မအလ ဦးစီးဖြင့္ထားတဲ့ ေက်ာင္းမွာ ဘာေတြသင္ေနသလဲ စူးစမ္းခ်င္းလို႔ ေက်ာင္းေပါက္ဝမွာ သြားနားစြင့္မိလိုက္ေတာ႔

News

မအလ ဦးစီးဖြင့္ထားတဲ့ ေက်ာင္းမွာ ဘာေတြသင္ေနသလဲ စူးစမ္းခ်င္းလို႔ ေက်ာင္းေပါက္ဝမွာ သြားနားစြင့္မိတဲ့အခါ ( “ဒါဘာလဲ” “အိုင္!!!” “ဒါဘာလဲ” “မီ!!!” “ဒါဘာလဲ” “မိုင္!!!” “ဒါဘာလဲ” ေက်ာင္းသားေတြလအသံထြက္မလာေတာ့ဘူးဗ် )

ေက်ာင္းဖြင့္ခ်ိန္ ေက်ာင္းမွာ ဘာေတြသင္ၾကားေနသလဲ ေက်ာင္းေပါက္ဝမွာ သြားနားစြင့္မိတဲ့အခါ.. မနက္ ေဈးက အျပန္ စာသင္ေက်ာင္း‌အေရွ႕က ျဖတ္ျပန္ေတာ့ ေက်ာင္းဖြင့္တာေတြ႕တယ္..။ အင္း.. ေက်ာင္းမွာ ဘာေတြမ်ားသင္ၾကားေနတာလဲေပါ့..။ သိခ်င္စိတ္ကို ထိန္းမရတာနဲ႔ ေက်ာင္း ေပါက္နားမွာေဈးျခင္းေတာင္းခ်ၿပီး.. ေက်ာင္းသား အကိုေယာင္ေယာင္ ေက်ာင္းဆရာမ

ရည္းစားေယာင္ေယာင္ ရစ္သီရစ္သီနဲ႔ နားစြင့္ေနမိတယ္။ ေက်ာင္းေပါက္ဝမွာလဲ သိတဲ့အတိုင္း ဒိုင္းေညာင့္ကိုင္ ထြန္းၫြန႔္ကိုင္ေတြက ေစာင့္ေနကိုး..။ အဲ့လိုမွ ဟန္မေဆာင္ရင္ စြဲစိမွာေလ..။ “ၾကာအုံးမွာလား မသိဘူး” ေက်ာင္းဝန္းထဲကို လွမ္းၾကည့္ၿပီး ပါးစပ္က ေပါက္ကရ ေျပာလိုက္တယ္။ ႏို႔မို႔ဆို ဟို မသာေတြက စစ္လားေဆးလား လုပ္ေနမွာေလ..။ “အဂၤလိပ္ ဆရာမလာၿပီ!!”

ေက်ာင္းသားတစ္ေယာက္ရဲ႕ ေအာ္သံေၾကာင့္.. အိုး.. အဂၤလိပ္စာ သင္မွာပါလား? ဘာေတြ သင္မွာပါလိမ့္..။ နားစြင့္ေနမိတယ္..။ “စာအုပ္ထုတ္!!” အံမာ.. ဒီဆရာမ အသံက ေတာ္ေတာ္ေတာ့ ေအာင္သား..။ စာသင္ေနတဲ့အခန္းက ေက်ာင္းေပါက္ဝနဲ႔ နီးေတာ့က်ေတာ္ ေကာင္းေကာင္း ၾကားရတယ္ေလ။ ဆရာမကလဲ အာၿဗဲလန္စိန္ ဆိုေတာ့ အထူးေျပာစရာမလို..

ရွယ္ၾကား ရွယ္ၾကားေပါ့..။ ထြန္းၫြန႔္ကိုင္ ဒိုင္းေညာင့္ကိုင္ေတြကလဲ ေက်ာင္းလာတက္တဲ့ ဆရာ/ဆရာမနဲ႔ ေက်ာင္းသူ/ေက်ာင္းသားေတြကို ေစာင့္ေရွာက္ရေတာ့ အေပါက္ဝက မခြာရဘူးေလ..။ ဆရာမ စာသင္ေနတာ သူတို႔လဲ ၾကားမွာပဲေလ..။ “ဒါဘာလဲ” “အိုင္!!!” “ဒါဘာလဲ” “မီ!!!” “ဒါဘာလဲ” “မိုင္!!!” “ဒါဘာလဲ”

ေက်ာင္းသားေတြလအသံထြက္မလာေတာ့ဘူးဗ်။ “ဒါဘာလဲ???” ေက်ာင္းသားေတြဆီကလဘာသံမွမၾကားျပန္ဘူး “ဒါဘာလဲ!!!???” ဝိုး..!! ဆရာမ အသံကတျဖည္းျဖည္းနဲ႔ ေဒါသသံပါလာၿပီ.. ေက်ာင္းသားေတြလဲ တိတ္ေနတုန္းပဲ.. က်ေတာ္ စိတ္ထဲကေန အိုင္.. မီ.. မိုင္.. ပဲရွိေသးတယ္.. ဆရာမက ဒါ “မိုင္း!!! ေဟ့!!! မိုင္းဟ!!” အဲ့လိုလဲ ေအာ္လိုက္ေရာ..

ဂိတ္နားက ကင္းေစာင့္ေနတဲ့ ထြန္းၫြန႔္ကိုင္ ဒိုင္းေညာင့္ကိုင္ေတြ ေျပးပါေလေရာဗ်ာ။ ဘယ္ရမလဲ က်ေတာ္လဲ ဘုမသိဘမသိ လိုက္ေျပးတာေပါ့။ ေတာ္ေတာ္ ေဝးေဝးေရာက္မွ i , me, my , mine , myself myself ေတာင္ မေရာက္လိုက္ဘူး ေျပးၾကတာ..။ ခိခိ..။

crd-Kyaw Htin Naw YaHtar

Unicode

မအလ ဦးစီးဖွင့်ထားတဲ့ ကျောင်းမှာ ဘာတွေသင်နေသလဲ စူးစမ်းချင်းလို့ ကျောင်းပေါက်ဝမှာ သွားနားစွင့်မိတဲ့အခါ ( “ဒါဘာလဲ” “အိုင်!!!” “ဒါဘာလဲ” “မီ!!!” “ဒါဘာလဲ” “မိုင်!!!” “ဒါဘာလဲ” ကျောင်းသားတွေလအသံထွက်မလာတော့ဘူးဗျ )

ကျောင်းဖွင့်ချိန် ကျောင်းမှာ ဘာတွေသင်ကြားနေသလဲ ကျောင်းပေါက်ဝမှာ သွားနားစွင့်မိတဲ့အခါ.. မနက် ဈေးက အပြန် စာသင်ကျောင်း‌အရှေ့က ဖြတ်ပြန်တော့ ကျောင်းဖွင့်တာတွေ့တယ်..။ အင်း.. ကျောင်းမှာ ဘာတွေများသင်ကြားနေတာလဲပေါ့..။ သိချင်စိတ်ကို ထိန်းမရတာနဲ့ ကျောင်း ပေါက်နားမှာဈေးခြင်းတောင်းချပြီး.. ကျောင်းသား အကိုယောင်ယောင် ကျောင်းဆရာမ

ရည်းစားယောင်ယောင် ရစ်သီရစ်သီနဲ့ နားစွင့်နေမိတယ်။ ကျောင်းပေါက်ဝမှာလဲ သိတဲ့အတိုင်း ဒိုင်းညောင့်ကိုင် ထွန်းညွန့်ကိုင်တွေက စောင့်နေကိုး..။ အဲ့လိုမှ ဟန်မဆောင်ရင် စွဲစိမှာလေ..။ “ကြာအုံးမှာလား မသိဘူး” ကျောင်းဝန်းထဲကို လှမ်းကြည့်ပြီး ပါးစပ်က ပေါက်ကရ ပြောလိုက်တယ်။ နို့မို့ဆို ဟို မသာတွေက စစ်လားဆေးလား လုပ်နေမှာလေ..။ “အင်္ဂလိပ် ဆရာမလာပြီ!!”

ကျောင်းသားတစ်ယောက်ရဲ့ အော်သံကြောင့်.. အိုး.. အင်္ဂလိပ်စာ သင်မှာပါလား? ဘာတွေ သင်မှာပါလိမ့်..။ နားစွင့်နေမိတယ်..။ “စာအုပ်ထုတ်!!” အံမာ.. ဒီဆရာမ အသံက တော်တော်တော့ အောင်သား..။ စာသင်နေတဲ့အခန်းက ကျောင်းပေါက်ဝနဲ့ နီးတော့ကျတော် ကောင်းကောင်း ကြားရတယ်လေ။ ဆရာမကလဲ အာဗြဲလန်စိန် ဆိုတော့ အထူးပြောစရာမလို..

ရှယ်ကြား ရှယ်ကြားပေါ့..။ ထွန်းညွန့်ကိုင် ဒိုင်းညောင့်ကိုင်တွေကလဲ ကျောင်းလာတက်တဲ့ ဆရာ/ဆရာမနဲ့ ကျောင်းသူ/ကျောင်းသားတွေကို စောင့်ရှောက်ရတော့ အပေါက်ဝက မခွာရဘူးလေ..။ ဆရာမ စာသင်နေတာ သူတို့လဲ ကြားမှာပဲလေ..။ “ဒါဘာလဲ” “အိုင်!!!” “ဒါဘာလဲ” “မီ!!!” “ဒါဘာလဲ” “မိုင်!!!” “ဒါဘာလဲ”

ကျောင်းသားတွေလအသံထွက်မလာတော့ဘူးဗျ။ “ဒါဘာလဲ???” ကျောင်းသားတွေဆီကလဘာသံမှမကြားပြန်ဘူး “ဒါဘာလဲ!!!???” ဝိုး..!! ဆရာမ အသံကတဖြည်းဖြည်းနဲ့ ဒေါသသံပါလာပြီ.. ကျောင်းသားတွေလဲ တိတ်နေတုန်းပဲ.. ကျတော် စိတ်ထဲကနေ အိုင်.. မီ.. မိုင်.. ပဲရှိသေးတယ်.. ဆရာမက ဒါ “မိုင်း!!! ဟေ့!!! မိုင်းဟ!!” အဲ့လိုလဲ အော်လိုက်ရော..

ဂိတ်နားက ကင်းစောင့်နေတဲ့ ထွန်းညွန့်ကိုင် ဒိုင်းညောင့်ကိုင်တွေ ပြေးပါလေရောဗျာ။ ဘယ်ရမလဲ ကျတော်လဲ ဘုမသိဘမသိ လိုက်ပြေးတာပေါ့။ တော်တော် ဝေးဝေးရောက်မှ i , me, my , mine , myself myself တောင် မရောက်လိုက်ဘူး ပြေးကြတာ..။ ခိခိ..။

crd-Kyaw Htin Naw YaHtar

Leave a Reply

Your email address will not be published.