Unicode
အသက်နဲ့ ခန္တာကို မြန်မာနိုင်ငံသစ် ဖြစ်ထွန်းရေးအတွက် ပေးဆပ်သွားမယ်လို့ ကတိပြုလိုက်တဲ့ ဒါရိုတ်တာကိုပေါက် ပရိသတ်ကြီးရေဒါရိုတ်တာကိုပေါက်ကတော့ မတရားအာဏာသိမ်းမှုကို လက်မခံဘဲ
လမ်းမပေါ်ထိ ထွက်ကာ ဆန့်ကျင်ဆန္ဒပြခဲ့ပြီး ပြည်သူဘက်က ရပ်တည်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကိုပေါက်ကလွတ်မြောက်နယ်မြေ တခုကို ရောက်ရှိနေပြီး တော်လှန်ရေးကြီးမှာ ကျရာတာဝန်တွေ
ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုပေါက်က သူရဲ့အသက်ကို တိုင်းပြည်အတွက်ပုံ အပ်သွားမယ့်လို့ ကတိပြုလာတာလည်း ဖြစ်ပါတယ်။ ကိုပေါက်က ငါ၏ အသက်နှင့်အသွေးအသားအား
မြန်မာနိုင်ငံအသစ်ဖြစ်ထွန်းရေးအတွက် ပုံအပ်ခဲ့ပါသည်ဆိုပြီး ကတိပြုလာတာဖြစ်ပါတယ်။Crd
Zawgyi