စက္သုံးဆီမ်ား လိုအပ္ခ်ိန္တြင္ ဝယ္ယူမရျဖစ္ေန
ရန္ကုန္တိုင္းေဒသႀကီးအတြင္း စက္သုံးဆီအေရာင္းဆိုင္ေတြမွာ အရင္ကလို အခ်ိန္မေ႐ြး သြားေရာက္ဝယ္ယူလို႔ မရဘဲ အခက္အခဲေတြ ရွိလာတယ္လို႔ ယာဥ္ေမာင္းတခ်ိဳ႕ဆီက သိရပါတယ္။ ယာဥ္ေမာင္းေတြအေနနဲ႔ အရင္က စက္သုံးဆီအေရာင္းဆိုင္ေတြမွာ ဆီဝယ္ယူတဲ့အခါ
အခ်ိန္မေ႐ြး ဝယ္ယူလို႔ရေပမယ့္ အခုအခါမွာေတာ့ ဆီေဘာက္ ဆာယာဥ္ေတြ လာေရာက္ခ်ိန္အေပၚ မူတည္ၿပီး ျဖည့္ရတာေၾကာင့္ လိုအပ္ခ်ိန္မွာ မရတာေတြ ရွိတယ္လို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္က အငွားယာဥ္ေမာင္းတစ္ဦးက ေျပာပါတယ္။
လက္ရွိမွာေတာ့ ဆီဝယ္ယူရတဲ့ အေျခအေနဟာ အေရးေပၚလိုအပ္လာရင္ အလြယ္တကူ ဝယ္ယူလို႔ မရဘဲ ရႏိုင္မယ့္ဆိုင္ကို ရွာေဖြဝယ္ယူရတဲ့ အခက္အခဲရွိေနတာပါ။ ဒါေပမဲ့ စက္သုံးဆီျပတ္လပ္တဲ့ အေျခအေနလို႔ေတာ့ ေျပာလို႔ မရဘူးလို႔ ယာဥ္ေမာင္းတခ်ိဳ႕ကေျပာပါတယ္။
လာေရာက္ဝယ္ယူသူေတြအေနနဲ႔ ဆီေဘာက္ဆာယာဥ္ ေရာက္ရွိခ်ိန္မွာ လိုသေလာက္ရေပမယ့္ ဆီဆိုင္ေတြက လည္း အကန႔္အသတ္နဲ႔ ေရာင္းတာမ်ိဳး မဟုတ္လို႔ ၂၄ နာရီ မေရာင္းခ်ႏိုင္ၾကဘူးလို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံ စက္သုံးဆီ တင္သြင္းျဖန႔္ျဖဴးေရာင္းခ်ေရးအသင္းအေနနဲ႔လည္း စက္သုံးဆီျပတ္လပ္တာမ်ိဳးေတြ မျဖစ္ဖို႔ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။
တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ ဇြန္ ၂ ရက္ ရည္ၫႊန္းလက္လီေဈးႏႈန္းအရ 92 Ron တစ္လီတာကို ၂၁၈၅ က်ပ္ကေန ၂၇၁၅ က်ပ္အတြင္း၊ 95 Ron တစ္လီတာကို ၂၂၆၅ က်ပ္ကေန ၂၇၇၅ က်ပ္၊ ႐ိုး႐ိုးဒီဇယ္ တစ္လီတာကို ၂၄၃၅ က်ပ္ကေန ၂၇၅၅ က်ပ္အတြင္း၊ ပရီမီယံဒီဇယ္ တစ္လီတာကို ၂၄၆၅ က်ပ္ကေန ၂၇၈၅ က်ပ္ အတြင္း ရွိတယ္လို႔ စက္သုံးဆီတင္သြင္း၊ သိုေလွာင္၊ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက ထုတ္ျပန္ထားပါတယ္။
Source One News Myanmar
Unicode
စက်သုံးဆီများ လိုအပ်ချိန်တွင် ဝယ်ယူမရဖြစ်နေ
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင်တွေမှာ အရင်ကလို အချိန်မရွေး သွားရောက်ဝယ်ယူလို့ မရဘဲ အခက်အခဲတွေ ရှိလာတယ်လို့ ယာဉ်မောင်းတချို့ဆီက သိရပါတယ်။ ယာဉ်မောင်းတွေအနေနဲ့ အရင်က စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီဝယ်ယူတဲ့အခါ
အချိန်မရွေး ဝယ်ယူလို့ရပေမယ့် အခုအခါမှာတော့ ဆီဘောက် ဆာယာဉ်တွေ လာရောက်ချိန်အပေါ် မူတည်ပြီး ဖြည့်ရတာကြောင့် လိုအပ်ချိန်မှာ မရတာတွေ ရှိတယ်လို့ တောင်ဥက္ကလာပမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဆီဝယ်ယူရတဲ့ အခြေအနေဟာ အရေးပေါ်လိုအပ်လာရင် အလွယ်တကူ ဝယ်ယူလို့ မရဘဲ ရနိုင်မယ့်ဆိုင်ကို ရှာဖွေဝယ်ယူရတဲ့ အခက်အခဲရှိနေတာပါ။ ဒါပေမဲ့ စက်သုံးဆီပြတ်လပ်တဲ့ အခြေအနေလို့တော့ ပြောလို့ မရဘူးလို့ ယာဉ်မောင်းတချို့ကပြောပါတယ်။
လာရောက်ဝယ်ယူသူတွေအနေနဲ့ ဆီဘောက်ဆာယာဉ် ရောက်ရှိချိန်မှာ လိုသလောက်ရပေမယ့် ဆီဆိုင်တွေက လည်း အကန့်အသတ်နဲ့ ရောင်းတာမျိုး မဟုတ်လို့ ၂၄ နာရီ မရောင်းချနိုင်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းအနေနဲ့လည်း စက်သုံးဆီပြတ်လပ်တာမျိုးတွေ မဖြစ်ဖို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဇွန် ၂ ရက် ရည်ညွှန်းလက်လီဈေးနှုန်းအရ 92 Ron တစ်လီတာကို ၂၁၈၅ ကျပ်ကနေ ၂၇၁၅ ကျပ်အတွင်း၊ 95 Ron တစ်လီတာကို ၂၂၆၅ ကျပ်ကနေ ၂၇၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာကို ၂၄၃၅ ကျပ်ကနေ ၂၇၅၅ ကျပ်အတွင်း၊ ပရီမီယံဒီဇယ် တစ်လီတာကို ၂၄၆၅ ကျပ်ကနေ ၂၇၈၅ ကျပ် အတွင်း ရှိတယ်လို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Source One News Myanmar