ခက်ခက်ခဲခဲရမှသာ လူတွေတန်ဖိုးထားတတ်ကြောင်း သေချာရှင်းပြလာတဲ့ ဒါရိုက်တာ ဏကြီး
Uncategorized
ပရိသတ်ကြီးရေ မြန်မာရုပ်ရှင်လောကမှာ အောင်မြင်တဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဏကြီးကိုတော့ အားလုံးပဲ သိကြအုန်းမယ် ထင်ပါတယ်။
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီးအာဆီယံရုပ်ရှင်ပြပွဲမှာလဲ ဆုရရှိခဲ့ပါသေးတယ်။ ဏကြီး ကတော့ ပြည်သူ့ချစ်အနုပညာရှင် မင်းသမီးတစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသု ရဲ့ခင်ပွန်းဖြစ်ပြီးတော်လှန်ရေးအတွက် ခံယူချက်ခိုင်မာတဲ့ ဇနီးမောင်နှံတွေလဲ ဖြစ်ပါတယ်။
ဒါရိုက်တာ ဏကြီး ကတော့ Click Mission တွေမှာ ပါဝင်ကြဖို့အားလုံးကို ဖိတ်ခေါ်ထားတာကို တွေ့ရပါတယ်။ ” Click Mission တွေမှာ ပါဝင်ကြဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။ (အရမ်းလွယ်တယ်လို့ မပြောလိုပါဘူး။ လွယ်လွယ်လေးရတဲ့ အရာတွေကို ကျွန်တော်တို့ ကိုယ်တိုင် တန်ဖိုးမထားကြပါဘူး။) တစ်ရက်တည်းမဟုတ်ဘဲ နေ့စဉ် ပါဝင်ပါ။
တစ်ရက် (၁၀) မိနစ်လောက်သာ အချိန်ပေးပြီး click ပါ။ (အကြာကြီး click စရာမလို။) ပြည်တွင်းတွင် VPN ကျော်ပါ။ Video တစ်ခုတည်း ခဏ ခဏ မကြည့်ပါနဲ့။ အခြား Video များလည်း ကြည့်ပါ။ Playlist စီပြီး Loop လုပ်မထားပါနဲ့။ (unusual Traffic နဲ့ channel အတွက် error ဖြစ်စေနိုင်ပါတယ်။) Skip Ads နှိပ်ပါ။
သက်ဆိုင်ရာ App, Page, Game, Channel များကို follow, install, subscribe လုပ်ထားပါ။ Admin များပြောသည့် instructions များကို လိုက်နာပါ။ (တစ်ခုနဲ့ တစ်ခု မတူသလို၊ အချိန်အခါ အလိုက်လည်း ပြောင်းလဲနိုင်ပါတယ်။)
Bot များနှင့် click ပြီးပိုက်ဆံရှာသည့် site များလည်းရှိသဖြင့် ထိုသို့ မဖြစ်ရန် သာမာန်လူတစ်ယောက်သုံး သလိုသာ (လူသားဆန်ဆန်) click ပါ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ဒါရိုက်တာ ဏကြီး ကတော့ လွယ်လွယ်လေးရတဲ့ အရာတွေကို ကျွန်တော်တို့ ကိုယ်တိုင် တန်ဖိုးမထားကြပါဘူး ဒါကြောင့် များများ Click ကြဖို့လိုအပ်ပါတယ်နော်
zawgyi verison
Crd
Leave a Reply
Your email address will not be published.