NUG နိုင်ငံခြားရေးဝန်ကြီးနှင့်ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး-အရေးပါသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ဟု အသိပေး
နွေဦးဝေ/People’s Spring
ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် မြို့တော်စတော့ဟုမ်း၌ အရေးပါသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ယမန်နေ့တွင် ၎င်း၏တွစ်တာမှ အသိပေး ထုတ်ပြန်သည်။




ဆွီဒင်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာ အောင်သည် ၎င်း၏ဆွေးနွေးဖက် နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒီနှင့်တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ဆွီဒင်ဟာ ဒီမိုကရေစီအတွက် ပြင်းပြတဲ့ဆန္ဒရှိတဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံအားပေးနေပါတယ်။ နောက်ပြီး ဒီအကျပ်အတည်း ငြိမ်းချမ်းစွာအဖြေရှာရေးအတွက်လည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး လင်ဒီက ပြောသည်။
မကြာသေးမီက NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေပြီး ကမ္ဘာကြီးသည်လည်း မြန်မာပြည်သူများ၏ မှန်ကန်မှု၊ ရဲရင့်မှု၊ ဇွဲရှိမှုများကို တဖြည်းဖြည်း လက်ခံနားလည်နေပြီဟု ပြောကြားထားသည်။




အာဏာသိမ်းစစ်ကောင်စီကမူ ကုလသမဂ္ဂနှင့် နိုင်ငံကြီးများ၏ ပြင်းထန်စွာရှုတ်ချကန့်ကွက် မှုများကို ရင်ဆိုင်နေရပြီး ပြင်သစ်က ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ ဟု ခေါ်ဝေါ် သုံးနှုန်းခြင်းကို ဒေါသထွက်နေသည်။
အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံအနက် ၅ နိုင်ငံထက် မပိုသောနိုင်ငံအနည်းငယ်ကသာ အသိအမှတ်ပြုဆက်ဆံနေပြီးအမေရိကန်အပါအဝင်အနောက်အင်အား ကြီးနိုင်ငံများက သံတမန်ဆက်ဆံရေးကို တစ်ဆင့်လျှော့ထားကာစစ်အာဏာသိမ်းမှုကိုအပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။
(မြန်မာနှင့် ဆွီဒင် နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး စတော့ဟုမ်းမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်)
Crd
Unicode
NUG နိုင္ငံျခားေရးဝန္ႀကီးႏွင့္ဆြီဒင္နိုင္ငံျခားေရးဝန္ႀကီး ျမန္မာ့အေရးေဆြးေႏြး-အေရးပါသည့္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ဟု အသိေပး
ေႏြဦးေဝ/People’s Spring
ဆြီဒင္နိုင္ငံျခားေရးဝန္ႀကီးသည္ NUG နိုင္ငံျခားေရးဝန္ႀကီးေဒၚဇင္မာေအာင္ႏွင့္ ၿမိဳ႕ေတာ္စေတာ့ဟုမ္း၌ အေရးပါသည့္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ယမန္ေန႔တြင္ ၎၏တြစ္တာမွ အသိေပး ထုတ္ျပန္သည္။




ဆြီဒင္နိုင္ငံသို႔ ေရာက္ရွိေနသည့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ နိုင္ငံျခားေရးဝန္ႀကီးေဒၚဇင္မာ ေအာင္သည္ ၎၏ေဆြးေႏြးဖက္ နိုင္ငံျခားေရးဝန္ႀကီး အန္းလင္ဒီႏွင့္ေတြ႕ဆုံကာ ျမန္မာ့အေရး ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
“ဆြီဒင္ဟာ ဒီမိုကေရစီအတြက္ ျပင္းျပတဲ့ဆႏၵရွိတဲ့ ျမန္မာျပည္သူေတြကို ဆက္လက္ေထာက္ခံအားေပးေနပါတယ္။ ေနာက္ၿပီး ဒီအက်ပ္အတည္း ၿငိမ္းခ်မ္းစြာအေျဖရွာေရးအတြက္လည္း ဆက္လက္လုပ္ေဆာင္သြားမွာပါ” ဟု ဆြီဒင္နိုင္ငံျခားေရးဝန္ႀကီး လင္ဒီက ေျပာသည္။
မၾကာေသးမီက NUG ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းသည္ အမ်ိဳးသားညီညြတ္ေရးအစိုးရအေနျဖင့္ နိုင္ငံတကာမ်က္ႏွာစာတြင္ ေအာင္ျမင္မႈမ်ားရရွိေနၿပီး ကမၻာႀကီးသည္လည္း ျမန္မာျပည္သူမ်ား၏ မွန္ကန္မႈ၊ ရဲရင့္မႈ၊ ဇြဲရွိမႈမ်ားကို တျဖည္းျဖည္း လက္ခံနားလည္ေနၿပီဟု ေျပာၾကားထားသည္။




အာဏာသိမ္းစစ္ေကာင္စီကမူ ကုလသမဂၢႏွင့္ နိုင္ငံႀကီးမ်ား၏ ျပင္းထန္စြာရႈတ္ခ်ကန႔္ကြက္ မႈမ်ားကို ရင္ဆိုင္ေနရၿပီး ျပင္သစ္က ၎တို႔ကို ‘တရားမဝင္စစ္အစိုးရ’ ဟု ေခၚေဝၚ သုံးႏႈန္းျခင္းကို ေဒါသထြက္ေနသည္။
အၾကမ္းဖက္စစ္ေကာင္စီကို ကုလသမဂၢအဖြဲ႕ဝင္ နိုင္ငံ ၁၉၃ နိုင္ငံအနက္ ၅ နိုင္ငံထက္ မပိုေသာနိုင္ငံအနည္းငယ္ကသာ အသိအမွတ္ျပဳဆက္ဆံေနၿပီးအေမရိကန္အပါအဝင္အေနာက္အင္အား ႀကီးနိုင္ငံမ်ားက သံတမန္ဆက္ဆံေရးကို တစ္ဆင့္ေလၽွာ့ထားကာစစ္အာဏာသိမ္းမႈကိုအျပင္းအထန္ကန႔္ကြက္ရႈတ္ခ်ထားသည္။
(ျမန္မာႏွင့္ ဆြီဒင္ နိုင္ငံျခားေရးဝန္ႀကီးႏွစ္ဦး စေတာ့ဟုမ္းၿမိဳ႕တြင္ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္)
Crd