စဉ်းစားချင့်ချိန်နိုင်တဲ့အရွယ်တွေ ကျောင်းပြန်တက်တာမြင်တော့ ခံစားရတဲ့အကြောင်း ပြောပြလာတဲ့ ဒါရိုက်တာ သည်ခေတ်နေ

News

Unicode

ပရိသတ်ကြီး မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ သည်ခေတ်နေ ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။ ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်တဲ့

ဒါရိုက်တာ သည်ခေတ်နေ ဟာ အမ်အာTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သူလဲ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့

တရားစွဲဆိုခံထားရတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ ကျောင်းတွေစတင်ဖွင့်လှစ်တဲ့လဖြစ်တာကြောင့် ကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့သူတွေ

ပြည့်နှက်နေတာကို တွေ့ရပါတယ်။ အခြေခံပညာအထက်တန်းကျောင်းတွေအပြင် တက္ကသိုလ်ကျောင်းသားတွေပါ ကျောင်းအပ်ဖို့ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သည်ခေတ်နေ ကတော့

” အာဏာသိမ်းပြီးချိန် မနှစ်ကအထိတော့ ကလေးတွေကို အပြစ်မမြင်စေပဲ စကစရဲ့အစိုးရကျောင်းကို အပ်ပေးခဲ့တဲ့ မိဘတွေကို စော က်သုံးမကျတဲ့မိဘလို့ သမုတ်ခဲ့ဖူးတယ်။ ခုနှစ်ကျတော့ စဉ်းစားတွေးခေါ်တတ်တဲ့အရွယ်

(ကျောင်းသား/ကျောင်းသူ)အရွယ်ရောက်ပြီးသူမှန်သမျှ (စကစရဲ့အစိုးရကျောင်း)ကို လိုလိုလားလားသွားတက်နေသ၍ မင်းဟာ 1 8 + တွေကို ကျွမ်းကျွမ်းကျင်ကျင်ကြည့်နိုင်နေသရွေ့ပေါ့ကွယ်

မင်းဟာ စောက်သုံးမကျတဲ့ မင်းမိဘကို ပြန်လည် ဆုံးမနိုင်စွမ်းရှိရမယ်”လို့ရေးသားထားပါတယ်။ ဒါရိုက်တာ သည်ခေတ်နေ ကတော့ စဉ်းစားတတ်တဲ့အရွယ်ကျော င်းသားကျောင်းသူတွေ ကျောင်းသွားတတ်နေတာမြင်ရတာ စိတ်မကောင်းဘူးတဲ့အကြောင်း ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။

Crd

Zawgyi








#Crd

Leave a Reply

Your email address will not be published.