နဝရတ် အနုပညာလောက ကို ကျောခိုင်းသွားရခြင်းရဲ့ နောက်ကွယ်

Cele News

နဝရတ် အနုပညာလောက ကို ကျောခိုင်းသွားရခြင်းရဲ့ နောက်ကွယ်

ပရိသတ်ကြီးရေ တစ်ချိန်ကအနုပညာ‌လောကမှာ နာ မည်ကြီးကျော်ကြားခဲ့တဲ့ မင်းသမီးတစ်လက်ရှိခဲ့ပါတယ်။ အလွမ်း၊အဆွေး၊အက်ရှင်နဲ့ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရသူလေးဖြစ်ပါတယ်။

သူမကတော့ မင်းသမီး နဝရတ် ဖြစ်ပြီး လက်ဦးဆရာကတော့ ဦးကျော်ဟိန်းဖြစ်ပြီး အနုပညာလောကမှာတော့ ကျော်ဟိန်းတင်တဲ့မင်းသမီးဆိုပြီး နာမည်စကြီးခဲ့တာလဲ ဖြစ်ပါတယ်။

ဒါအပြင် သူမမင်းသမီးစဖြစ်ကတည်းက ဝတ်ဆင်လာခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ ပရိသတ်တွေကြား အလွန်နာမည်ကြီးခဲ့ပါသေးတယ်။ သရုပ်ဆောင် နဝရတ် ဟာ လက်ရှိမှာအသက် ၄၅ နှစ်အရွယ်‌ရှိပြီပဲ ဖြစ်ပါတယ်။

သူမဟာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပြည့်ဖူးခိုင် နဲ့ မုဏ်း တို့နဲ့လဲ ညီအစ်မဝမ်းကွဲတွေ တော်စပ်ကြပါသေးတယ်။ အနုပညာလုပ်ငန်းတွေကို ၁၆ နှစ်နီးပါးလုပ်ကိုင်ခဲ့ပြီး မိဘတွေကို ဂရုစိုက်ဖို့အချိန်မပေးနိုင်ခဲ့တာကြောင့် သူမဟာအရမ်းကိုနောင်တရမိတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လဲ ချစ်တဲ့အနုပညာကိုထာဝရစွန့်လွှတ်ပြီး မိဘတွေအတွက် အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဖခင်ကွယ်လွန်သွားခဲ့ပြီး ကျန်ခဲ့တဲ့မိခင်ကို စိတ်ချမ်းသာအောင်ထားပြီး စီးပွားရေးလုပ်ငန်းတွေကိုပဲ စိတ်နှစ်ပြီးလုပ်ကိုင်ခဲ့ပေမယ့် မိခင်ကြီးကတော့ ကွယ် လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုချိန်ထိလဲ သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ရှိနေသေးပြီး မင်းသမီး နဝရတ် ကို ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးစေလိုပေမယ့်လဲ သူမကတော့ အနုပညာလော ကကို ပြန်လည်ဝင်ရောက်ဖို့မရှိပါဘူး။ မိဘကိုသိတတ်တဲ့ မင်းသမီး နဝရတ် ရဲ့ စိတ်ဓာတ်လေးကတော့ လေး စားစရာကောင်းလွန်းပါတယ်နော်။

Crd

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)








Crd

Leave a Reply

Your email address will not be published.