နိုင်ငံတကာသတင်းဌာနတွေက အသိပေးလိုက်သော စစ်ကောင်စီ၏ နောက်ဆုံး​ပေါ်စစ်မြေပြင် “

News

နိုင်ငံတကာသတင်းဌာနတွေက အသိပေးလိုက်သော စစ်ကောင်စီ၏ နောက်ဆုံး​ပေါ်စစ်မြေပြင် ”

မြန်မာစစ်တပ်ဟာ နောက်ဆုံးပေါ် စစ်မြေပြင်တစ်ခု ဖန်တီးလိုက်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြနေပါတယ် ။ မြန်မာစစ်တပ် ဖန်တီးလိုက်တဲ့ နောက်ဆုံးပေါ် စစ်မြေပြင်က တော့ စာသင်ကျောင်းတွေဖြစ်တယ်လို့ အေဖက်ပီ ၊ ရိုက်တာသတင်းဌာနအပါအဝင် နိုင်ငံတကာသတင်းတွေက အသိပေးထားပါတယ် ။ နိုင်ငံတစ်ခု ပြည်တွင်းစစ်ဖြစ်နေတဲ့အခါ အနာဂတ်ရဲ့ ကျောင်းသားလူငယ်တွေကို လုံခြုံမှု့ အပြည့်အဝပေးဖို့ ကျောင်းတွေ ပတ်ပေးထားရမှာပါ ။ သို့ပေမဲ့ မြန်မာစစ်တပ်ကတော့ မြို့ကြီးတွေပေါ်က

စစ်လက်နက်ကိုင်တွေတောင် သဲအိပ် ၊ အခိုင်အမာအတားအဆီး ၊ အကာအရံတွေနဲ့ ဘယ်အချိန်ဗုံးနဲ့တိုက်ခိုက်ခံရမလဲလို့ စိုးရိမ်ထိတ်လန့်နေချိန်မှာ ကျောင်းတွေဖွင့်လိုက်တာဟာ စစ်မြေပြင်အသစ်တစ်ခု ဖန်တီးလိုက်သလိုပါပဲ ။ နှစ်ဘက်စလုံးက တိုက်ခိုက်မှု့တွေ ဖြစ်လာတဲ့အခါ ကျောင်းတွေဟာ နောက်ဆုံးပေါ် စစ်မြေပြင် ဖြစ်လာမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး ။ မြန်မာစစ်တပ်ဘက်ကနေ ပြည်တွင်းစစ်ဖြစ်နေပြီး လုံခြုံမှု့မရှိတဲ့အချိန်မှာ ကျောင်းတွေဖွင့်တာဟာ အတိုက်အခံတွေကို အလွယ်တကူ လက်ညှိုးထိုးနိုင်ဖို့

အနာဂတ်ရဲ့ ကျောင်းသားလူငယ်တွေကို စတေးလိုက်တာပါ လို့ နိုင်ငံတကာ သတင်းတွေက ဝေဖန်ထားပါတယ် ။ ပညာရေးဌာနလက်အောက်က အဖြုနဲ့အစိမ်းဝတ်တဲ့ ကျောင်းဆရာ ၊ ဆရာမတွေဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းစဉ်က တကယ်ကို ထင်ရှားကျော်ကြားခဲ့တဲ့ ရဲရဲတောက် ဆန္ဒပြသူတွေပါ ။ တချို့ ဆရာ ၊ ဆရာမတွေဟာ ယုံကြည်ရာကို မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ ဆက်လက်တိုက်ပွဲဝင်နေပါတယ် ။ အမျိုးမျိုးသော ဒုက္ခတွေကို ခါးစည်းခံနေရပါတယ် ။ တချို့ဆရာ ၊ ဆရာမတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို

လိုက်သွားတဲ့အထိ စွန့်စားနေကြပါတယ် ။ သို့ပေမဲ့ အချို့ ဆရာ ၊ ဆရာမတွေကတော့ မြန်မာစစ်တပ်က စစ်ယူနီဖောင်းဝတ်တွေရဲ့ အမိန့်အာဏာကို ခေါင်းငုံ့ ခံနေကြပါတယ် ။ NUG အစိုးရကတော့ ကျောင်းဆရာ ၊ ဆရာမတွေကို မြန်မာစစ်တပ်နဲ့ ခပ်ကင်းကင်းနေဖို့ သတိပေးထားပါတယ် ။ မြန်မာစစ်တပ်ကတော့ တော်လှန်ရေးသမား ဆရာ ၊ ဆရာမတွေကို လစာမဲ့ခွင့်အဖြစ် သဘောထားင်္ပြီး ပြန်လည်လက်ခံမယ်လို့ အသိပေးထားပါတယ် ။ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်လက်နက်ကိုင်နဲ့ စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေဟာ

လုံခြုံမှု့မရှိတော့ပါဘူး ။ အဓိကတိုက်ပွဲဝင်နေသူတွေဟာ ကျောင်းသားလူငယ်တွေပါ ။ နေပြည်တော်နယ်မြေမှာရှိတဲ့ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးတစ်ယောက်ကတော့ ” ကျောင်းအပ်သူ ၃၀ ရာခိုင်နှုန်းလောက် ရှိပါတယ် ။ နေပြည်တော်ဆိုတော့ တခြားဒေသတွေနဲ့စာရင် လုံခြုံမှု့ရှိပါတယ် ။ လုံခြုံရေးတွေကလည်း ကျောင်းပတ်လည်မှာ စောင့်ကြည့်နေလို့ စိုးရိမ်စရာမရှိပါဘူး ”

လို့ ဖြေကြားထားပါတယ် ။ ရန်ကုန်မြို့က ကျောင်းဆရာမတစ်ယောက်ကတော့ ” စစ်ကောင်စီလက်အောက်က ကျောင်းတွေမှာ ကျောင်းမတက်ခိုင်းပဲ ကျွန်မတို့သင်တဲ့ အွန်လိုင်းစာသင်ခန်းကနေ ကျောင်းအပ်သူတွေများလို့ ကျွန်မပျော်ပါတယ် ။ အဖြုအစိမ်းဝတ် ကျောင်းဆရာမဘဝကို လွမ်းမိပေမဲ့ အောင်ပွဲရတဲ့အထိ ဆက်ရှိနေမှာပါ ။ ” လို့ ဆိုပါတယ် ။ အချို့ဆရာ ၊ ဆရာမတွေကတော့

တယ်လီဂရမ်နဲ့ အွန်လိုင်းကနေ စာသင်ပေးနေကြပါတယ် ။ သို့ပေမဲ့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေ ရှိနေဆဲမို့ အပြည့်အဝတော့ သင်လို့မရသေးပါဘူး ။ သုံးသပ်ရရင်တော့ …၊ မြန်မာစစ်ကောင်စီက ကျောင်းတွေဖွင့်လိုက်တာဟာ နိုင်ငံတကာသတင်းတွေက အသိပေးသလို နောက်ဆုံးပေါ် စစ်မြေပြင်တစ်ခု ဖွင့်လိုက်တာပါပဲ ။ ရန်ကုန်ဘတ်စ်ကားမှတ်တိုင်မှာ

ဗုံးပေါက်သလို PDF ကို အပြစ်ဖို့ပါလိမ့်မယ် ။ ဂျီနီဗာစည်းမျည်းနဲ့ ကိုင်ပေါက်ပါလိမ့်မယ် ။ သို့ပေမဲ့ ကစားကွက်တွေကို နောကျေနေတဲ့ နိုင်ငံတကာသတင်းဌာနတွေကတော့ စစ်ကောင်စီဖန်တီးတဲ့ ကစားကွက်ကို ကုလနဲ့ နိုင်ငံတကာသိအောင် အရင်ဆုံး ဖော်ထုတ် အသိပေးလိုက်ပါတယ် ။

crd-

Leave a Reply

Your email address will not be published.