စစ်မျက်နှာပြင်ဖွင့်ဖို့နောက်ကျလို့ ဒီတော်လှန်ရေးကကြာနေတာလို့ ဆိုလိုတာလား။

ဖြေ။ အဲဒါကသေချာပေါက်ပဲဗျ။ဘာဖြစ်လို့လဲ ဆိုတော့ အားလုံးကတာပေါ်မှာထိုင်စောင့်နေပြီး ရွှီဆိုခရာမှုတ်မှ ထပြေးရမဲ့ပွဲမဟုတ်ဘူး။ရန်သူကဒီပွဲအတွက် ရှေ့ကတောင် ပြေးပြီးပြီ။တိုင်းပြည်တောင် သိမ်းပြီးပြီ။ကျွန်တော်တို့က ကျွန်တော်တို့လုပ်ရမဲ့အလုပ်တွေ၊ကျွန်တော်တို့လှမ်းရမဲ့ခြေလှမ်းတွေ အများကြီးနောက်ကျနေတယ်။တစ်တိုင်းပြည်လုံးသာ ညီကြည့်ပါလား။

ဒီကနေ့ စညီကြည့်ရင် ကျွန်တော်ပြောတယ်။၁၄ရက်၁၅ရက်၊ရက်၂၀၊အများဆုံးတစ်လပေါ့။ဒီတော်လှန်ရေးက ပြီးမှာ။ပြီးဖို့လည်းလိုနေတယ်။နိုင်ဖို့လည်း လိုမှန်းသိရဲ့သားနဲ့ ပါဝင်မှုကတစ်တိုင်းပြည်လုံးနဲ့စာရင် တော်တော်နည်းနေပါသေးတယ်။ပါနေတဲ့လူတွေက အမှန်အကန်နည်း။မပါနေတဲ့လူတွေကပါနေလို့ကြာနေတာ။အဲဒီတော့ တစ်တိုင်းပြည်လုံး စစ်မျက်နှာဖွင့်ဖို့လိုနေပြီ

မေး။ အခုက မင်းအောင်လှိုင်က သူတော်တော်လေး အထိနာတာတောင် ရှေ့ကိုဆက်တိုးနေတာတွေ့ရတယ်။သူဘာကြောင့်ဆက်တိုးနေတယ်ထင်လဲ။

ဖြေ။ အဲဒါက ကျွန်တော်လည်း ကျွန်တော်မြင်သလောက်ဉာဏ်နဲ့ဝေဖန်တာပေါ့ဗျာ။ ကျွန်တော်ကဉာဏ်တိမ်တာဖြစ်နိုင်တဲ့အတွက်လေ။သူ့အနေနဲ့က ဉာဏ်တိမ်တာဗျ။ယုတ်မာတဲ့စိတ်ထားရှိရုံမကဘူး။သူ့အနေနဲ့ဉာဏ်တိမ်တာ။သူက ဒီဥစ္စာကို ယုတ်မာလက်စနဲ့ဘယ်သူကလက်ခံခံ၊မခံခံငါကတော့ ရရ၊မရရ ဆက်သွားမယ်ဆိုတာမျိုး၊ လူယုတ်မာချင်းအတူတူ ဘဝကို လူယုတ်မာနဲ့ပဲအဆုံးသတ်ချင်လို့ ဆက်သွားနေတာ။

သူကမနိုင်နိုင်တော့ဘူးဆိုတာ သိသင့်နေပြီ။ ပြည်သူတစ်ရပ်လုံးကလက်မခံဘူး။ပြည်သူတစ်ရပ်လုံးက တစ်နေ့တည်းထမညီရင်တောင်မှ တစ်ရက်ချင်း၊တစ်ရက်ချင်း ညီရင်၊ဥပမာ သူPDFတစ်ယောက်ကိုသတ်လိုက်တယ်။PDFဆယ်ယောက်လောက်ထပ်တိုးလာတာပဲ။အဲဒါကို သူသိသင့်တယ်။

သူ့အနေနဲ့ကသူလုပ်တဲ့ လုပ်ရပ်က ပြည်သူလက်မခံဘူးဆိုတာလည်း သူသိနေပြီ။ဘယ်လိုပဲ သူက ပြည်သူကိုဦးထိပ်ထားတယ်။ပြည်သူ့ဆန္ဒအရ ပဲပြောနေပြောနေ သူ့ကိုယ်တိုင်ခံစားမိတယ်။သူ့ကို ပြည်သူကလက်မခံဘူးဆိုတာ။ အဲဒါလူယုတ်မာလမ်းစဉ်ကို မဆုတ်မနစ်ရွေးတာဆိုတော့ မနိုင်နိုင်မှန်းလည်းသိနေတယ်။

ဉာဏ်တိမ်တာပဲဗျ။တကယ်တမ်း ဒီအချိန်မှာ သူဟာလက်နက်ချလိုက်မယ်။ပြည်သူကိုအမှားဝန်ခံလိုက်မယ်ဆိုရင် ကမ္ဘာမှာလူယုတ်မာ စာရင်းထဲမှာသူတစ်ယောက်လျော့မှာသေချာတယ်။

ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးအချိန်မှာ လက်နက်ချတာရယ်၊ပြည်သူကိုအာဏာပြန်အပ်တာရယ်ကြောင့်ဘပြည်သူ့ရဲ့ချစ်ခင်မှုကိုမသေခင် လေးမှာနည်းနည်းရသွားသေးတယ်ဆိုတဲ့ ပုံစံမျိုးနဲ့သုကလူယုတ်မာစာရင်းထဲကတောင်ပျောက်သွားနိုင်တယ်။အဲဒါ သူမတွေးတာ။ဉာဏ်တိမ်တာလို့မြင်တယ်။ကျွန်တော်တော့။

မေး။ လက်ရှိပေါ့လေ။အားလုံးလည်းဝိုင်းကြိုးပမ်းနေတယ်။ဒါပေမဲ့ အချိန်တိုအတွင်းမှာ ဗိုလ်နဂါးအဖွဲ့ဟာ လူထုထောက်ခံမှုအားကောင်းပြီးအချိန်တိုတွင်း အောင်မြင်တာဘာကြောင့်လို့မြင်လဲ။

ဖြေ။ ကျွန်တော်မြင်တာကတော့ဘကျွန်တော်တိုနိုင်ငံအခုလို ဘာကြောင့်အောက်တန်းနောက်တန်းကျသွားတာလဲဆိုရင် စစ်ကောင်စီကြောင့်အာဏာရှင်ကြောင့်ဆိုပေမဲ့ကျွန်တော် ဘာကို ပြေးမြင်လဲဆိုတော့ မရိုးမသားလုပ်တဲ့လူတွေများလို့။ ကျွန်တော်တို့နိုင်ငံမှာ တော်လှန်ရေးလုပ်ခဲ့ကြတယ်။တော်လှန်ရေးအယောင်ဆောင်ပြီးတော့ လုပ်ခဲ့ကြတယ်။တစ်ဖက်မှာ မရိုးသားမှုတွေနဲ့ ကိုယ်ကျိုးကိုကြည့်ပြီး နေတဲ့အခါ၊ကြည့်လိုက်ရှေ့မှာ ကျွန်တော်တိုနမူနာပြစရာ တော်လှန်ရေးသမားတွေကပဲဗိုလ်ချုပ်ကို ပြန်သတ်ကြတာ။

အဲဒီတော့ တော်လှန်ရေးလုပ်နေတဲ့လူတွေကပဲ တိုင်းပြည်ရဲ့အနာဂါတ်ကို ပြန်သတ်ခဲ့တယ်လို့ ကျွန်တော်မြင်တယ်ဗျ။တကယ်တမ်း အာဏာရှင်က အာဏာကိုတရားမျှတအောင် သုံးစွဲရင် ပြည်သူ့အတွက်ဆေးဖက်ဝင်မှာဘဲ။

အာဏာမပါဘဲ တိုင်းပြည်ကို အုပ်ချုပ်လိုမရဘူး။တကယ်တမ်းပျက်စီးတာ အာဏာရှင်လည်းမဟုတ်ဘူး။ကျွန်တော်တို့တော်လှန်ရမှာက မရိုးသားမှုကြောင့်တိုင်းပြည်ပျက်စီးတာကိုရှာတွေ့ပြီးတော့ ကျွန်တော်က ကျွန်တော့်ရဲဘော်တွေကို တော်လှန်ရေးမှာ ရိုးရိုးသားသားနဲ့လုပ်ဖို့ ၊ကိုယ့်စိတ်ကိုယ်လည်းချိုးနှိမ်ပြီး တော့ရိုးရိုးသားသားနဲ့ ဒီတော်လှန်ရေးကိုပါဝင်ဖို့ ရဲဘော်အကုန်လုံးကို ရှေ့ကလည်း ဦးဆောင်ပြတယ်။

အဲဒီလမ်းစဉ်ကိုလည်း သူတို့ကို ကျင့်ကြံခိုင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်တို့ မြို့နယ်မှာတောင် တော်လှန်ရေးကို အစတုန်းကမပါဘူး။အခုအောင်မြင်လာမှ တခြားအဖွဲ့တွေရှိပါတယ်။မနေ့ကကျွန်တော်တို့ အသက်စွန့်ပြီးတိုက်လိုက်တဲ့တိုက်ပွဲမှာတောင်မှ မပါဘဲနဲ့ သူတို့တိုက်လိုက်တယ်ဆိုပြီး သူတိုပေ့ခ်ျတွေကနေအမည်ခံထားတာတွေရှိတယ်။အဲဒါကဘာလဲဆိုတော့နိုင်ငံရေးကိုအသုံးချပြီးတော့ ကိုယ့်ရဲ့ သြဇာအရှိန်အဝါ ငွေကြေး၊စည်းစိမ်တည်ဆောက်ချင်တဲ့စိတ်ဓာတ်တွေ တော်လှန်ရေးထဲမှာပါလာကြတာပဲ။

ကျွန်တော့် ရဲဘော်တွေအဲဒီစိတ်မမွေးဖို့သင်တယ်။ကျွန်တော်တို့က ကိုယ်လုပ်တဲ့အလုပ်ကို ရဲရဲဝံ့ဝံ့လုပ်ချပြ၊ရိုးရိုးသားသားကျင့်ကြံတဲ့နည်းနဲ့သွားတယ်။တကယ်လည်း ကျွန်တော်တို့တိုက်တယ်။တိုက်ဟန်ဆောင်ပြီးတော့ သူများတိုက်တဲ့သတင်းကို လိုက်တင်ပြီးတော့ နေတဲ့အဖွဲ့အစည်းတွေမဟုတ်ဘူး။ကိုယ်နိုင်တိုက်၊ကိုယ်တိုင်တင်နေတော့ ဒါကတဖြည်းဖြည်းနဲ့ ကျွန်တော်တို့အောင်မြင်မှုဟာ ရိုးသားမှုကို အခြေခံပြီးတော့ ဒါက ကံတရားဖြစ်လာတာ။ကျွန်တော်တို့ အောင်မြင်မှုဖြစ်လာတာပေါ့။

မေး။ NUGနဲ့ ပြည်သူလူထုကိုရော ဘာများအမှာစကားပါချင်လည်း။

ဖြေ။ အားလုံးရိုးရိုးသားသားနဲ့ဘဝကို ဖြတ်သန်းကြပါနော့။ပြီးတော့ ပြည်သူတွေအနေနဲ့လည်း ဒီစစ်ကောင်စီကိုဖယ်ပစ်လိုက်ပြီး ပြည်သူတွေကမရိုးသားဘူး။မရိုးသါးတဲ့စိတ်တွေနဲ့ပြည်သူအချင်းချင်းကြားမှာရှိနေဦးမယ်ဆိုရင် ဒီလူတွေဖယ်ပစ်လည်း နောက်တင်ရမဲ့ခေါင်းဆောင်ကမရိုးသားတဲ့လူတွေလာရင် ဒုက္ခကပုံစံသာကွဲသွားမယ်။

နောက်လာတဲ့ဒုက္ခကပိုပြီးတောင် ဆိုးတာကျန်တဲ့လူတွေကြုံချင်ကြုံရနိုင်တယ်။အဲဒီတော့ ဒီကောင်တွေကိုဖယ်ပြီးရင် အဲဒီနေရာကိုဝင်မဲ့လူတွေကဘရိုးသားမှုကို အရင်မွေးထားကြပါ။ပြည်သူတွေအနေနဲ့လည်း ကိုယ်ကိုယ်တိုင်ရော ကိုယ်မေ်းတဲ့ကလေးကိုရော ရိုးသားမှုကိုအရင်သင်ထားပေးကြပါ။ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ တာဝန်ယူချင်စိတ်နည်းနေပါသေးတယ်။ကိုယ်လိုချင်တဲ့နေရာမှာ ကိုယ်တာဝန်ယူချင်စိတ်နည်းနေပါသေးတယ်။ဥပမာ လမ်းကောင်းကောင်းသွားချင်ပေမဲ့ဗွက်ဖို့ပို့ဆန္ဒမရှိဘူး။သူများဖို့တာကိုစောင့်နေတဲ့ပြည်သူမျိုးတွေပေါ့။အဲဒီစိတ်မျိုးတွေပေါ့။အဲဒီစိတ်တွေပြင်ကြပါ။

တာဝန်ယူစိတ်တွေမွေးပါ။ရိုးသားမှုကိုမွေးပါ။အဲဒီနှစ်ချက်ရှိနေရင် နိုင်ငံတစ်နိုင်ငံက ကောင်းစားလာဖို့လွယ်ကူလာလိမ့်မယ်ထင်တယ်။ရိုးသားမယ်။တာဝန်ယူစိတ်ရှိမယ်ဆိုရင် ကျန်တဲ့တိုးတက်ဖို့တွေ၊စည်းကမ်းရှိဖို့တွေ ထူးထွေပြောနေစရာကို မလိုတော့ဘူး။ပြည်သူတွေအနေနဲ့ရိုးသားပါ။ရိုးသားစိတ်ကိုမွေးမြူပု။မရိုးသားတဲ့လူတွေကိုဖယ်ပြီးပြန်တင်ရမဲ့လူကလည်း မရိုးသားနေဘူးဆိုရင် ကျွန်တော်တို့ တော်လှန်ရေးကဘုရားပွင့်ပြီးတာတောင်လည်နေဦးမှာ။

NUGအနေနဲ့လည်း အနေအထားအရ စီမံခန့်ခွဲမှုအားနည်းချက်တွေကိုတဖြည်းဖြည်း ပြုပြင်ရင်းနဲ့ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ဦးဆောင်မှုတွေ နဲ့အတူ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကိုချဉ်းကပ်တဲ့နေရာပေါ့။ဒီမိုကရေစီနိုင်ငံတော်ကိုချဉ်းကပ်တဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ဦးဆောင်မှုတွေ မြေပြင်အဖွဲ့အစည်းတွေချိတ်ဆက်တဲ့နေရာမှာလည်း မှန်ကန်အောင်ပိုပြီးတော့ ကြိုးစားပေးပါ။
မေး။ ကျေးဇူးတင်ပါတယ်။
ပြန်လည်ဖော်ပြသော အင်တာဗျူး

Crd

Leave a Reply

Your email address will not be published.