Unicode
ပြည်သူ့အချစ်တော် ပန်ဆယ်လိုဟာ စ.စ်တပ်အာဏာသ.ိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ယခုအချိန်ထိ တော်လှ.န်ရေးကြီးမှာ ပြည်သူတွေနဲ့တသားတည်းရပ်တည်ခဲ့သူပါ။ ပြတ်သားတဲ့ ရပ်တည်ချက်၊
ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့အတူ သူမ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကြီးကို အစွမ်းကုန် အားဖြည့်ပေးနေခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ကြာကာလကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။
အခုလို တော်လှန်ရေးကြီး အချိန်ကြာညောင်းလာပေမယ့် သူမရဲ့ တော်လှန်ရေးစိတ်ဓာတ်ကတော့ အားလျော့မသွားပဲ ယခုထိတိုင် ထက်သန်နေဆဲ ပို၍ထက်သန်လာဆဲဆိုတာ သူမ လုပ်ဆောင်နေတဲ့
တော်လှန်ရေးထောက်ပံ့လုပ်ငန်းစဉ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ပန်ဆယ်လိုဟာ သူမရဲ့ ပြတ်သားခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ တော်လှန်ရေးအတွက် ကိုယ်ကျိုးမငဲ့ လုပ်ဆောင်ပေးမှုတွေကြောင့်
ပြည်သူတွေရဲ့မေတ္တာကို ပိုတိုးလို့ ရရှိနေတာပဲဖြစ်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဧကရာဇ်ဟိုတယ်ဘေး အလုပ်သမားတန်းလျားမှာ ၂၀၂၂၊ ဇွန်လ(၅)ရက်၊ ည(၁၁)နာရီခွဲက
Myanmar Idol Season- 2အဆိုတော် ဇင်ကြီးကို အမည်မသိအမျိုးသား(၄)ယောက်က ပ.စ်သ တ်သွားခဲ့တယ်လို့ သိရပါတယ်။ သန က်နဲ့ ၄ ချက်ပ စ်ခံလိုက်ရတဲ့ ဇင်ကြီး (ခ)ဇင်ဝင်းထိုက်ဟာ
ဆေးဝါးကုသမှုခံယူနေရင်း တေဆုံ းသွားခဲ့တာလို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဇင်ကြီးက တောခိုသွားတဲ့ လူငယ်PDFတွေကို “ကိုယ့်ဘဝကိုယ့်ရွေးချယ်မှုပဲ မင်းတို့ကိုအားပေးတဲ့အရေအတွက်ကလည်း
နိုင်ငံ့အတိုင်းအတာနဲ့ယှဉ်ရင် လက်သည်းခွံလောက်ပဲ အချိန်ကစကားပြောပါလိမ့်မယ်။ အချိန်တန်ရင်သူပု န်အဖြစ်နဲ့ အလင်းပြန်ဝင်လာကြအုံးမယ်”ဆိုပြီး ေ စာ်ကားပြောဆိုခဲ့ပါသေးတယ်။ ပန်ဆယ်လိုက အခုလို
ဇင်ကြီး လေးချက်အပ စ်ခံရတာတောင် ချက်ချင်းမသေသေးပဲ ဆင်ခြေထောက်မ ရွှေရူပါဦး သတင်းသွားမေးပြီးမှ လျှောသွားတာကြောင့် နင်များ သ တ်လိုက်တာလားဆိုပြီး မေးခွန်းထုတ်လာတာဖြစ်ပါတယ်။
ပန်ဆယ်လိုက သူမရဲ့လူမှုကွန်ယက်ထက်ကနေ “လေးချက်အပ စ်ခံရပေမယ့် ချက်ချင်း မေ သသေးဘူး။ တပ်ဖဲဝါ ခြေသလုံးအိမ်တိုင် ဆင်ခြေထောက်မ သတင်းသွားမေးပြီး ပြန်တာနဲ့ေ သတာပဲတဲ့။
နင်များ သ တ်လိုက်တာလားဟယ်။”ဆိုပြီး တပ်ဖဲဝါ ခြေသလုံးအိမ်တိုင် ဆင်ခြေထောက်မ သတင်းသွားမေဲးပီးမမှ လျှောသွားရတဲ့ ဇင်ကြီးအဖြစ်ကို အခုလိုပြောဆိုလာတာဖြစ်ပါတယ်။ ဒါ့အပြင် “အချိန်တန်ရင် သူပု န်တွေအဖြစ်
အလင်းပြန်ဝင်ရလိမ့်မယ်ဆိုတဲ့ ဘဲလည်း အချိန်တန်တော့ မ သာအဖြစ် မြေကြီးထဲ ဝင်သွားရရော။ အနိစ်စ ဒုက်ခ အနတ်တ သင်္ခါရ ဘယ်အရာမှ မမြဲပါတကား။”ဆိုပြီး ရေးသားထားပါသေးတယ်။
Zawgyi