စစ္ေကာင္စီက ေဖာ္ထုတ္လိုက္တဲ့ ရန္ကုန္ၿမိဳ႕လယ္ ဘားလမ္း ဗံုးေပါက္ကြဲမႈ တရားခံ

News

စစ္ေကာင္စီက ေဖာ္ထုတ္ရန္ကုန္ၿမိဳ႕လယ္ဗုံးကြဲမႈ ရန္ကုန္ၿမိဳ႕လယ္ေခါင္ ေမလ ၃၁ ရက္ေန႔ ဗုံးကြဲမႈရဲ႕ လက္သည္တရားခံကို ေဖာ္ထုတ္ရရွိၿပီး အဲဒီသူဟာ ဗုံးကြဲစဥ္ ေသဆုံးခဲ့တဲ့ အသက္ ၂၆ ႏွစ္အ႐ြယ္ ေအာင္ႀကီး ေခၚ ထိန္လင္းထြန္း ျဖစ္တယ္လို႔ ျမန္မာစစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ဗုံးခြဲတယ္လို႔ သံသယရွိသူ အဲဒီလူငယ္ဟာ ရန္ကုန္ေက်ာက္တံတားၿမိဳ႕နယ္က ကြန္ျပဴတာဆိုင္တဆိုင္မွာ အလုပ္လုပ္ေနသူျဖစ္ၿပီး PDF သင္တန္းဆင္းလည္းျဖစ္တယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

အနီးအနားက CCTV မွတ္တမ္းကို ကိုးကားၿပီး တရားခံကို ရွာေဖြေဖာ္ထုတ္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။ က်န္ခဲ့တဲ့သူ႔ဖုံးကို စစ္ေဆးရာမွာ PDF အဖြဲ႕ေတြနဲ႔ အခ်ိတ္အဆက္လုပ္ထားတာ ေတြ႕ရတယ္လို႔ဆိုပါတယ္။

သူ သယ္ေဆာင္လာတဲ့ အိတ္ကေန ေပါက္ကြဲခဲ့တာလို႔လည္း ေျပာပါတယ္။ ေနျပည္ေတာ္မွာ ဒီကေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းေျပာဆိုသြားတာျဖစ္ၿပီး ေဖာက္ခြဲသူနဲ႔ PDF အခ်ိတ္ အဆက္ကို အေသးစိတ္ေျပာဆိုတာေတာ့ မရွိေသးပါဘူး။

ရန္ကုန္ ေက်ာက္တံတားၿမိဳ႕နယ္က လူစည္ကားရာ ဘားလမ္းကားဂိတ္မွာ ေမလ ၃၁ ရက္ေန႔ မြန္းလြဲပိုင္းက ေပါက္ကြဲခဲ့တာျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ လူတဦးေသဆုံး ၉ ဦးဒဏ္ရာရတယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

အခင္းျဖစ္တဲ့ေနရာမွာ ေနာက္ထပ္ မေပါက္ကြဲရေသးတဲ့ဗုံးတလုံးေတြ႔တာေၾကာင့္ ကားတာရာကြင္းေတြ ကာရံၿပီး ဗုံးကို ေဖာက္ခြဲဖ်က္ဆီးခဲ့တယ္လို႔လည္း အနီးအနားက လူေတြက ဗြီအိုေအကို ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ဗုံးနဲ႔ပတ္သက္လို႔ေတာ့ စစ္ေကာင္စီဖက္က ေျပာဆိုတာမ်ိဳးမရွိပါဘူး။

ရန္ကုန္ၿမိဳ႕မွာ အစိုးရ ဌာနဆိုင္ရာ႐ုံးေတြ ရပ္ကြက္႐ုံးေတြမွာ မၾကာခဏဆိုသလို ဗုံးနဲ႔ ပစ္ခတ္တိုက္ခိုက္ ေပါက္ကြဲတာေတြရွိေပမယ့္ အမ်ားျပည္သူအသုံးျပဳတဲ့ ဘတ္စ္ကားမွတ္တိုင္မွာ ေပါက္ကြဲတာ ဒါဟာ ပထမဆုံး အႀကိမ္ျဖစ္ပါတယ္။

NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကေတာ့ အရပ္သားေတြကို ထိခိုက္ေစတဲ့ ဒီအၾကမ္းဖက္မႈကို ေဝဖန္ ရႈတ္ခ်တဲ့ ေၾကညာခ်က္ထုတ္ပါတယ္။

NUG ကာကြယ္ေရးဌာနအေနနဲ႔ သူ႔တပ္ဖြဲ႕ရဲ႕ စစ္သည္က်င့္ဝတ္ေတြကို တိတိက်က်သတ္မွတ္ထားသလို လိုက္နာဖို႔ပ်က္ကြက္ရင္လည္း ထိေရာက္စြာအေရးယူတယ္လို႔လည္း ေဖာ္ျပပါတယ္။

#MyanmarViolence #YangonBombing #VOABurmese #ရန္ကုန္ၿမိဳ႕လယ္ဗံုးကြဲမႈ #ထိန္လင္းထြန္း #ေက်ာက္တံတားၿမိဳ႕နယ္ #ဗီြအိုေအတရားခံ

unicode

စစ်ကောင်စီက ဖော်ထုတ်ရန်ကုန်မြို့လယ်ဗုံးကွဲမှု ရန်ကုန်မြို့လယ်ခေါင် မေလ ၃၁ ရက်နေ့ ဗုံးကွဲမှုရဲ့ လက်သည်တရားခံကို ဖော်ထုတ်ရရှိပြီး အဲဒီသူဟာ ဗုံးကွဲစဉ် သေဆုံးခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် အောင်ကြီး ခေါ် ထိန်လင်းထွန်း ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဗုံးခွဲတယ်လို့ သံသယရှိသူ အဲဒီလူငယ်ဟာ ရန်ကုန်ကျောက်တံတားမြို့နယ်က ကွန်ပြူတာဆိုင်တဆိုင်မှာ အလုပ်လုပ်နေသူဖြစ်ပြီး PDF သင်တန်းဆင်းလည်းဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အနီးအနားက CCTV မှတ်တမ်းကို ကိုးကားပြီး တရားခံကို ရှာဖွေဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ကျန်ခဲ့တဲ့သူ့ဖုံးကို စစ်ဆေးရာမှာ PDF အဖွဲ့တွေနဲ့ အချိတ်အဆက်လုပ်ထားတာ တွေ့ရတယ်လို့ဆိုပါတယ်။

သူ သယ်ဆောင်လာတဲ့ အိတ်ကနေ ပေါက်ကွဲခဲ့တာလို့လည်း ပြောပါတယ်။ နေပြည်တော်မှာ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းပြောဆိုသွားတာဖြစ်ပြီး ဖောက်ခွဲသူနဲ့ PDF အချိတ် အဆက်ကို အသေးစိတ်ပြောဆိုတာတော့ မရှိသေးပါဘူး။

ရန်ကုန် ကျောက်တံတားမြို့နယ်က လူစည်ကားရာ ဘားလမ်းကားဂိတ်မှာ မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူတဦးသေဆုံး ၉ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ နောက်ထပ် မပေါက်ကွဲရသေးတဲ့ဗုံးတလုံးတွေ့တာကြောင့် ကားတာရာကွင်းတွေ ကာရံပြီး ဗုံးကို ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့လည်း အနီးအနားက လူတွေက ဗွီအိုအေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ်ဗုံးနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဖက်က ပြောဆိုတာမျိုးမရှိပါဘူး။

ရန်ကုန်မြို့မှာ အစိုးရ ဌာနဆိုင်ရာရုံးတွေ ရပ်ကွက်ရုံးတွေမှာ မကြာခဏဆိုသလို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ပေါက်ကွဲတာတွေရှိပေမယ့် အများပြည်သူအသုံးပြုတဲ့ ဘတ်စ်ကားမှတ်တိုင်မှာ ပေါက်ကွဲတာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အရပ်သားတွေကို ထိခိုက်စေတဲ့ ဒီအကြမ်းဖက်မှုကို ဝေဖန် ရှုတ်ချတဲ့ ကြေညာချက်ထုတ်ပါတယ်။

NUG ကာကွယ်ရေးဌာနအနေနဲ့ သူ့တပ်ဖွဲ့ရဲ့ စစ်သည်ကျင့်ဝတ်တွေကို တိတိကျကျသတ်မှတ်ထားသလို လိုက်နာဖို့ပျက်ကွက်ရင်လည်း ထိရောက်စွာအရေးယူတယ်လို့လည်း ဖော်ပြပါတယ်။

Crd

Leave a Reply

Your email address will not be published.