ခေတ် အဆက်ဆက် ကာကွယ် စောင့်ရှောက် ပေးခဲ့တဲ့ တပ်မတော်ကြီး ပြိုကွဲ ပျက်စီးအောင် မလုပ်သင့်ကြောင်း ပြောလာတဲ့ မင်းအုပ်စိုး

News

ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့တပ်မတော်ကြီး ပြိုကွဲပျက်စီးအောင် မပြုလုပ်သင့်ကြောင်းပြောပြလာတဲ့ မင်းအုပ်စိုး ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုးကတော့ ထောင်ကျနေတာ အတော်လေး ကြာခဲ့ပါပြီနော်။

အချိန်အတော်ကြာ တရားရင်ဆိုင်ရပြီးနောက် သေဒဏ်ဆိုပြီး အမိန့်ချမှတ်ခံခဲ့ရတာပါနော်။ ထောင်ကျပြီးနောက်ပိုင်းသူနဲ့ပတ်သက်တဲ့ သတင်းမှန်သမျှ ဘာမှမကြားရတာ အတော်ကြာခဲ့ပါပြီနော်။

ဒါ‌ပေမယ့်မကြာသေးခင်ပဲ သရုပ်ဆောင် မင်းအုပိစိုးဟာ ပြန်လည်လွတ်မြောက် လာတာပဲဖြစ်ပါတယ်။ ပရိသတ်တချို့ကတော့ သရုပ်ဆောင် မင်းအုပ်စိုး ပြန်လည်လွတ်မြောက်လာတဲ့အပေါ် အမျိုးမျိုးဝေဖန်သံတွေ ထွက်လာခဲ့ကြပြီး ဒေါသထွက်ခဲ့ကြပါသေးတယ်။

မင်းအုပ်စိုးကတော့ လတ်တလောအခြေနေတွေနဲ့ ပတ်သတ်ပြီး ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော်ကြီး ပြိုကွဲပျက်စီးအောင် မပြုလုပ်သင့်ကြောင်း သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားပြောပြလာပါတယ်..။

မြန်မာပြည်မြေပုံအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံချင်ပါသလား ထောက်ခံလို့ရပါတယ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ချင်ပါသလား ချစ်ခင်လို့ရပါတယ် ဒေါ်အောင်ဆန်းစုကြည် ကိုချစ်မြတ်နိုးကိုးကွယ်ချင်လွန်းတဲ့ စိတ်ကြောင့် အမေလို့ ခေါ်ချင်ပါသလား

လွတ်လွတ်လပ်လပ် အားရပါးရကြီး အမေလို့ခေါ်လို့ရပါတယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံချင်ပါသလား ထောက်ခံလို့ရပါတယ် ချစ်ခင်ချင်ပါသလားချစ်ခင်လို့ရပါတယ် ချစ်မြတ်နိုးလွန်းတဲ့စိတ်ကြောင့် အဘလို့ခေါ်ချင်ပါသလား လွတ်လပ်စွာ ခေါ်လို့ရပါတယ်

တပ်မတော်အတွင်းမှာ ဝင်ရောက်အမှုထမ်းနေကြတဲ့ တပ်မတော်သားတွေကိုမု န်းချင်ပါသလား မုန်းလို့ရပါတယ် ဆဲချင်ပါသလား အိမ်ထဲမှာနေပြီး ပါးစပ်ကနေအားပါးတရ ဆဲလို့ရပါတယ် ကုန်ကုန် ပြောရရင်

ဗိုလ်ချုပ်မှူးကြီ းမင်းအောင်လှိုင်ကို မုန်းချင်ပါသလား မုန်းလို့ရပါတယ် ပိုးဆိုးပက်စက် ဆဲချင်ပါသလားကိုယ့်အိမ်ထဲကနေ ကိုယ့်ပါးစပ်နဲ့ လွတ်လွတ်လပ်လပ် စိတ်ပါလက်ပါအားရပါးရ ဆဲလို့ရပါတယ်

ဒါပေမယ့် ဆဲတဲ့လူတွေက ဗဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုးတွေ ဖြစ်မယ်ဆိုရင် ဝစီကံကြောင့် ရလာတဲ့ဒဏ်ကို အဲ့ဒီလူတွေက အနည်းအကျင်းခံရယုံကလွဲပီ းအခြားလူတွေအတွက်

တိုင်းပြည်အတွက် ကြီးကြီးမားမား ဆုံရှုံးထိခိုက်မှု မရှိနိုင်ပါဘူး လက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်တပ်မတော်အပေါ် မုန်းချင်ပါသလား မုန်းလို့ရပါတယ် ဆဲချင်ပါသလားပ ါးစပ်ကနေ လွတ်လွတ်လပ်လပ်အားရပါးရ တစ်တစ်ခွခွကြီး ဆဲလို့ရပါတယ်

သို့သော်လဲတပ်မတော်ကြီ းပြိုကွဲသွားအောင်ပျက်စီးသွားအောင် ပျောက်ကွယ်သွားအောင်တော့ မတွေးသင့်မပြောသင့် မစည်းရုံးသင့် မကြံစည်သင့်ပါဘူး ဘာကြောင့်လဲဆိုတော့ ၁၉၄၈ ခုနှစ်ဇန်နဝါရီလ၄ ရက်နေ့ကနေ ဒီနေ့ဒီအချိန်ရောက်လာတဲ့အထိ ကမ္ဘာ့မြေပုံထဲမှာ

ကျွန်တော်တို့ရဲ့ မြန်မာပြည်မြေပုံလေး ပျက်မသွားစေရအောင် ပဲ့ထွက်မသွားစေရအောင် တစစီပြိုကွဲမသွားစေရအောင် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးခဲ့တဲ့ တခုထဲသော အဖွဲ့အစည်းကို ပြောပါဆိုရင် မြန်မာ့တပ်မတော်က လွဲပီးမှတပါး အခြားမရှိပါပဲဗျာ

ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ ကျွန်တော့တိုင်းပြည် ကျွန်တော်သဘောကျတဲ့ ကျွန်တော့တိုင်းပြည်ရဲ့ မြေပုံလေး တစစီကွဲထွက်ပြိုပျက် မသွားအောင်ခေတ်အဆက်ဆက်ကာကွယ် စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးကို

လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်မိပါရဲ့ဗျာ ။”ဆိုပြီး ရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်။ အဲ့ဒီပို့စ်ရဲ့ကိုပရိသတ်တွေက မျှဝေပြီး မင်းအုပ်စိုးကို အမျိုးမျိုးပြစ်တင်ဝေဖန်မှုတွေနဲ့အတူ ရှုတ်ချတဲ့စကားတွေလည်း အသီးသီး ပြောထားကြတာလည်း တွေ့ရပါတယ်..။
Crd

Leave a Reply

Your email address will not be published.