နိုင်ငံပျောက်သူနဲ့.. ပျဥ်းမငုတ်တို..ဝေဖန်မှုတွေမြင့်တက်လာပြန်တဲ့ မင်းသားဟောင်းကြီးတွေ..

News

ဟိုဖက်ရပ်ကွက်က နိုင်ငံပျောက်သူ ဇာတ်ကားဟာ ပြည်သူနဲ့မအလတို့အဖွဲ့ကိုသွေးခွဲ သပ်လျှို ဝါဒမှိုင်း တိုက်တာလို့ လေသံတွေထွက်လာတယ်..

အဲ့ဒါနဲ့ ရှစ်လေးလုံး အရေးအခင်းပြီးတော့လူတွေက စစ်တပ်ကိုမုန်းကြတာ မုန်းကြတာအဲ့ထဲမှာ အနုပညာရှင်ဆိုတဲ့သူတွေ
တယောက်မှမပါဘူးဆိုတာ ယု

မယုံလည်း နောက်၂ နှစ်နေတော့ စစ်အစိုးရဝါဒဖြန့်တဲ့ပါပီမ ကားကသက်သေ အဲ့ကားမှာယုနန်ဒါမြင့် ကလည်းအလန်း
ခင်စိုးပိုင်ကလည်းသရုပ်ဆောင်ကောင်းတော့ တောခိုသွားတဲ့ကျောင်းသားတွေကပဲ..

အသိဥာဏ်မရှိအစိုးရစေတနာကို နားမလည်သလို ဖြစ်အောင်ကိုအနုပညာ သမားတွေက ပုံဖော်ပေးကြတာ

ရန်ကင်းမှာ အဲ့ကားရိုက်ပေးတဲ့သူတွေကိုတိုက်ခန်းတောင်ပေးတယ်ကြားတာပဲဟုတ်မဟုတ်တော့မသိ
နောက်နှစ်ကျ ဦးညွန့်ဝင်းကြီးက ထပ်မတယ်အဖေနဲ့သားများ ဇာတ်ကားနဲ့..

ဇာတ်၀င် သီချင်းတောင် မှတ်မိသေးသူမပါရင်လေ ဘာတွေများရှေ့ဆက်ဖြစ်ကြမယ် သူလေမပါချင်ဘူးအခြေအနေမဲ့
သားဆိုးများကြောင့် ဆိုပြီးကယ်တင်ရှင်က စစ်တပ်ကိုဖြစ်ရော..

ဟီးးး… အနုပညာ သမားတွေ ကျေးဇူးလေနောက်တော့ တပ်က သူပိုင်မီဒီယာ မြဝတီကို စ မိတ်ဆက်..

ဇာတ်ကားကောင်းတွေပြနောက်တော့ စစ်ကားတွေပြ အဲ့တုန်းက အစကတော့တကယ့်စစ်ကားကောင်းတွေပါ
ပျဉ်းမငုတ်တို တို့နှောင်းတမြေ့မြေ့တို့အဲ့ကနေမှ အောင်မြင်ချင်ရင်စစ်ကားရိုက် အကယ်ဒမီ ရချင်ရင်စစ်ကားရိုက်တွေဖြစ်လာရော

လူမင်းဆို စစ်ကားအရိုက်ဆုံးကျော်ဟိန်းဆိုလဲ အကယ်ဒမီ လိုချင်လွန်းလို့ဝေလဲမွှေး ကြွေလဲမွှေးကို မရိုက်ချင်ဘဲ ရိုက်ခဲ့တာ
ညွန့်ဝင်းဆို အဖားကောင်းလွန်းလို့….

ငါးဆုရှင်ဖြစ်တော့အရှက်မရှိ အဲ့ညက သူနဲ့အတူတောင်သူ့ကျွန်မခံပီ ဆိုတာ လိုက်အော်ခိုင်းသေး
အဲ့ထဲက အနုပညာရှင်တွေက အဘ ဘောဘာစမတာ…

နောက် ဆိုကရေးတီးတို့မြဝတီအငြိမ့်တို့လုပ်ပြီး ပြည်သူကိုဂျင်းထည့်အဲ့တုန်းက ဆိုကရေးတီးပြိုင်ပွဲဝင်တိုင်း

ဦးခင်ညွှန့် ဘုန်းတော်ဖွဲ့။ အဘကျန်းမာပါစေ ကပါသေးလက်အုပ်လေး ချီလို့ပေါ့ဗျာမြဝတီ အငြိမ့်က ပထမရတဲ့မောစ့် တို့ မြင်မြင့်ကြည် အငြိမ့်ဆိုလဲဒေါ်စုကို တိုက်ခိုက်တာ မြင်မကောင်းဘူး..

မှတ်မိသေးလားတော့ မသိဘူးဒယ်ဒီဂမုန်း ရေးပီး မြင့်မြင့်ကြည်ဆိုတာတီဗီက ခဏခဏ ပြတယ်လေ

သွေးစွန်းထားတဲ့ ဒို့အဖိုးရဲ့ဓါး ခေါင်းရင်းထရံမှာရှိပီးသားတို့သခွပ်ပင်က မီးတကျည်ကျည်အသံကြားတိုင်းထကြည့်ရတာအိပ်ရေးပျက်လှပီတို့ပြည်သူကို ဝါဒမှိုင်းတိုက်တာ..

စားတော့ပြည်သူ့ထမင်းနဲ့ပြည်သူကို ဂျင်းပြန်ထည့်တာအနုပညာသမားတွေဘဲ..

စစ်အစိုးရလက်ထက်တံတားတခုဆောက်လို့ဖွင့်ပွဲလုပ်ရင်ခုန်တာ ခုန်တာဆိုတာ အဲ့တံတားပေါ် တက်တက်ပြီး.တံတာကြီးပြီးပြီး တံတား

ကြီးပြီးပြီနဲ့တံတားဟိုဘက် ဒီဘက်ပတ်ပြေးလိုက်သေးတေးရေးက ဂီတစာဆို ဟင်္သာတတမြင့်ငွေအဆိုတော် ဖြိုးကြီးအဖေရေးတာ အများဆုံး..

အာ့ကြောင့် ပြန်ဝင်ဟောင်း ဦးရဲထွဋ်ကပေါ်တင်ပြောတာ စစ်အစိုးရလက်ထက်ကပေါ်လစီကားရိုက်ပါရစေ လာပြောတာ
သူ့မှာစာရင်းရှိတယ်ဆိုတော့ဘယ် အနုပညာရှင်ဆိုတဲ့သူတွေ စောက်သံထွက်ရဲလဲ အမှန်ဖြစ်နေတာကိုး..

အဲ့တုန်းက စင်ရော်မောင်မောင်ကြီးကတော့ Top ပေါ့ဗျာ သူက တခြားကားသာကောင်းအောင်မရိုက်တတ်တာ ပေါ်လစီဆို အပိုင် နာမည်ပေးတာကိုက လန်ထွက်နေတာ..

ဘာတဲ့ မိုးယံသို့ လွင့်ပျံစေမည့် ကေသရာဇာတို့၏အားမန်တို့နှလုံးသားတွင် ကဗည်းတင်မည် ကစ္စပနဒီတို့
အနုပညာရှင်တွေက သူတို့နာမည်ရပိုက်ဆံရ ပါမစ်ရ ပီးရော ဆိုပီးပြည်သူကို ဂျင်းထည့်လာတာလေ..

မရှက်ဘူးပြောကြသေးနိုင်ငံတော် အကျိုးပြုဇာတ်ကားဆိုဘဲတဖြေးဖြေးနဲ့ ပြည်သူကလည်းတပ်ကို တဖြေးဖြေးရွံလာ

၂၀၁၀ရွေးကောက်ပွဲလုပ်တော့ အသံသိပ်မထွက်သေးဘူးအခြေအနေစောင့်ကြည့်သေးတာနောက် ကြားဖြတ်ရွေးကောက်ပွဲမှဒေါ်စုကလဲ ၀ငျပွိုငျ ပြည်သူကလည်း ဒေါ်စုဘက်က များမှန်းသိလာတော့။…

သူတို့က လူလည်တွေလေပြည်သူဆီက စားလာတာမနည်းတော့ဘူးဆိုတော့အရှက်မရှိ ဘတ်စ် ကားပေါ်၀င်ထိုင်ပြီး
ဒီမိုကရေစီ ဆိုပြီး စပြောတော့တာ..

သူတို့ပဲ ဒီမိုကရေစီရှေ့ဆောင်မသိရင် NLDအစိုးရကပဲသူတို့ကြောင့်နိုင်သလိုလိုအဲ့ထဲက အဘကနေမေမေ မှမေမေဒီကြားထဲ စစ်တပ်ကခေါ်ရင် စစ်ကားပြေးရိုက်ပြီးအဘဘောသွားမကြသေး..

စစ်ကိုမုန်းလို့ တိုက်ခဲ့သည်တို့အချစ်နှင်းဆက် သက်နဲ့ကို ဇာတ်လမ်းတွေကသက်သေခန့်စည်သူကြီးဆို စစ်ကားရိုက်ပီးပြီးချင်း
မအလတင်တဲ့ ဘုရားထီးတင်ပွဲမှာ ခန့်ခန့်ကြီးဆိုအကယ်ဒမီလည်း အရင်နဲ့ ခုခေတ်ဘာထူးလို့လဲ…

ဗေလုဝ ကြီးဆို သူ့အကြောင်းသူသိလို့အကယ်ဒမီပေးတာတောင်မလာဘူးအာ့ကို ဘုတ်အဖွဲ့ဆိုသူတွေကတွေးတာက
ဒီကောင်က ခုအစိုးရ အာဏာရအောင်လုပ်ပေးတာ သူ့ကိုပေးရင် ငါတို့အတွက် အကျိုးမယုတ်ဘူးဆိုပီးတွေးတာ။

သူ့တို့ခေါင်းထဲ အနုပညာဆိုတာ မရှိဘူးအာဏာရှိတဲ့သူ ပိုက်ဆံရှိတဲ့သူကို ဖားမယ်ဒါမှ ငါတို့ ထမင်းစားရမယ်ဘဲတွေးတာအဲ့အတွေးတွေကခုနောက်ပေါက်စတွေကပါ လိုက်တွေး..

ကိုယ်နဲ့သိတဲ့တယောက်ဆိုအရင် ဆို က ရေး တီး ခေတ်ကအဘ အဘ ဆိုတာကြီးဘဲတမိသားစုလုံး ကြံခိုင်ရေးပုဆိုးနဲ့ဘာပွဲညာပွဲသွားရင်တရပ်ကွက်လုံးက ဝိုင်းကြည့်ကြတာကိုအယ်မယ်ပီးလည်းပီးရော သူတို့ရင်ဖတ်မှာဒေါင်းရင်ထိုးနဲ့သူတို့မှာဂုဏ်တွေယူလို့

အဘတွေကိုမုန်းတာ သူ့တို့လောက်မရှိဘူးထောင် ထဲ အနှစ်နှစ်ဆယ်နေခဲ့တဲ့ကိုမင်းကိုနိုင်တောင်.
သူ့လောက်မုန်းမှာမဟုတ်ဘူးရေးလိုက်ရတဲ့ NLDအစိုးရကောင်းကြောင်းဆိုတာကလည်း..

ငါကမှအနုပညာသမားစစ်စစ်ကြီးဆိုတဲ့အထာအဲလိုနှစ်ဖက်ချွန်ကောင်တွေ များလာတာအနုပညာသမားစစ်စစ်တွေ အတွက်ပြသနာ
ပြောသာပြောရတာပါ မြန်မာပြည်မှာကလဲအနုပညာ အနုပညာနဲ့ ထမင်းဝဖို့ ပါမစ်ရဖို့ အနုပညာဆိုတာကို ဗန်းပြပြီးအဘဘောမနေတဲ့သူ

တွေကအများသားဆိုတော့ကိုယ်တွေပြည်သူတွေဘဲဝဋ်ကြွေးကြီးတာပါလေတိုင်ပြည်ဂျောက်ထဲကျဖို့ လက်နှစ်လုံးလိုလို့.

ကယ်ပေးလိုက်တာ ကျေးဇူးဆပ်ရတာကြီး ၂၆ နှစ်ခုလဲ စစ်အစိုးရက အမျိုးဘာဂျာ ကယ်ပေးလို့ကျေးဇူးဆပ်နေရတာက ၁နှစ်ကျော်
ဇာတ်တွေလဲနာပါ့..

တော်သေးတယ်အခု စကစ ရွာလည်နေလို့မဟုတ်ရင်မိုးယံသို့ လွင့်ပျံစေမည့် ပျူစောထီး တို့၏ အားမန်တို့ဘဘဘောသာ ဆက်၍မမည်တို့ လိုပေါကားတွေ ထွက်လာမလားမသိ..

ဖီလင် အနုပညာဂျင်းSithu .,AT.,credit

Leave a Reply

Your email address will not be published.