စာမေးပွဲအောင်စာရင်း နဲ့ ကျောင်းအပ်ခံမယ့်နေ့ကို ကြေငြာလိုက်ပါပြီ
News
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သည့် အခြေခံပညာကျောင်းများ၏ ကျောင်းတွင်းစစ် အတန်းတင်စာမေးပွဲ အောင်စာရင်းများကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းမှသိရပါပြီ။
အဆိုပါ အောင်စာရင်းများထုတ်ပြန်ကြေညာပေးရာတွင် အခြေခံပညာကျောင်းများ၌လည်း အောင်စာရင်းစာရွက်များအားကပ်ပေးသွားမည်ဟုဆိုပါတယ်။
အောင်စာရင်းများထုတ်ပြန်ပေးရန် သက်ဆိုင်ရာမြိုနယ်ပညာရေးမှူးရုံးများမှ အခြေခံပညာကျောင်းအုပ်ကြီးများ၊တာဝန်ခံကျောင်းအုပ်ကြီးများအား လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားရန်ညွှန်ကြားထားကြောင်း သိရပါတယ် ။ မှတ်ထားရမယ့် နေ့စွဲ
တွေကတော့..24 – 4 – 2022 အခြေခံပညာကျောင်းများအားလုံး အောင်စာရင်းကြေငြာပါမည်။25- 5 – 2022 မှ 31 – 5 – 2022 အထိအခြေခံပညာကျောင်းများအားလုံး ကျောင်းအပ်လက်ခံပါမည်။2- 6 – 2022 အခြေခံပညာကျောင်းများပုံ
မှန်ပြန်လည်ဖွင့်လှစ်ပါမည်။တစ်ခုသတိထားရမှာက ယခုနှစ်မှစကာ အခြေခံပညာကျောင်းများတွင် . . . .တက္ကသိုလ်ဝင်တန်း စနစ်ဟောင်း သင်ကြားမှုမရှိတော့ပါပဲ စနစ်သစ်သာသင်ကြားပို့ချပါလိမ့်မည် ။စနစ်ဟောင်းသမားတွေအနေဖြင့်ပြင်ပဖြေအဖြစ်သာ ဖြေဆိုရပါမည်။ယခုနှစ်သည် စနစ်ဟောင်းသမားများ၏ နောက်ဆုံးအခွင့် အရေးဖြစ်ပါသည်။
#ပညာရေးသတင်းစုံ Zawgyi Version
Crd
Leave a Reply
Your email address will not be published.