ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ဖြေရှင်းဖို့ နည်းလမ်း ပေးလာတဲ့ အဆိုတော် ရန်ရန်ချမ်း

News

Unicode

တောကြောင်တွေများလာတာကြောင့် ဖြေရှင်းဖို့နည်းလမ်းပေးလိုက်တဲ့ အဆိုတော် ရန်ရန်ချမ်း

ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော်ရန်ရန်ချမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ

ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ရန်ရန်ချမ်း ကတော့ မိသားစုနဲ့အတူ ဘေးကင်းစွာ ရှိနေပြီလဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာ လုယက်မူ့တွေ နေ့စဥ်ရက်ဆက်ဖြစ်ပေါ်နေတဲ့အပေါ် ရန်ရန်ချမ်း ကတော့ ပရိသတ်တွေကို အခုလိုပဲ အသိပေးပြောကြားခဲ့ပါတယ်။

” အကြံတစ်ခုပေးချင်ပါတယ် ရိုင်းချင်လည်းရိုင်းသွားနိုင်ပါတယ် ။ ကျွန်တော်တို့နိုင်ငံလေးဟာခေတ်ပျက်ကိုဖျက်သန်းနေရပါတယ် တောကြောင်တွေများလာပါတယ် တောရိုင်းဥပဒေကိုကျင့်သုံးသင့်ရင်ကျင့်သုံးရပါမယ်

ဒီလိုအသက်အန္တရာယ်ကိုထိပါးနိုင်တဲ့လုယက်မှုမျိုးတိုက်ခိုက်မှုမျိုးကြုံရင်ထိခိုက်ခံပြီးပြန်မလုပဲပြီးမှကားနဲ့ပြန်လိုက်တိုက်တာမျိုးလုပ်ပါ တစ်ခြားနိုင်ငံတွေမှာလည်းဒီလိုပဲလုပ်ကြတာတွေ့ဘူးပါတယ်။”လို့ ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုတော် ရန်ရန်ချမ်း ကတော့ တောကြောင်တွေအန္တာရယ်ကို ဖြေရှင်းနိုင်စေဖို့ မြန်မာပြည်သူတွေကို နည်းလမ်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပြီး ပြည်သူပြည်သူများအားလုံးလဲ ဘေးကင်းကြပါစေ။
Crd
Zawgyi








Leave a Reply

Your email address will not be published.