Unicode
အမေတစ်ခု သားတစ်ခုဘဝနဲ့ ပျော်ရွှင်စွာနေထိုင်လာရာကနေ အပြစ်မဲ့ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ပရိသတ်အများစုမသိသေးမယ့် အကျဉ်းထောင်ထဲက Single Mother အမျိုးသမီးတေးသံရှင်တစ်ယောက်
သူမနာမည်ကတော့ မယ်လိုဒီခေါင် ပါ။ သူမ ကတော့ The Voice Myanmar Season 2 ၊ Team ရန်ရန်ချမ်း(YC) အဖွဲ့မှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး The Voice Season-2 ရဲ့ Top 4 ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ ကချင်တိုင်းရင်းသူလေး တစ်ဦးဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ မယ်လိုဒီခေါင်ဟာ သီချင်းဆိုကောင်းတဲ့အပြင် သွက်သွက်လက်လက်နဲ့ အမှန်တရားအတွက်ဆို မဆိုင်းမတွ ရဲရဲဝံ့ဝံ့ရှိတတ်တဲ့ အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် 23နှစ်ရှိပြီဖြစ်တဲ့ သူမဟာ အသက်အားဖြင့် ငယ်ရွယ်သော်ငြား
Single Mother တစ်ဦးအဖြစ် ဘဝကို အရှုံးမပေးစတမ်း ရင်ဆိုင်ကျော်ဖြတ်လာခဲ့ပြီး သူမရဲ့သားလေး အဲရစ်ကိုလည်း လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။တကယ်တော့ Single Mother တွေရဲ့ ဘဝဟာ အများထင်သလို မလွယ်ကူလှပါဘူး။
ကိုယ့်သားသမီး ရဲ့မျက်နှာကိုကြည့်ပြီး အဖေလည်းကိုယ် အမေလည်းကိုယ် ဆိုတဲ့စိတ်နဲ့ ရုန်းကန်ရှာဖွေရတဲ့အပြင် ကလေးကိုလည်း အချိန်ပေးထိန်းကျောင်းရပါသေးတယ်။ တာဝန်မဲ့ သူတွေရဲ့ မျက်နှာလွှဲမှုတွေကို ဂရုမစိုက်ဘဲ ကိုယ့်ရင်က ဖြစ်တဲ့သွေးအတွက် အကော င်းဆုံးဆိုတဲ့အရာတွေဖန်တီးနိုင်ဖို့ သတ္တိတွေရှိလာခဲ့တာ Single Mother တွေပါပဲ။
မယ်လိုဒီခေါင်ဟာလည်း သူမငယ်ရွယ်စဉ် က ဖြစ်ခဲ့တဲ့အမှားတစ်ခုအတွက် နောင်တဆိုတာမျိုးအလျဉ်းမရှိပဲ အသက်ငယ်ပေမယ့် တာဝန်ယူစိတ်အပြည့်နဲ့ သားလေးကို မွေးဖွားခဲ့ပြီး လက်ရှိအသက် (၂၃) နှစ်ပြည့်တဲ့အထိ မိခင်ကောင်းပီသစွာနဲ့ သားလေးကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တာပဲဖြစ်ပါတယ်။
ဒီလို အမေတစ်ခုသားတစ်ခုဘဝနဲ့ ပျော်ရွှင်စွာနေထိုင်လာခဲ့တဲ့ မယ်လိုဒီခေါင်ဟာ အမှန်တရားဘက်က ရပ် တည်ခဲ့တာကြောင့် ၂၀၂၂၊ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း ခံလိုက်ရပါတယ်။မယ်လိုဒီခေါင်ရဲ့သားလေး အဲရစ်လေးဟာလည်း သိတတ်တဲ့အရွယ်ရောက်နေပြီ ဖြစ်တာကြောင့်
မေလ (၁၉) ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာ သူ့မေမေအမြန်ဆုံး ပြန်လွတ်လာဖို့ကိုသာ ဆုတောင်းကြောင်း ၊ သူ့မေမေနဲ့ ခွဲနေခဲ့ရတာ ရက်(၁၀၀)ကျော်ပြီ ဖြစ်တာကြောင့် အရမ်းလွမ်းနေပြီဖြစ်ကြောင်း မယ်လိုဒီခေါင်ရဲ့ ဖေ့စ်ဘုတ်ကနေတစ်ဆင့် ရေးသားခဲ့ပါတယ်။
ဒီနေ့မှာတော့ မယ်လိုဒီခေါင်တစ်ယောက် သားလေး အဲရစ်နဲ့ ကွဲကွာနေရတာ (၄)လ ပြည့်မြောက်ခဲ့ပါပြီ။
ဒါကြောင့်မို့ သတ္တိရှိတဲ့ မိခင် တစ်ယောက်အဖြစ် သားလေးကို လူ့လောကထဲ ရဲရဲဝံ့ဝံ့ခေါ်လာခဲ့ပြီး လူပုံအလ ည်မှာလည်း ထုတ်ပြရဲတဲ့ အာဂမိခင် တစ်ယောက်၊ အမှန်တရားအတွက် ပြည်သူနဲ့အတူ အသံထွက်ပေးခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ တေးသံရှင် မယ်လိုဒီခေါင် အကြောင်းကို ပရိသတ်များ သိရှိစေနိုင်ဖို့အတွက် ကျွန်တော်တို့ 505 Entertainment Page ကနေ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။
တေးသံရှင် မယ်လိုဒီခေါင် တစ်ယောက် အချုပ် အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။ သားသားလေးအဲရစ်ရဲ့ ဆုတောင်းတွေလည်း အမြန်ဆုံးပြည့်ဝပါစေလို့ ထပ်ဆင့်ဆုတောင်းပေးလိုက်ရပါတယ်
Zawgyi
အေမတစ္ခု သားတစ္ခုဘဝနဲ႔ ေပ်ာ္႐ႊင္စြာေနထိုင္လာရာကေန အျပစ္မဲ့ဖမ္းဆီးထိန္းသိမ္းခံလိုက္ရတဲ့ ပရိသတ္အမ်ားစုမသိေသးမယ့္ အက်ဥ္းေထာင္ထဲက Single Mother အမ်ိဳးသမီးေတးသံရွင္တစ္ေယာက္
သူမနာမည္ကေတာ့ မယ္လိုဒီေခါင္ ပါ။ သူမ ကေတာ့ The Voice Myanmar Season 2 ၊ Team ရန္ရန္ခ်မ္း(YC) အဖြဲ႕မွာ ပါဝင္ ယွဥ္ၿပိဳင္ခဲ့ၿပီး The Voice Season-2 ရဲ႕ Top 4 ၿပိဳင္ပြဲဝင္တစ္ေယာက္အျဖစ္ ပရိသတ္ေတြရဲ႕အခ်စ္ကိုသိမ္းပိုက္ႏိုင္ခဲ့တဲ့ ကခ်င္တိုင္းရင္းသူေလး တစ္ဦးျဖစ္ပါတယ္။
ခ်စ္စရာေကာင္းတဲ့ အၿပဳံးခ်ိဳခ်ိဳေလးကို ပိုင္ဆိုင္ထားတဲ့ မယ္လိုဒီေခါင္ဟာ သီခ်င္းဆိုေကာင္းတဲ့အျပင္ သြက္သြက္လက္လက္နဲ႔ အမွန္တရားအတြက္ဆို မဆိုင္းမတြ ရဲရဲဝံ့ဝံ့ရွိတတ္တဲ့ အမ်ိဳးသမီးတစ္ဦးလည္း ျဖစ္ပါတယ္။ အသက္ 23ႏွစ္ရွိၿပီျဖစ္တဲ့ သူမဟာ အသက္အားျဖင့္ ငယ္႐ြယ္ေသာ္ျငား
Single Mother တစ္ဦးအျဖစ္ ဘဝကို အရႈံးမေပးစတမ္း ရင္ဆိုင္ေက်ာ္ျဖတ္လာခဲ့ၿပီး သူမရဲ႕သားေလး အဲရစ္ကိုလည္း လူတစ္လုံးသူတစ္လုံးျဖစ္ေအာင္ ျပဳစုပ်ိဳးေထာင္ေပးေနတဲ့ မိခင္တစ္ေယာက္လည္း ျဖစ္ပါတယ္။တကယ္ေတာ့ Single Mother ေတြရဲ႕ ဘဝဟာ အမ်ားထင္သလို မလြယ္ကူလွပါဘူး။
ကိုယ့္သားသမီး ရဲ႕မ်က္ႏွာကိုၾကည့္ၿပီး အေဖလည္းကိုယ္ အေမလည္းကိုယ္ ဆိုတဲ့စိတ္နဲ႔ ႐ုန္းကန္ရွာေဖြရတဲ့အျပင္ ကေလးကိုလည္း အခ်ိန္ေပးထိန္းေက်ာင္းရပါေသးတယ္။ တာဝန္မဲ့ သူေတြရဲ႕ မ်က္ႏွာလႊဲမႈေတြကို ဂ႐ုမစိုက္ဘဲ ကိုယ့္ရင္က ျဖစ္တဲ့ေသြးအတြက္ အေကာ င္းဆုံးဆိုတဲ့အရာေတြဖန္တီးႏိုင္ဖို႔ သတၱိေတြရွိလာခဲ့တာ Single Mother ေတြပါပဲ။
မယ္လိုဒီေခါင္ဟာလည္း သူမငယ္႐ြယ္စဥ္ က ျဖစ္ခဲ့တဲ့အမွားတစ္ခုအတြက္ ေနာင္တဆိုတာမ်ိဳးအလ်ဥ္းမရွိပဲ အသက္ငယ္ေပမယ့္ တာဝန္ယူစိတ္အျပည့္နဲ႔ သားေလးကို ေမြးဖြားခဲ့ၿပီး လက္ရွိအသက္ (၂၃) ႏွစ္ျပည့္တဲ့အထိ မိခင္ေကာင္းပီသစြာနဲ႔ သားေလးကို ေကြၽးေမြးျပဳစုေစာင့္ေရွာက္ခဲ့တာပဲျဖစ္ပါတယ္။
ဒီလို အေမတစ္ခုသားတစ္ခုဘဝနဲ႔ ေပ်ာ္႐ႊင္စြာေနထိုင္လာခဲ့တဲ့ မယ္လိုဒီေခါင္ဟာ အမွန္တရားဘက္က ရပ္ တည္ခဲ့တာေၾကာင့္ ၂၀၂၂၊ေဖေဖာ္ဝါရီလ(၁)ရက္ေန႔မွာ မတရားဖမ္းဆီး ထိန္းသိမ္းျခင္း ခံလိုက္ရပါတယ္။မယ္လိုဒီေခါင္ရဲ႕သားေလး အဲရစ္ေလးဟာလည္း သိတတ္တဲ့အ႐ြယ္ေရာက္ေနၿပီ ျဖစ္တာေၾကာင့္
ေမလ (၁၉) ရက္ေန႔က က်ေရာက္ခဲ့တဲ့ သူ႔ရဲ႕ေမြးေန႔မွာ သူ႔ေမေမအျမန္ဆုံး ျပန္လြတ္လာဖို႔ကိုသာ ဆုေတာင္းေၾကာင္း ၊ သူ႔ေမေမနဲ႔ ခြဲေနခဲ့ရတာ ရက္(၁၀၀)ေက်ာ္ၿပီ ျဖစ္တာေၾကာင့္ အရမ္းလြမ္းေနၿပီျဖစ္ေၾကာင္း မယ္လိုဒီေခါင္ရဲ႕ ေဖ့စ္ဘုတ္ကေနတစ္ဆင့္ ေရးသားခဲ့ပါတယ္။
ဒီေန႔မွာေတာ့ မယ္လိုဒီေခါင္တစ္ေယာက္ သားေလး အဲရစ္နဲ႔ ကြဲကြာေနရတာ (၄)လ ျပည့္ေျမာက္ခဲ့ပါၿပီ။
ဒါေၾကာင့္မို႔ သတၱိရွိတဲ့ မိခင္ တစ္ေယာက္အျဖစ္ သားေလးကို လူ႔ေလာကထဲ ရဲရဲဝံ့ဝံ့ေခၚလာခဲ့ၿပီး လူပုံအလ ည္မွာလည္း ထုတ္ျပရဲတဲ့ အာဂမိခင္ တစ္ေယာက္၊ အမွန္တရားအတြက္ ျပည္သူနဲ႔အတူ အသံထြက္ေပးခဲ့တဲ့ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ ေတးသံရွင္ မယ္လိုဒီေခါင္ အေၾကာင္းကို ပရိသတ္မ်ား သိရွိေစႏိုင္ဖို႔အတြက္ ကြၽန္ေတာ္တို႔ 505 Entertainment Page ကေန တင္ဆက္ေဖာ္ျပေပးလိုက္ပါတယ္။
ေတးသံရွင္ မယ္လိုဒီေခါင္ တစ္ေယာက္ အခ်ဳပ္ အေႏွာင္မွ အျမန္ဆုံး လြတ္ေျမာက္ပါေစ။ သားသားေလးအဲရစ္ရဲ႕ ဆုေတာင္းေတြလည္း အျမန္ဆုံးျပည့္ဝပါေစလို႔ ထပ္ဆင့္ဆုေတာင္းေပးလိုက္ရပါတယ္