ဝမ်းနည်းနေကြတဲ့ ပြည်သူအားလုံးအတွက် သရုပ်ဆောင် မင်းမော်ကွန်း ရေးလိုက်တဲ့ စာ

News

Unicode

ဝမ်းနည်းနေကြတဲ့ ပြည်သူအားလုံးအတွက် သရုပ်ဆောင် မင်းမော်ကွန်း ရေးလိုက်တဲ့ စာ

စကတည်းကတရားမျှတမှုမရှိ ဥပဒေ

နဲ့မညီထင်ရာစိုင်းပြီးလုပ်ချင်တာလုပ်ခဲ့တဲ့ အကြမ်းဖက်ခွေးရူးတွေဆီက တရားမျှတမှုနဲ့ ဥပဒေကိုမျှော်လင့်နေရင် အားလုံးရူးရာကျပါလိမ့်မယ်သေဒါဏ်ကို အတည်ပြုဖို့ သမ္မတ လက်မှတ်ထိုးဖို့လိုတာ သေဒါဏ်မှာ အယူခံဝင်ခွင့်ရှိတာ ဘာတစ်ခုမှ ဂရုစိုက်မှာ မဟုတ်ပါဘူး

သူတို့သတ်ချင်ရင်သတ်မှာပါပဲ ခုမှသေဒါဏ်ဆိုပြီး စောက်ကြီးစောက်ကျယ်လုပ်နေတာသေဒါဏ်မပေးလည်း သတ်တာပါပဲ အစုလိုက်အပြုံလိုက်မီးရို့ သတ်တာတွေတောင် အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့တာပဲလေ ဒါဆို ကျွန်တော်တို့ခင်များတို့ ဘာမှမတတ်နိုင် ဘာမှမလုပ်ပေးနိုင်တော့ဘူးလား…..မဟုတ်ပါဘူး

ကျွန်တော်တို့အားလုံး လုပ်စရာကတစ်ခုထဲပါပဲ သူတို့က ကြောက်စေချင်ရင် ပို ရဲရင့်ကြ သူတို့က တော်လှန်ရေးကို အားနဲစေချင်ရင် အဆပေါင်းများစွာ အားကြီးလာအောင် ဆောက်တည်ကြ ဒါပါပဲ

ကိုဂျင်မီအတွက် ဇေယျာသော်အတွက် သေမိန့်ချခံရသူအားလုံး ရှင်သန်ခွင့်ရဖို့အတွက် အဖမ်းဆီးခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပြန်လည်လွတ်မြောက်ဖို့အတွက်ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အတွက်အိမ်တွေရွာတွေ မီးရှို့ခံရတဲ့ ပြည်သူတွေအတွက်

စစ်ဘေးရှောင်တွေအတွက် CDM တွေအတွက် မြို့ပြပျောက်ကျားတွေ PDFတွေအတွက် ပြည်သူအားလုံးအတွက် လုပ်ရမယ့်တစ်ခုတည်းသော အလုပ်ကတော်လှန်ရေးအ မြန်ဆုံးအောင်နိုင်ဖို့ပါပဲ

အခုလက်ရှိလှူနေကူနေတဲ့သူတွေ ပိုလှူပိုကူပါ မပါသေးတဲ့သူတွေ အေးရာအေးကြောင်း ကိုယ်နဲ့မဆိုင်သလိုမနေပဲ ဝင်ပါပေးကြပါ ကျွန်တော်တို့တော်လှန်ရေးကြီး အထိအခိုက်အကျအဆုံးများလှပြီဗျာ အမြန်ဆုံးအောင်မြင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ

Zawgyi

ဝမ်းနည်းနေကြတဲ့ ပြည်သူအားလုံးအတွက် သရုပ်ဆောင် မင်းမော်ကွန်း ရေးလိုက်တဲ့ စာ







Crd

Leave a Reply

Your email address will not be published.