Unicode
လက်တလော နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာသမားတွေ အားလုံးနီးပါး အနုပညာအလုပ်တွေရပ်နားထားရပါတယ်။ လူရွှင်တော် ဝိုင်းချစ် လည်း အနုပညာအလုပ်တွေရပ်နားထားရတာပြီး သူအလွန်ဂုဏ်ယူရတဲ့အိမ်လေးကို ရောင်းချဖို့ စီစဉ်နေရပါတယ်။
အိမ်လေးကိုရောင်းချပြီး ကြော်ငြာထားတာဆိုရင်တော့ တစ်နှစ်နီးပါးရှိခဲ့ပြီး အခုချိန်ထိ ရောင်းမထွက်သေးပါဘူး။ အိမ်လေးရောင်းရမှ စားဝတ်နေရေးပြေလည်မှာကြောင့် ရောင်းရမယ့်အချိန်ကို မျှော်လင့်နေကြောင်းကို ပရိသတ်တွေကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။ညလူရွှင်တော် ဝိုင်းချစ် ဟာ
အနုပညာအလုပ်တွေ မလုပ်ကိုင်ရတော့ပေမယ့် မိန်းမဖြစ်သူနဲ့အတူ ကုန်စုံဆိုင်လေး ဖွင့်လှစ်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေတာပါ။ ဒါပေမယ့် သူတို့ကုန်စုံဆိုင်လေးနဲ့အပြိုင်
ဆိုင်များစွာ ပေါ်ပေါက်လာတာကြောင့် လက်ရှိမှာ ကုန်စုံဆိုင်လေးဟာ ရောင်းအားလုံးဝထိုးကျသွားပြီး တစ်နေ့လုံးရောင်းမှ ကျပ် ၁၀၀၀ဖိုးလောက်ပဲ ရောင်းရတော့တာကြောင့်အ ရင်းပြုတ်သလိုဖြစ်နေပါပြီ။
ဒါကြောင့် ဆိုင်လေးဟာ ဟောင်းလောင်းပဲကျန်ပါတော့တယ် ဒါကြောင့် စားဝတ်နေရေးအတွက် တန်ဖိုးထားတဲ့အိမ်လေးကို ရောင်းချဖို့အတွက် ကြော်ငြာထားပေမယ့် တစ်နှစ်နီးပါးကြာတဲ့အထိ ဝယ်သူမလာသေးပါဘူး။
လူရွှင်တော် ဝိုင်းချစ် ရဲ့ အိမ်လေးဟာ ဒဂုံဆိပ်ကမ်း / ၈၈ – ရပ်ကွက်မှာတည်ရှိပြီး ပေ ၂၀ ပေ ၆၀ စျေးနီး၊ ကျောင်းနီး၊ ရေ၊ မီးအစုံအပြင် အိမ်ဆိုင်လေးပါဝင်၍ အရှုပ်အရှင်းလုံးဝကင်းပါတယ်၊ စိတ်ဝင်စားတဲ့သူများ ဖုန်း ၄၂၅၀၁၉၈၉၇ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဝိုင်းချစ် အိမ်ရောင်းမည့် သတင်းကြောင့် သူ့ကိုချစ်တဲ့ပရိသတ်ကြီးကလဲ ဝမ်းနည်းနေကြပါတယ်။ ဝိုင်းချစ် လဲ အခက်အခဲတွေ အားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi
လူရွှင်တော် ဝိုင်းချစ် ရဲ့ အိမ်လေးဟာ ဒဂုံဆိပ်ကမ်း / ၈၈ – ရပ်ကွက်မှာတည်ရှိပြီး ပေ ၂၀ ပေ ၆၀ ဈေးနီး၊ ကျောင်းနီး၊ ရေ၊ မီးအစုံအပြင် အိမ်ဆိုင်လေးပါဝင်၍ အရှုပ်အရှင်းလုံးဝကင်းပါတယ်၊ စိတ်ဝင်စားတဲ့သူများ ဖုန်း ၄၂၅၀၁၉၈၉၇ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။