အော် လူတွေ လူတွေ မစ္စျရိယစိတ်တွေ ဘယ်လောက်များကြသလဲဆိုတော့

News

အော် လူတွေ လူတွေ

မစ္စျရိယစိတ်တွေ ဘယ်လောက်များကြသလဲဆိုတော့

ဟိုတစ်လောက အမေရိကန်ကလုပ်တဲ့ မြို့တွေအများကြီးဆီကို ခရီးထွက်ပြီး အလှူငွေလည်းကောက်၊လက်မှတ်တွေလည်းရယူမယ့် ပွဲ

အတွက် post တင်ပေးရတော့ “အမေရိကားရောက်တုန်းခရီးထွက်လိုက်အုံးမယ်”

လို့တင်ခဲ့တယ်။

ဟိုတစ်နေ့က အမေ့ထီး ပွဲအတွက် post တင်တော့

“အမေရိကားကနေ live လွှင့်မယ်”လို့ ရေးတင်ခဲ့တယ်။

ကျနော်

Mind game လုပ်လိုက်တယ်။

ချက်ခြင်းကိုထွက်ကျလာလိုက်တာ ဆဲလိုက်တာ ဆဲလိုက်တာ ပြောလိုက်ကြတာ

ပြောလိုက်ကြတာ မြင်မကောင်းဘူး။

ဘယ်သူတွေ ဘာရေးကြမလဲ သိချင်လို့ တင်လိုက်တာ။

ဝင်ဖတ်ကြည့်တော့ ရီရတယ်။

S$$$ ဆရာကြီးတွေ $$ဆရာမကြီးတွေက များတယ်။

မက်ဆင်ဂျာကနေ လာမေးကြတဲ့သူတွေက အများကြီး။

ချစ်တဲ့သူတွေက သူတို့ပြည်နယ်ကို

လာလည်ဖို့ဖိတ်တယ်၊တချို့က လာတွေ့ချင်ကြတယ်၊တချို့က သူတို့အိမ်တွေမှာပေးနေချင်လို့။

မြေပြင်က

တစ်ချို့ရဲဘော်တွေက တကယ်ထွက်သွားပြီလား သိချင်လို့မေးလာကြတယ်။

တစ်ချို့ မိတ်ဆွေတွေက သူတို့ကိုလာလာမေးနေကြလို့

ဘာပြန်ပြောရမလဲ မေးလားကြတယ်။

မေးလာသူတွေကိုရော၊ဆဲနေကြသူတွေရော

ပြောချင်တာကတော့

မနေ့ည ၈:၀၀ မှာလုပ်သွားတဲ့ အမေ့ထီး ပွဲသာဝင်ကြည့်လိုက်ပါလို့။

ကျနော်အဆင်ပြေပါတယ်။

ခင်ဗျားတို့ အဆင်မပြေမှာပဲစိုးတာ။

မြန်မာပြည်အစွန်အဖျားတစ်နေရာက ဒီစာကို

ကျနော် ရေးလိုက်ပါတယ်။
၅.၆.၂၀၂၂

@ဓာတ်ပုံပညာရှင်က မနေ့ညကရိုက်ပေးခဲ့တယ်။

ဓာတ်ပုံထဲမှာ ဖားအော်သံတွေထည့်မရလို့

မကြားရရင် နားလည်ပေးပါလို့

credit;ဒါရိုက်တာကိုပေါက်

Leave a Reply

Your email address will not be published.