ဒုက္ခတွေများနေတဲ့ကြားက အကိုကြီးအဖရာပီသလွန်းတဲ့ စစ်ရှောင်စခန်းက ကလေးတစ်ယောက်ရဲ့ လေးစားစရာလုပ်ရပ်

News

စစ်ဘေးရှောင်ရတဲ့အခြေအနေဟာ ထင်ထားတာထက်အများကြီးပိုပြီးခက်ခဲပင်ပန်းပါတယ်။ မလုံခြုံတဲ့နေရာမှာ ဘယ်အချိန်အသက်ဘေးကြုံမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့နေရတဲ့ ဘဝတွေပါ။ အတူတူပြေးရင်းလွှားရင်း မိသားစုတွေနဲ့လည်းဝေးကွာခဲ့ရတာတွေရှိခဲ့ပါတယ်။

ဒီလိုဒုက္ခတွေများတဲ့ စစ်ရှောင်စခန်းမှာနေနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ကြည်နူးစရာ အပြုအမူလေးတစ်ခုကို အလှူသွားလုပ်ပေးတဲ့ ပရဟိတသမားတစ်ယောက်က ပြန်လည်ပြောပြလာခဲ့ပါတယ်။

အကိုအကြီးဖြစ်သူဟာ ဘာမုန့်လေးပဲရရ ညီမလေးကို အရင်ကျွေးပြီး ညီမလေးကလည်း အကိုကြီးခွံ့ကျွေးတာကိုပဲအမြဲစားသူပါ။ ညီမဖြစ်သူမစားတော့ဘူးဆိုမှ သူကစပြီး စားတတ်တယ်လို့ဆိုပါတယ်။

နောက်ထပ်ကလေးတစ်ယောက်ကလည်း ဘာကျွေးကျွေးအမြဲတမ်းဇလုံအကြီးတစ်လုံးနဲ့ အဝစားတတ်တဲ့အကြောင်းလည်းပြောပြခဲ့ပါသေးတယ်။ ကလေးတွေဆိုတာဖြူစင်ရိုးသားပြီး မကောင်းတဲ့စိတ်ဆိုတာ ထားရကောင်းမှန်းကိုမသိကြသေးပါဘူး။ ဒီလိုဖြူစင်တဲ့ကလေးတွေဟာ အရွယ်နဲ့မမျှတဲ့ဒုက္ခတွေခံစားနေရတာ စိတ်မကောင်းစရာပါ။

အလှူရှင်တွေရဲ့စေတနာတွေကြောင့်သာ စားရေးသောက်ရေး တဒင်္ဂအဆင်ပြေနိုင်ပေမယ့် ရေရှည်သာဒီလိုဆက်ဖြစ်နေမယ်ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေအတွက် ပိုပြီးခက်ခဲတဲ့ အခြေအနေတွေဖြစ်လာမှာပါ။ချစ်စရာကလေးလေးတွေရဲ့အပြုအမူအကြောင်းကို ကျွန်တော်တို့အအေးတိုက်/မိုင်လိုတိုက်တိုင်း သတိထားမိတဲ့ကလေး (၃) ယောက်။

ပထမ (၂) ယောက်ကမောင်နှမတဲ့ အစ်ကိုဖြစ်သူက အမြဲတမ်း မုန့်လေးတွေကိုခွံ့ကျွေးတယ် ညီမဖြစ်သူကလည်းအစ်ကိုခွံ့ကျွေးတာပဲစားတယ်။ စိတ်ဝင်စားဖို့ကောင်း တာကအမြဲတမ်းညီမဖြစ်သူတော်ပြီဆိုမှအစ်ကိုကစပြီးစားတာပဲ။

ဒုတိယပုံက ကလေးမလေးကကျတော့ အမြဲတမ်းအဲ့ဇလုံကြီးနဲ့လာတာ။ ဘာတိုက်တိုက် အဲ့ဇလုံကြီးနဲ့ပဲအားရပါးရကစ်တာ သူ့ကိုသွားမေးတယ် ခွက်အသေးမရှိဘူးလားဆိုတော့ ရှိတယ်တဲ့

ဒါပေမဲ့အမြဲအဲ့ဇလုံကြီးပဲယူလာတယ် သူ့ကြည့်ရတာ ကိုယ်ပါအားဖြစ်တယ် အားနဲ့မာန်နဲ့သောက်တာ။ ကိုယ်စိတ်ဓာတ်ကျနေတာတောင်သူတို့လေးတွေကို ကြည့်ပြီး တကယ်ကိုပြန်အားတက်ရပါတယ် ။ ဆိုပြီး ကိုယ်စားလှူပေးသူ ပရဟိတအကျိုးတော်ဆောင်က ချစ်စနိုးပြောပြလာခဲ့ပါတယ်။crd

Unicode

ဒုက္ခတွေများနေတဲ့ကြားက အကိုကြီးအဖရာပီသလွန်းတဲ့ စစ်ရှောင်စခန်းက ကလေးတစ်ယောက်ရဲ့ လေးစားစရာလုပ်ရပ်

စစ်ဘေးရှောင်ရတဲ့အခြေအနေဟာ ထင်ထားတာထက်အများကြီးပိုပြီးခက်ခဲပင်ပန်းပါတယ်။ မလုံခြုံတဲ့နေရာမှာ ဘယ်အချိန်အသက်ဘေးကြုံမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့နေရတဲ့ ဘဝတွေပါ။ အတူတူပြေးရင်းလွှားရင်း မိသားစုတွေနဲ့လည်းဝေးကွာခဲ့ရတာတွေရှိခဲ့ပါတယ်။

ဒီလိုဒုက္ခတွေများတဲ့ စစ်ရှောင်စခန်းမှာနေနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ ကြည်နူးစရာ အပြုအမူလေးတစ်ခုကို အလှူသွားလုပ်ပေးတဲ့ ပရဟိတသမားတစ်ယောက်က ပြန်လည်ပြောပြလာခဲ့ပါတယ်။ အကိုအကြီးဖြစ်သူဟာ ဘာမုန့်လေးပဲရရ ညီမလေးကို အရင်ကျွေးပြီး ညီမလေးကလည်း အကိုကြီးခွံ့ကျွေးတာကိုပဲအမြဲစားသူပါ။ ညီမဖြစ်သူမစားတော့ဘူးဆိုမှ သူကစပြီး စားတတ်တယ်လို့ဆိုပါတယ်။

နောက်ထပ်ကလေးတစ်ယောက်ကလည်း ဘာကျွေးကျွေးအမြဲတမ်းဇလုံအကြီးတစ်လုံးနဲ့ အဝစားတတ်တဲ့အကြောင်းလည်းပြောပြခဲ့ပါသေးတယ်။ ကလေးတွေဆိုတာဖြူစင်ရိုးသားပြီး မကောင်းတဲ့စိတ်ဆိုတာ ထားရကောင်းမှန်းကိုမသိကြသေးပါဘူး။ ဒီလိုဖြူစင်တဲ့ကလေးတွေဟာ အရွယ်နဲ့မမျှတဲ့ဒုက္ခတွေခံစားနေရတာ စိတ်မကောင်းစရာပါ။

အလှူရှင်တွေရဲ့စေတနာတွေကြောင့်သာ စားရေးသောက်ရေး တဒင်္ဂအဆင်ပြေနိုင်ပေမယ့် ရေရှည်သာဒီလိုဆက်ဖြစ်နေမယ်ဆိုရင် စစ်ဘေးရှောင်ပြည်သူတွေအတွက် ပိုပြီးခက်ခဲတဲ့ အခြေအနေတွေဖြစ်လာမှာပါ။ချစ်စရာကလေးလေးတွေရဲ့အပြုအမူအကြောင်းကို ကျွန်တော်တို့အအေးတိုက်/မိုင်လိုတိုက်တိုင်း သတိထားမိတဲ့ကလေး (၃) ယောက်။

ပထမ (၂) ယောက်ကမောင်နှမတဲ့ အစ်ကိုဖြစ်သူက အမြဲတမ်း မုန့်လေးတွေကိုခွံ့ကျွေးတယ် ညီမဖြစ်သူကလည်းအစ်ကိုခွံ့ကျွေးတာပဲစားတယ်။ စိတ်ဝင်စားဖို့ကောင်း တာကအမြဲတမ်းညီမဖြစ်သူတော်ပြီဆိုမှအစ်ကိုကစပြီးစားတာပဲ။

ဒုတိယပုံက ကလေးမလေးကကျတော့ အမြဲတမ်းအဲ့ဇလုံကြီးနဲ့လာတာ။ ဘာတိုက်တိုက် အဲ့ဇလုံကြီးနဲ့ပဲအားရပါးရကစ်တာ သူ့ကိုသွားမေးတယ် ခွက်အသေးမရှိဘူးလားဆိုတော့ ရှိတယ်တဲ့

ဒါပေမဲ့အမြဲအဲ့ဇလုံကြီးပဲယူလာတယ် သူ့ကြည့်ရတာ ကိုယ်ပါအားဖြစ်တယ် အားနဲ့မာန်နဲ့သောက်တာ။ ကိုယ်စိတ်ဓာတ်ကျနေတာတောင်သူတို့လေးတွေကို ကြည့်ပြီး တကယ်ကိုပြန်အားတက်ရပါတယ် ။ ဆိုပြီး ကိုယ်စားလှူပေးသူ ပရဟိတအကျိုးတော်ဆောင်က ချစ်စနိုးပြောပြလာခဲ့ပါတယ်။
Crd

Leave a Reply

Your email address will not be published.