ပြည်သူတွေ သူယုတ်တွေလက်ထဲက အမြန်ဆုံးလွတ်စေဖို့ တတ်နိုင်တဲ့ဘက်က အားဖြည့်ပေးကြပါအုန်းဆိုတဲ့ မောင်မောင်အေ
News
ပြည်သူတွေ သူယုတ်တွေလက်ထဲက အမြန်ဆုံးလွတ်စေဖို့ တတ်နိုင်တဲ့ဘက်က အားဖြည့်ပေးကြပါအုန်းဆိုတဲ့ မောင်မောင်အေးမောင်မောင်အေး လို့ဆိုလိုက်ရင်တော့ ကတုံးနဲ့အသံပါဝါအားကောင်းကောင်းနဲ့ လူတိုင်းကငေးနေရလောက်အောင် စကားပြောကောင်းတဲ့လူပဲဖြစ်ပါတယ်။ အနုပညာလောကမှာ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ အစီစဉ်တင်ဆက်သူ မောင်မောင်အေးကတော့ သရုပ်ဆောင်သိပ်မလုပ်ပေမယ့်လည်း ပရိသတ်တိုင်းနဲ့မစိမ်းတဲ့ဆယ်လီတစ်ယောက်ပါပဲနေည်။ ဒါအပြင် မောင်မောင်အေး ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်နေသူလဲ ဖြစ်ပါတယ်။ အဲ့လိုတိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။မောင်မောင်အေး ကတော့ ပြည်သူတွေကို အခုလိုပဲ တိုက်တွန်းလာခဲ့ပါတယ်။ “အမေစု ရဲ့ ၇၇ နှစ်ပြည့်မွေးနေ့မှာ အမေ့ထီး ကံစမ်းလက်မှတ် အစောင်ရေ ၇ သောင်း ၇ ထောင် ပြည့်အောင်ဝယ်ယူရင်း ပြည်သူတွေ သူယုတ်မာတွေလက်ထဲက ဘေးလွတ်ကင်းစေရေး တတ်နိုင်တဲ့ဘက်က အားဖြည့်ပေးကြဖို့ တိုက်တွန်းပါတယ်…အမေ သက်ရှည်ကျန်းမာပြီး သူယုတ်တွေလက်ထဲက အမြန်ဆုံးဘေးရန်ကင်းစေဖို့ ဆုတောင်းရင်း လက်မှတ် ၇၇ စောင် ဝယ်ယူခဲ့ပါတယ်… လက်ရှိအချိန်ထိ လက်မှတ်စောင်ရေ ၇ သောင်းပြည့်တော့မယ်လို့သိရပါတယ်… ၇ သောင်း ၇ ထောင် ပြည့်ဖို့ လက်မှတ် ၇ ထောင် လောက်ပဲလိုပါတော့တယ်…အမေ့ ၇၇ နှစ်ပြည့်မွေးနေ့မတိုင်မီ လိုနေသေးတဲ့ လက်မှတ် ၇၀၀၀ ကို အမြန်ဆုံးပြည့်အောင် ကမ္ဘာအနှံ့က အမေ့သား သမီးတွေ အနေနဲ့ အားဖြည့်ဝယ်ယူပေးကြဖို့ ချစ်ခင်လေးစားစွာ ပန်ကြားပါရစေခင်ဗျာ…” လို့ ရေးသားထားပါတယ်။ပရိသတ်ကြီးရေ မောင်မောင်‌အေး ကတော့ ပြည်သူတွေ နဲ့ အားလုံးကချစ်ရတဲ့အမေစုတို့ သူယုတ်တွေလက်ထဲက အမြန်ဆုံးလွတ်စေဖို့ အမေ့ထီး ကံစမ်းလက်မှတ်လေးတွေကို ဝယ်ယူဖို့တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ်။Crd to CeleOnly
Zawgyi
Leave a Reply
Your email address will not be published.