ထိမိတဲ့သူ မူးဝေ၊ အနံ့မရ၊ အသံပြောင်းသွားတဲ့ ထူးဆန်းတဲ့ တို့ဆေး (YBS အဆင်းမှာ ဖြစ်သွားတာပါ

News

ဒီနေ့ မနက်လေးတင် ဖြစ်သွားတာပါ ။ သက်ထား အမျိုးသားက ပုံမှန်ဆို ဖယ်ရီနဲ့သွားနေကျ၊ ဒီနေ့မှ ၄၂ ကားပေါ်မှာ ဖြစ်တာပါ။ ၈:၃၀ လောက်မှာ ဖုန်းဆက်ပြီး ၈:၄၁ လောက်မှာ ဖုန်းပါသွားတာပါ။ တို့ဆေး ထင်ပါတယ်။

အမျိုးသားက အရမ်းသတိရှိတာပါ။ ကားပေါ်က ဆင်းဆင်းချင်း မူးသွားပြီး ဖုန်းစမ်းချိန်မှာ မရှိတော့တာပါ။ အိမ်ကိုပြန်လာတော့ သူမူးနေပါတယ် ၊ အသံပြောင်းပြီး လေးလံပြီး ထိုင်းမှိုင်းပြီး သူ့အသံက အိပ်ချင်မူးတူး အသံကြီးပါ။

သူထိုင်တော့ သူ့ဆီက အနံ့တခုရပါတယ်။ မင်္သကာလို့ ရှုဆေးတွေ ရှုခိုင်းတော့ အနံ့မရပါဖူး။ ပရုတ်ဆီ အနံ့လည်းမရပါဖူး။ ကတုန်ကရင်ကို ဖြစ်နေတာပါ။ စက္ကန့်ပိုင်းလေးအတွင်း ဖြစ်သွားပြီး သူအိမ်တော့ရောက်အောင်ပြန်လာနိုင်တာ ဘဲ ကံကောင်းတာပါ။

ဖုန်းကတော့ 12 pro ပါသွားတာ နှမြောတာထက် လူ ဘာမှ မဖြစ်တာဘဲ ကျေးဇူးတင်ပါတယ်။ ကံကောင်းတာက တို့ဆေး ထိတာတောင် သတိမလွတ် ၊ ထိုင်းမှိုင်းတာတခု ကတော့ ကံကောင်းတယ် ဆိုရမှာပါ။ မိန်းကလေးသာဆို ပစ်လဲမှာပါနော် ။

အခုတော့ အဒေါ်တွေက သံပုရာသီးတွေ၊ မာလာကာရွက်တွေကြောင့်တော်တော် ကောင်းနေပါပြီ။ ပုံမှန်အသံပြန်ရပါပြီ။ ကားဌားတော့လည်း ကြောက်ရ ဘတ်စ်ကားလည်းကြောက်ရ အရမ်းပျော်စရာကောင်းသော ပါရှင်။ (Bella Khin)

unicode






Crd

Leave a Reply

Your email address will not be published.