ေတာ္လွန္ေရးမွာ က်ဆုံးသြားတဲ့သူေတြကို ကိုယ္တိုင္သြားေရာက္လႉဒါန္းေပးခဲ့တဲ့ သ႐ုပ္ေဆာင္ခန႔္စည္သူ
ပရိတ္သတ္ႀကီးေရ၊အခုတစ္ခါမွာဆိုရင္သ႐ုပ္ေဆာင္ခန႔္စည္သူကေတာ္လွန္ေရးမွာ
က်ဆုံးသြားတဲ့သူေတြကို ကိုယ္တိုင္သြားေရာက္လႉဒါန္းေပးခဲ့တဲ့ အေၾကာင္းအခုလိုေရးသားေဖာ္ျပထားပါတယ္ေနာ္။
ကိုဟိန္းထြဋ္ေအာင္(တ/ဒဂုံ)(၂၈-၂-၂၀၂၁) ကိုဟိန္းထြဋ္ေအာင္ အတြက္ရည္စူး၍ သကၤန္း၊နာေရးအကူအလႉေငြ(၃)သိန္းႏွင့္က်န္ရစ္သူ
မိသားစုအတြက္ ဆန္၊ဆီႏွင့္ပုဆိုးမ်ား၊လုံျခည္မ်ားကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။
ကိုဖိုးခ်စ္(မ/ဒဂုံ)(၃-၃-၂၀၂၁)၊ကိုဖိုးခ်စ္အတြက္ ရည္စူး၍ သကၤန္းျခင္း၊နာေရးအကူ
အလႉေငြ(၃) သိန္းႏွင့္ ၎၏ဇနီး မသဲစုအတြက္ နားကပ္ေလးတစ္ရံကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။
ကိုဇြဲထက္စိုး(မ/ဒဂုံ)(၃-၃-၂၀၂၁)၊ကိုဇြဲထက္စိုးအတြက္ ရည္စူး၍ သကၤန္းျခင္း၊နာေရးအကူ..
အလႉေငြ (၃)သိန္းႏွင့္ ၎၏ဇနီး မသက္ထားအတြက္ နားကပ္ေလးတစ္ရံ၊
ခ်စ္စရာေကာင္းတဲ့ သမီးေလး ေ႐ႊ႐ုပ္လႊာအတြက္လည္း လက္စြပ္ေလးတစ္ကြင္းကို ေပးအပ္လႉဒါန္းခဲ့ပါတယ္။
(မိသားစုမ်ားႏွင့္ထပ္တူ ေၾကကြဲဝမ္းနည္းရပါတယ္။ ေကာင္းရာသုဂတိလားၾကပါေစ လို႔ေမတၱာပို႔ အမွ်ေဝဆုေတာင္းေပးခဲ့ပါတယ္။)
ကိုမင္းသူရ (မ/ဒဂုံ)မ်က္စိတစ္ဖက္ ထိခိုက္ပ်က္စီးသြားတဲ့အတြက္ (၆-၂-၂၀၂၁) ယေန႔ထိ
ေဆး႐ုံကမဆင္းႏိုင္ေသးပါဘူး၊ကိုမင္းသူရအတြက္ ေဆးကုသစားရိတ္ အလႉေငြ(၂)သိန္းႏွင့္
ပုဆိုးမ်ား၊တရားစာအုပ္မ်ား၊၎၏မိခင္ႀကီးအတြက္ ေမာင္းကြင္းေ႐ႊ လက္စြပ္ေလး တစ္ကြင္း
ကန္ေတာ့ခဲ့ပါတယ္၊အျမန္ဆုံးသက္သာေပ်ာက္ကင္းၿပီး မိဘကို အလုပ္အေကြၽးျပဳႏိုင္တဲ့ သားေကာင္းရတနာျဖစ္ပါေစ။
Unicode
တော်လှန်ရေးမှာ ကျဆုံးသွားတဲ့သူတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ သရုပ်ဆောင်ခန့်စည်သူ
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ခန့်စည်သူကတော်လှန်ရေးမှာ
ကျဆုံးသွားတဲ့သူတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ အကြောင်းအခုလိုရေးသားဖော်ပြထားပါတယ်နော်။
ကိုဟိန်းထွဋ်အောင်(တ/ဒဂုံ)(၂၈-၂-၂၀၂၁) ကိုဟိန်းထွဋ်အောင် အတွက်ရည်စူး၍ သင်္ကန်း၊နာရေးအကူအလှူငွေ(၃)သိန်းနှင့်ကျန်ရစ်သူ
မိသားစုအတွက် ဆန်၊ဆီနှင့်ပုဆိုးများ၊လုံခြည်များကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ကိုဖိုးချစ်(မ/ဒဂုံ)(၃-၃-၂၀၂၁)၊ကိုဖိုးချစ်အတွက် ရည်စူး၍ သင်္ကန်းခြင်း၊နာရေးအကူ
အလှူငွေ(၃) သိန်းနှင့် ၎င်း၏ဇနီး မသဲစုအတွက် နားကပ်လေးတစ်ရံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ကိုဇွဲထက်စိုး(မ/ဒဂုံ)(၃-၃-၂၀၂၁)၊ကိုဇွဲထက်စိုးအတွက် ရည်စူး၍ သင်္ကန်းခြင်း၊နာရေးအကူ..
အလှူငွေ (၃)သိန်းနှင့် ၎င်း၏ဇနီး မသက်ထားအတွက် နားကပ်လေးတစ်ရံ၊
ချစ်စရာကောင်းတဲ့ သမီးလေး ရွှေရုပ်လွှာအတွက်လည်း လက်စွပ်လေးတစ်ကွင်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
(မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ ကောင်းရာသုဂတိလားကြပါစေ လို့မေတ္တာပို့ အမျှဝေဆုတောင်းပေးခဲ့ပါတယ်။)
ကိုမင်းသူရ (မ/ဒဂုံ)မျက်စိတစ်ဖက် ထိခိုက်ပျက်စီးသွားတဲ့အတွက် (၆-၂-၂၀၂၁) ယနေ့ထိ
ဆေးရုံကမဆင်းနိုင်သေးပါဘူး၊ကိုမင်းသူရအတွက် ဆေးကုသစားရိတ် အလှူငွေ(၂)သိန်းနှင့်
ပုဆိုးများ၊တရားစာအုပ်များ၊၎င်း၏မိခင်ကြီးအတွက် မောင်းကွင်းရွှေ လက်စွပ်လေး တစ်ကွင်း
ကန်တော့ခဲ့ပါတယ်၊အမြန်ဆုံးသက်သာပျောက်ကင်းပြီး မိဘကို အလုပ်အကျွေးပြုနိုင်တဲ့ သားကောင်းရတနာဖြစ်ပါစေ။
Crd