အံ့ဩကုန္ႏိုင္ဖြယ္ စကစ ေခတ္ ေဆးတကၠသိုလ္ရဲ႕ Fresher Welcome (မယုံရင္ ပုံျပင္မွတ္ မဟုတ္ပါဘူး၊ တကယ့္ အျဖစ္အပ်က္ပါ)

News

အံ့ဩကုန္ႏိုင္ဖြယ္ စကစ ေခတ္ ေဆးတကၠသိုလ္ရဲ႕ Fresher Welcome

မယုံရင္ ပုံျပင္မွတ္ မဟုတ္ပါဘူး၊ တကယ့္ အျဖစ္အပ်က္ပါ၊

စကစေခတ္ (၁၀) တန္းေအာင္ၿပီး တကၠသိုလ္ဝင္ၾကရာမွာ ေဆးတကၠသိုလ္(၁) ကို ၃၆၀+ ဝင္ခြင့္ရထားတယ္လို႔သိရပါတယ္၊ ၂၀၂၂ ေမလ ေဆးတကၠသိုလ္ ပထမႏွစ္ ဖြင့္ဘို႔ ေခၚတဲအခါ ၁၃၀+ သာ enroll လုပ္ခဲ့ကာေဆး(၁)ရဲ႕ ဇီဝက ခန္းမမွာ ေမာင္ မယ္သစ္လြင္ႀကိဳဆိုပြဲလုပ္တဲ့ေန႔မွာ (၁၁၀+) ေယာက္ပဲ တက္ခဲ့တဲ့အထိ ဝက္ဝက္ကြဲေအာင္ျမင္ခဲ့ပါတယ္။

ဖြင့္ပြဲကိုစကစခန႔္ ဝန္ႀကီးက နာမည္ပ်က္ေပါင္းစုံထြက္ေနတဲ့ ၫႊန္ခ်ဳပ္မ်ားနဲ႔မႀကဳံစဖူး တက္ေရာက္ခဲ့သလို အသက္ႀကီးေသာ္လည္းအခ်ိန္မစီးၾကရွာ တဲ့ MMA, MMC, MAMS, MNA, MNCအပါအဝင္ ေကာင္စီ/ အသင္းေတြ က ဥကၠဌ/ အႀကီးအကဲ ေတြကလည္းလူ(၁၀၀) နဲ႔က်ိဳးတိုးက်ဲတဲ ျဖစ္ ေန ရွာတဲ့ ဇီဝက ခန္းမရဲ႕ ေရွ႕ပိုင္းအတန္းေတြ ျဖည့္ဖို႔ အရွက္ကင္းမဲ့ စြာ တက္ခဲ့ၾကပါတယ္။

က်က္သေရအမဲ့ဆုံးကေတာ့ခန္းမရဲ႕ေနာက္ ဆုံးတန္းမွာဝတ္စုံျပည့္ လက္နက္ကိုင္ထားသူ (၃) ေယာက္၊ အရပ္ဝတ္နဲ႔လက္နက္မျမင္ ရသူ(၃) ေယာက္ ၊ ေနာက္ဖက္ေလွခါး တဖက္တခ်က္မွာ လက္နက္နဲ႔တေယာက္ အရပ္ဝတ္နဲ႔တေယာက္ စီ နဲ႔ ဖြင့္ခဲ့ရတာပါပဲ။

ဒီေလာက္ေၾကာက္ခ်ီးပါေနရင္လည္း ဘာလို႔ လာဖြင့္ေနေသးလဲ ဝန္ခ်ီးမင္းရယ္၊
ဝန္ခ်ီးက ႐ိုက္လာတဲ့ မိန႔္ခြန္းကို စာလာဖတ္ၿပီး ေနာက္ ေခတ္အဆက္ဆက္ တပ္ကို ေဘာမလာခဲ့လို႔ ၫႊန္ခ်ဳပ္ျဖစ္ေနတဲ့ ေဆးေလာကရဲ႕ခ်ဥ္ဖတ္ကဆက္ၿပီး ေျပာတဲ့အခါမွာေတာ့ ေမာင္မယ္ သစ္လြင္ ေတြကစိတ္ဝင္စား မႈမရွိၾကေတာ့ပဲေနာက္ဖက္ကေမာင္ သစ္လြင္ ေတြက mobile phone ေလးေတြနဲ႔ game ေဆာ့ၾကပါေတာ့တယ္၊ ေနာက္ဖက္ထိုင္မိတဲ့ ဆရာတဦး အဆိုအရ စစ္တိုက္တဲ့ gameဆိုေတာ့

ေနာက္ဆုံးထြက္ တဲ့ C to D Game မ်ားျဖစ္ေနမလားပဲ ၊ေနာက္ဆုံးစက္ရပ္သတင္းကေတာ့ ဝန္ခ်ီးျပန္ၿပီးမွာစည္းေဝးခန္းမ မွာ U shaped စားပြဲ ရဲ႕ ထိပ္ဆုံးမွာ ထိုင္ကာ ဘယ္ညာ ႏွစ္ ဖက္ သူငယ္ငယ္က ေမာ္မၾကည့္ ခဲ့ရဲတဲ့ေကာင္စီ/ အသင္း သက္ၾကားအိုေတြၿခံရံၿပီး နံနက္စာစားဖို႔ အားခဲ ခဲ့တဲ့ ၫႊန္ စုတ္ အေနနဲ႔ သက္ႀကီး႐ြယ္အိုေတြလည္းျပန္ က်န္တဲ့သူေတြကလဲ ေရွာင္ၾကလို႔တခန္းလုံး တေယာက္ထဲ မသထာေရစာ စားသြားခဲ့တာပါပဲ ။

စကစ ေခတ္ မွတ္တမ္းတင္ရမဲ့ ေဆးတကၠသိုလ္ ရဲ႕ ေမာင္မယ္သစ္လြင္ ႀကိဳဆိုပြဲပါေနာ္။
ေဆးတကၠသိုလ္(၁) ရဲ႕ ဖရဲသီးတလုံး
Crd

Unicode

အံ့ဩကုန်နိုင်ဖွယ် စကစ ခေတ် ဆေးတက္ကသိုလ်ရဲ့ Fresher Welcome

မယုံရင် ပုံပြင်မှတ် မဟုတ်ပါဘူး၊ တကယ့် အဖြစ်အပျက်ပါ၊

စကစခေတ် (၁၀) တန်းအောင်ပြီး တက္ကသိုလ်ဝင်ကြရာမှာ ဆေးတက္ကသိုလ်(၁) ကို ၃၆၀+ ဝင်ခွင့်ရထားတယ်လို့သိရပါတယ်၊ ၂၀၂၂ မေလ ဆေးတက္ကသိုလ် ပထမနှစ် ဖွင့်ဘို့ ခေါ်တဲအခါ ၁၃၀+ သာ enroll လုပ်ခဲ့ကာဆေး(၁)ရဲ့ ဇီဝက ခန်းမမှာ မောင် မယ်သစ်လွင်ကြိုဆိုပွဲလုပ်တဲ့နေ့မှာ (၁၁၀+) ယောက်ပဲ တက်ခဲ့တဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။

ဖွင့်ပွဲကိုစကစခန့် ဝန်ကြီးက နာမည်ပျက်ပေါင်းစုံထွက်နေတဲ့ ညွှန်ချုပ်များနဲ့မကြုံစဖူး တက်ရောက်ခဲ့သလို အသက်ကြီးသော်လည်းအချိန်မစီးကြရှာ တဲ့ MMA, MMC, MAMS, MNA, MNCအပါအဝင် ကောင်စီ/ အသင်းတွေ က ဥက္ကဌ/ အကြီးအကဲ တွေကလည်းလူ(၁၀၀) နဲ့ကျိုးတိုးကျဲတဲ ဖြစ် နေ ရှာတဲ့ ဇီဝက ခန်းမရဲ့ ရှေ့ပိုင်းအတန်းတွေ ဖြည့်ဖို့ အရှက်ကင်းမဲ့ စွာ တက်ခဲ့ကြပါတယ်။

ကျက်သရေအမဲ့ဆုံးကတော့ခန်းမရဲ့နောက် ဆုံးတန်းမှာဝတ်စုံပြည့် လက်နက်ကိုင်ထားသူ (၃) ယောက်၊ အရပ်ဝတ်နဲ့လက်နက်မမြင် ရသူ(၃) ယောက် ၊ နောက်ဖက်လှေခါး တဖက်တချက်မှာ လက်နက်နဲ့တယောက် အရပ်ဝတ်နဲ့တယောက် စီ နဲ့ ဖွင့်ခဲ့ရတာပါပဲ။

ဒီလောက်ကြောက်ချီးပါနေရင်လည်း ဘာလို့ လာဖွင့်နေသေးလဲ ဝန်ချီးမင်းရယ်၊
ဝန်ချီးက ရိုက်လာတဲ့ မိန့်ခွန်းကို စာလာဖတ်ပြီး နောက် ခေတ်အဆက်ဆက် တပ်ကို ဘောမလာခဲ့လို့ ညွှန်ချုပ်ဖြစ်နေတဲ့ ဆေးလောကရဲ့ချဉ်ဖတ်ကဆက်ပြီး ပြောတဲ့အခါမှာတော့ မောင်မယ် သစ်လွင် တွေကစိတ်ဝင်စား မှုမရှိကြတော့ပဲနောက်ဖက်ကမောင် သစ်လွင် တွေက mobile phone လေးတွေနဲ့ game ဆော့ကြပါတော့တယ်၊ နောက်ဖက်ထိုင်မိတဲ့ ဆရာတဦး အဆိုအရ စစ်တိုက်တဲ့ gameဆိုတော့

နောက်ဆုံးထွက် တဲ့ C to D Game များဖြစ်နေမလားပဲ ၊နောက်ဆုံးစက်ရပ်သတင်းကတော့ ဝန်ချီးပြန်ပြီးမှာစည်းဝေးခန်းမ မှာ U shaped စားပွဲ ရဲ့ ထိပ်ဆုံးမှာ ထိုင်ကာ ဘယ်ညာ နှစ် ဖက် သူငယ်ငယ်က မော်မကြည့် ခဲ့ရဲတဲ့ကောင်စီ/ အသင်း သက်ကြားအိုတွေခြံရံပြီး နံနက်စာစားဖို့ အားခဲ ခဲ့တဲ့ ညွှန် စုတ် အနေနဲ့ သက်ကြီးရွယ်အိုတွေလည်းပြန် ကျန်တဲ့သူတွေကလဲ ရှောင်ကြလို့တခန်းလုံး တယောက်ထဲ မသထာရေစာ စားသွားခဲ့တာပါပဲ ။

စကစ ခေတ် မှတ်တမ်းတင်ရမဲ့ ဆေးတက္ကသိုလ် ရဲ့ မောင်မယ်သစ်လွင် ကြိုဆိုပွဲပါနော်။
ဆေးတက္ကသိုလ်(၁) ရဲ့ ဖရဲသီးတလုံး
Crd

Leave a Reply

Your email address will not be published.