Unicode
ဘဝမှာ မန်းတောင်ရိပ်ခိုလို ကြည်နူးစရာ ပျော်ရွှင်စရာ သီချင်းမျိုးကို နားထောင်ရင်း မျက်ရည်ကျရမယ်လို့ ဘယ်တုန်းကမှ ထင်မထားမိဘူး။ ဒီနေ့ Tulsa မြို့မှာကျင်းပတဲ့ တော်လှန်သင်္ကြန်ရံပုံငွေရှာဖွေပွဲမှာ
အဆိုတော်ကိုလင်းနစ်က မန်းတောင်ရိပ်ခိုနဲ့ စဖွင့်တယ်။ ဒီသီချင်းကို နားထောင်ရင်း စိတ်ထဲမှာ အတော်နာကျင်ရတယ်။ ကိုယ်က April Born, April Bornကိုမှ သင်္ကြန်အကျနေ့မွေးတဲ့သူ။ သင်္ကြန်ဟာ ကိုယ်နဲ့ထပ်တူပဲ။
သင်္ကြန်ရောက်ရင် ပျော်ကိုပျော်ရမှ ဆိုတဲ့လူမျိုး။ သင်္ကြန်ဘာမှန်းမသိတာ သုံးနှစ်ရှိခဲ့ပြီ။ Covid ကြောင့် တစ်နှစ်၊ MaALoeကြောင့် နှစ်နှစ်။ မနှစ်ကတော့ ကိုယ်က မြန်မာပြည်မှာ။ ဒီနှစ်မှာ ပြည်ပမှာ။ ပထမဆုံး ပြည်ပမှာဖြတ်သန်းရမယ့်သင်္ကြန်ပဲ။
သင်္ကြန်ရက်ရောက်ရင် နာကြင်ရဦးမှာ။ သင်္ကြန်ပျော်ဖို့ ဆိုင်းပြင်းနေတဲ့သူတွေ မိတ်ဆွေဟောင်းတွေထဲမှာကို ရှိတယ်။ မနာလို မဖြစ်ပါဘူး။ ဒါပေမယ့် ငါတို့ကရော ဘာအပြစ်ရှိလို့ ပျော်ရွှင်ခွင့်မရတာလဲပေါ့။ ရင်ထဲ ရိုးရိုးသားသား ထိရှရရုံပါပဲ။
ပျော်ကြပါ။ ဒီလိုအချိန်မှာ ထောင်ထဲကလူတွေ၊ တောထဲကလူတွေကလည်း ပျော်ရွှင်ချင်ကြမှာပါပဲ။ သေသွားတဲ့သူတွေလည်း မသေသေးရင် ပျော်ရွှင်ချင်ကြမှာပါပဲ။ သေသွားတဲ့ပြည်သူတွေရဲ့ မိသားစုတွေကလည်း ပျော်ရွှင်ချင်ကြမှာပါပဲ။
စစ်ဖိနပ်အောက် ဒူးမထောက်ချင်တဲ့ အပြစ်ကလွဲရင် ဘာမှမရှိခဲ့သူတွေပါ။ စစ်အာဏာရှင်စနစ်ကပေးတဲ့ အကျိုးအပဲ့သင်္ကြန်မျိုးမှာ လိုက်ပါစီးမျောချင်စိတ်မရှိသူတွေ အများကြီးပါပဲလို့ အားတင်းပါတယ်။ ဒီနှစ်သင်္ကြန်ဟာ ကွက်ကြားမိုးပဲ။ ကျွန်စိတ်ရှိသူတွေပဲ စိုလိမ့်မယ်။
Zawgyi
ဘဝမွာ မန္းေတာင္ရိပ္ခိုလို ၾကည္ႏူးစရာ ေပ်ာ္႐ႊင္စရာ သီခ်င္းမ်ိဳးကို နားေထာင္ရင္း မ်က္ရည္က်ရမယ္လို႔ ဘယ္တုန္းကမွ ထင္မထားမိဘူး။ ဒီေန႔ Tulsa ၿမိဳ႕မွာက်င္းပတဲ့ ေတာ္လွန္သၾကၤန္ရံပုံေငြရွာေဖြပြဲမွာ
အဆိုေတာ္ကိုလင္းနစ္က မန္းေတာင္ရိပ္ခိုနဲ႔ စဖြင့္တယ္။ ဒီသီခ်င္းကို နားေထာင္ရင္း စိတ္ထဲမွာ အေတာ္နာက်င္ရတယ္။ ကိုယ္က April Born, April Bornကိုမွ သၾကၤန္အက်ေန႔ေမြးတဲ့သူ။ သၾကၤန္ဟာ ကိုယ္နဲ႔ထပ္တူပဲ။
သၾကၤန္ေရာက္ရင္ ေပ်ာ္ကိုေပ်ာ္ရမွ ဆိုတဲ့လူမ်ိဳး။ သၾကၤန္ဘာမွန္းမသိတာ သုံးႏွစ္ရွိခဲ့ၿပီ။ Covid ေၾကာင့္ တစ္ႏွစ္၊ MaALoeေၾကာင့္ ႏွစ္ႏွစ္။ မႏွစ္ကေတာ့ ကိုယ္က ျမန္မာျပည္မွာ။ ဒီႏွစ္မွာ ျပည္ပမွာ။ ပထမဆုံး ျပည္ပမွာျဖတ္သန္းရမယ့္သၾကၤန္ပဲ။
သၾကၤန္ရက္ေရာက္ရင္ နာၾကင္ရဦးမွာ။ သၾကၤန္ေပ်ာ္ဖို႔ ဆိုင္းျပင္းေနတဲ့သူေတြ မိတ္ေဆြေဟာင္းေတြထဲမွာကို ရွိတယ္။ မနာလို မျဖစ္ပါဘူး။ ဒါေပမယ့္ ငါတို႔ကေရာ ဘာအျပစ္ရွိလို႔ ေပ်ာ္႐ႊင္ခြင့္မရတာလဲေပါ့။ ရင္ထဲ ႐ိုး႐ိုးသားသား ထိရွရ႐ုံပါပဲ။
ေပ်ာ္ၾကပါ။ ဒီလိုအခ်ိန္မွာ ေထာင္ထဲကလူေတြ၊ ေတာထဲကလူေတြကလည္း ေပ်ာ္႐ႊင္ခ်င္ၾကမွာပါပဲ။ ေသသြားတဲ့သူေတြလည္း မေသေသးရင္ ေပ်ာ္႐ႊင္ခ်င္ၾကမွာပါပဲ။ ေသသြားတဲ့ျပည္သူေတြရဲ႕ မိသားစုေတြကလည္း ေပ်ာ္႐ႊင္ခ်င္ၾကမွာပါပဲ။
စစ္ဖိနပ္ေအာက္ ဒူးမေထာက္ခ်င္တဲ့ အျပစ္ကလြဲရင္ ဘာမွမရွိခဲ့သူေတြပါ။ စစ္အာဏာရွင္စနစ္ကေပးတဲ့ အက်ိဳးအပဲ့သၾကၤန္မ်ိဳးမွာ လိုက္ပါစီးေမ်ာခ်င္စိတ္မရွိသူေတြ အမ်ားႀကီးပါပဲလို႔ အားတင္းပါတယ္။ ဒီႏွစ္သၾကၤန္ဟာ ကြက္ၾကားမိုးပဲ။ ကြၽန္စိတ္ရွိသူေတြပဲ စိုလိမ့္မယ္။
Crd