ကိုယ္ခ်င္းစာတရား (သို႔) ကိုယ္ခ်င္းစာစိတ္ ေခါင္းပါးၾကတဲ့ ေ႐ႊျမန္မာေတြရဲ႕ ေနာက္ကြယ္က ျငင္းပယ္လို႔မရတဲ့ အမွန္တရား..

News

ကိုယ္ခ်င္းစာစိတ္ ေခါင္းပါးၾကတဲ့ ေ႐ႊျမန္မာေတြရဲ႕ ေနာက္ကြယ္က ျငင္းပယ္လို႔မရတဲ့ အမွန္တရား

ကိုယ္ခ်င္းစာတရား (သို႔) ကိုယ္ခ်င္းစာစိတ္ ေခါင္းပါးၾကတဲ့ ေ႐ႊျမန္မာေတြရဲ႕ ေနာက္ကြယ္က ျငင္းပယ္လို႔မရတဲ့ အမွန္တရား..

ခုလိုႏိုင္ငံေတာ္ ဓားျပတိုက္ခံရခ်ိန္ကာလမွာ အၾကားရအမ်ားဆုံး စကားကေတာ့ ဘယ္မွာေတာ့ ဘယ္႐ြာေတြ မီးရႈိ႕ခံေနရၿပီ.. လူေတြ ‌ေတေနၾကၿပီ.. နင္တို႔က ဘားသြား ကလပ္တက္ ကမ္ေျခသြားၿပီး ေပ်ာ္ေနၾကလားဆိုတဲ့ ေထ့ေငါ့မႈနဲ႔ အလားတူဆန္ဆန္ မွတ္ခ်က္ေတြပါပဲ..။ အထူးသျဖင့္ ကိုယ္ခ်င္းစာေပးဖို႔ ေတာင္းဆိုသံေတြ ညံလာၾကတယ္ေပါ့..။

တဖက္က ျပန္ေတြးၾကည့္ရင္ ဒီႏိုင္ငံကလူေတြ ကိုယ္ခ်င္းစာတရား ဘာလို႔ ေခါင္းပါးၾကသလဲ..? ဆိုတဲ့ ေမးခြန္းထြက္လာတယ္..။ အေျဖက ေမြးျမဴေပးမခံရလို႔ျဖစ္တယ္..။ ဟုတ္ပါတယ္.. ကြၽန္ေတာ္တို႔ေတြေရာ ကြၽန္ေတာ္တို႔ မိဘဘိုးဘြားေတြထိပါ ကိုယ္ခ်င္းစာတတ္ဖို႔ ေမြးျမဴေပးျခင္း မခံရပါဘူး.. အာ့အစား တကိုယ္ေကာင္းဆန္တတ္ေစတဲ့ အဆိုအဆုံးမေတြနဲ႔သာ ႀကီးျပင္းလာရတာျဖစ္တယ္..။

အႀကီးမေလးက ဘိုမ႐ုပ္လိုခ်င္တယ္.. အငယ္ေကာင္က ကားမရရင္ ထမင္းမစားဘူး.. ဒီအေျခအေနမ်ိဳးမွာ မိဘေတြဟာ ႏွစ္ေယာက္စလုံးအလိုကို ျဖည့္ေပးဖို႔ အေျခအေနအရ မလုံေလာက္ဘူးဆိုပါ​ေတာ့.. အႀကီးမ မလို႔ အေလ်ာ့ေပးလိုက္ပါ အငယ္မ မလို႔ မမကို ဦးစားေပးလိုက္ပါ.. ဒီလိုမ်ိဳး ေျဖရွင္းေပးခံရဖူးတယ္မလား..။ ဘယ္မလဲ.. မရတဲ့သူတစ္ေယာက္အေပၚ ကိုယ္ခ်င္းစာတတ္ဖို႔..?

ေဘးအိမ္က ခ်ိဳ႕တဲ့လို႔ ကစားစရာမဝယ္ေပးႏိုင္တဲ့ မိသားစုအေပၚ ကိုယ္ခ်င္းစာတတ္ေအာင္ သင္ေပးတာမ်ားလား.. အေဖတို႔အေမတို႔မို႔ သားနဲ႔သမီး လိုခ်င္တာဝယ္ေပးႏိုင္တာ.. ဟိုအိမ္ကမိဘေတြဆို စတဲ့ ဂုဏ္ဆာစကားေတြသာ အေျပာမ်ားၾကတယ္မလား.. ကိုယ့္သားသမီးကို မုန္႔ဖိုးမ်ားမ်ားေပးႏိုင္တဲ့အခါ မရတဲ့ခ်ိဳ႕တဲ့ကေလးေတြကို ေဝစားေစဖို႔ေျပာဖူးလား.. သြန္သင္ခံရဖူးလား.. စက္ဘီးေကာင္းေကာင္းဝယ္ေပးႏိုင္လို႔ သူမ်ားနဲ႔မွ်စီးေစသလား.. ဌားေစသလား.. လမ္းႀကဳံတင္ဖို႔ သြန္သင္ခံရလား..

က်ဴရွင္လခမေပးႏိုင္လို႔ ဆရာကန္ေတာ့ေၾကးအမ်ားႀကီး မထည့္ႏိုင္လို႔ စာေရးကိရိယာမျပည့္စုံလို႔ အေျခအေနအမ်ိဳးမ်ိဳးနဲ႔ ခ်ိဳ႕တဲ့တဲ့ကေလးေတြအေပၚ ကိုယ္ခ်င္းစာတတ္ဖို႔ ဘယ္ေက်ာင္း ဘယ္ဆရာေတြက အေရးလုပ္သင္ၾကားခံရဖူးလို႔တုန္း.. ဘာသာေရးအရ မရွိသူအခ်င္းခ်င္း ကူညီေထာက္ပံ့သင့္တယ္ အေဟာမ်ားလား.. ငါတို႔သာလႉ ဒီလိုလႉႏိုင္တာက သင့္ကံ/သူတို႔ခ်ိဳ႕တဲ့တာ သူတို႔ကံညံ့ဆိုတဲ့ အေဟာအေျပာ ဘယ္ဟာပိုမ်ားလဲ..?

လုပ္ငန္းခြင္မွာေရာ.. အသစ္ဝင္လာတဲ့ လုပ္ေဖာ္ကိုင္ဖက္အခက္အခဲ ကိုယ္ခ်င္းစာစိတ္နဲ႔ ကူညီေဖးမၾကတာမ်ားလား.. ငါ့ေနရာ ငါ့ရာထူး လုသြားမလားဆိုတဲ့ စိုးရိမ္စိတ္ အငုံ႔စိတ္နဲ႔ အာဏာတည္ေဆာက္မိတာမ်ားလား..?

ဒီေမးခြန္းေတြကို မလိမ္မညာတမ္းေျဖၾကည့္ရင္ကို အသိသာႀကီးပဲမလား.. ကြၽန္ေတာ္တို႔ဟာ ကိုယ္ခ်င္းစာစိတ္ထက္ ကိုယ္ေကာင္းစားေရးကိုသာ အထူးတလည္အသင္ၾကားခံခဲ့ရသူေတြ.. ကိုယ္ခ်င္းစာစိတ္ထြန္းကားဖို႔ဆိုတာ ေကာင္းမြန္စြာ သြန္သင္ေမြးျမဴခံခဲ့ရဖို႔ သိပ္လိုပါတယ္..။
(Zar Ni Nyunt Lwin), Photo Clean Yangon

Unicode

ကိုယ်ချင်းစာစိတ် ခေါင်းပါးကြတဲ့ ရွှေမြန်မာတွေရဲ့ နောက်ကွယ်က ငြင်းပယ်လို့မရတဲ့ အမှန်တရား

ကိုယ်ချင်းစာတရား (သို့) ကိုယ်ချင်းစာစိတ် ခေါင်းပါးကြတဲ့ ရွှေမြန်မာတွေရဲ့ နောက်ကွယ်က ငြင်းပယ်လို့မရတဲ့ အမှန်တရား..

ခုလိုနိုင်ငံတော် ဓားပြတိုက်ခံရချိန်ကာလမှာ အကြားရအများဆုံး စကားကတော့ ဘယ်မှာတော့ ဘယ်ရွာတွေ မီးရှို့ခံနေရပြီ.. လူတွေ ‌တေနေကြပြီ.. နင်တို့က ဘားသွား ကလပ်တက် ကမ်ခြေသွားပြီး ပျော်နေကြလားဆိုတဲ့ ထေ့ငေါ့မှုနဲ့ အလားတူ ဆန်ဆန် မှတ်ချက်တွေပါပဲ..။ အထူးသဖြင့် ကိုယ်ချင်းစာပေးဖို့ တောင်းဆိုသံတွေ ညံလာကြတယ်ပေါ့..။

တဖက်က ပြန်တွေးကြည့်ရင် ဒီနိုင်ငံကလူတွေ ကိုယ်ချင်းစာတရား ဘာလို့ ခေါင်းပါးကြသလဲ..? ဆိုတဲ့ မေးခွန်းထွက်လာတယ်..။ အဖြေက မွေးမြူပေးမခံရလို့ဖြစ်တယ်..။ ဟုတ်ပါတယ်.. ကျွန်တော်တို့တွေရော ကျွန်တော်တို့ မိဘဘိုးဘွားတွေထိပါ ကိုယ်ချင်းစာတတ်ဖို့ မွေးမြူပေးခြင်း မခံရပါဘူး.. အာ့အစား တကိုယ်ကောင်းဆန်တတ်စေတဲ့ အဆိုအဆုံးမတွေနဲ့သာ ကြီးပြင်းလာရတာဖြစ်တယ်..။

အကြီးမလေးက ဘိုမရုပ်လိုချင်တယ်.. အငယ်ကောင်က ကားမရရင် ထမင်းမစားဘူး.. ဒီအခြေအနေမျိုးမှာ မိဘတွေဟာ နှစ်ယောက်စလုံးအလိုကို ဖြည့်ပေးဖို့ အခြေအနေအရ မလုံလောက်ဘူးဆိုပါ​တော့.. အကြီးမ မလို့ အလျော့ပေးလိုက်ပါ အငယ်မ မလို့ မမကို ဦးစားပေးလိုက်ပါ.. ဒီလိုမျိုး ဖြေရှင်းပေးခံရဖူးတယ်မလား..။ ဘယ်မလဲ.. မရတဲ့သူတစ်ယောက်အပေါ် ကိုယ်ချင်းစာတတ်ဖို့..?

ဘေးအိမ်က ချို့တဲ့လို့ ကစားစရာမဝယ်ပေးနိုင်တဲ့ မိသားစုအပေါ် ကိုယ်ချင်းစာတတ်အောင် သင်ပေးတာများလား.. အဖေတို့အမေတို့မို့ သားနဲ့သမီး လိုချင်တာဝယ်ပေးနိုင်တာ.. ဟိုအိမ်ကမိဘတွေဆို စတဲ့ ဂုဏ်ဆာစကားတွေသာ အပြောများကြတယ်မလား.. ကိုယ့်သားသမီးကို မုန့်ဖိုးများများပေးနိုင်တဲ့အခါ မရတဲ့ချို့တဲ့ကလေးတွေကို ဝေစားစေဖို့ပြောဖူးလား.. သွန်သင်ခံရဖူးလား.. စက်ဘီးကောင်းကောင် းဝယ်ပေးနိုင်လို့ သူများနဲ့မျှစီးစေသလား.. ဌားစေသလား.. လမ်းကြုံတင်ဖို့ သွန်သင်ခံရလား..

ကျူရှင်လခမပေးနိုင်လို့ ဆရာကန်တော့ကြေးအများကြီး မထည့်နိုင်လို့ စာရေးကိရိယာမပြည့်စုံလို့ အခြေအနေအမျိုးမျိုးနဲ့ ချို့တဲ့တဲ့ကလေးတွေအပေါ် ကိုယ်ချင်းစာတတ်ဖို့ ဘယ်ကျောင်း ဘယ်ဆရာတွေက အရေးလုပ်သင်ကြားခံရဖူးလို့တုန်း.. ဘာသာရေးအရ မရှိသူအချင်းချင်း ကူညီထောက်ပံ့သင့်တယ် အဟောများလား.. ငါတို့သာလှူ ဒီလိုလှူနိုင်တာက သင့်ကံ/သူတို့ချို့တဲ့တာ သူတို့ကံညံ့ဆိုတဲ့ အဟောအပြော ဘယ်ဟာပိုများလဲ..?

လုပ်ငန်းခွင်မှာရော.. အသစ်ဝင်လာတဲ့ လုပ်ဖော်ကိုင်ဖက်အခက်အခဲ ကိုယ်ချင်းစာစိတ်နဲ့ ကူညီဖေးမကြတာများလား.. ငါ့နေရာ ငါ့ရာထူး လုသွားမလားဆိုတဲ့ စိုးရိမ်စိတ် အငုံ့စိတ်နဲ့ အာဏာတည်ဆောက်မိတာများလား..?

ဒီမေးခွန်းတွေကို မလိမ်မညာတမ်းဖြေကြည့်ရင်ကို အသိသာကြီးပဲမလား.. ကျွန်တော်တို့ဟာ ကိုယ်ချင်းစာစိတ်ထက် ကိုယ်ကောင်းစားရေးကိုသာ အထူးတလည်အသင်ကြားခံခဲ့ရသူတွေ.. ကိုယ်ချင်းစာစိတ်ထွန်းကားဖို့ဆိုတာ ကောင်းမွန်စွာ သွန်သင်မွေးမြူခံခဲ့ရဖို့ သိပ်လိုပါတယ်..။
(Zar Ni Nyunt Lwin), Photo Clean Yangon

Leave a Reply

Your email address will not be published.