မောင်အေးချမ်းကိုကို (၂၅) နှစ်နှင့် ဒေါက်တာ မင်းသစ်နိုင် (၅၂) နှစ်တို့ရဲ့ မင်္ဂလာပွဲ ရဲရဲဝံ့ဝံ့ ကျင်းပ

News

ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကတော့ မော်လမြိုင်မြို့မှာ နှစ်ဦးသဘောတူ ဘဝလက်တွဲဖော် ရွေးချယ်ခြင်း အလှူမင်္ဂလာပြုလုပ်တဲ့ ပုံတွေပဲ ဖြစ်ပါတယ်။

သာမန်ထက် ထူးခြားတာက ယခု မင်္ဂလာပွဲဟာ အမျိုးသားနဲ့ အမျိုးသမီး ဆောင်ကြတာ မဟုတ်ဘဲ အမျိုးသား အချင်းချင်း ဆောင်ကြတာ ဖြစ်ပါတယ်။

ပိုထူးခြားတာကတော့ အမျိုးသား တဦးက အသက် (၂၅) နှစ် ဖြစ်ပြီး နောက်တဦးက အသက် (၅၂) နှစ် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဖိတ်စာထဲမှာတော့ မောင်အေးချမ်းကိုကို (၂၅) နှစ် နှင့်ဒေါက်တာမင်းသစ်နိုင် (၅၂) တို့ရဲ့ နှစ်ဦးသဘောတူဘဝလက်တွဲဖော်ရွေးချယ်သော အလှူမင်္ဂလာပွဲကျင်းပခြင်းကို (၈-၆-၂၀၂၂) ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

အချစ်မှာ မျက်စိမပါဆိုတဲ့ ဆိုရိုးစကားအတိုင်း အသက်ထက်ဝက် ကွာတဲ့ သူတို့နှစ်ယောက်ရဲ့ မေတ္တာကတော့ ထူးခြားဆန်းကြယ်လွန်းလှတယ်လို့ပဲ ဆိုချင်ပါတယ်။

မင်္ဂလာမောင်တို့ နှစ်ဦး သက်ဆုံးတိုင် ပျော်ရွှင်စွာ လက်တွဲသွားနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

uncode





Crd

Leave a Reply

Your email address will not be published.