ရန္ကုန္မွာ ဇြန္လလယ္မွစတင္ၿပီး ၂၄ နာရီအခ်ိန္ျပည့္ လွ်ပ္စစ္မီးျပန္ေပးမယ္လို႔ YESC ေျပာျပန္ ( တကယ္ဆိုရင္ေတာ့ ရွားရွားပါးပါး သတင္းေကာင္းျဖစ္မွာေပါ့)

News

ရန္ကုန္မွာ ဇြန္လလယ္မွစတင္ၿပီး ၂၄ နာရီအခ်ိန္ျပည့္ လွ်ပ္စစ္မီးျပန္ေပးမယ္လို႔ YESC ေျပာျပန္ ( တကယ္ဆိုရင္ေတာ့ ရွားရွားပါးပါး သတင္းေကာင္းျဖစ္မွာေပါ့)

ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္မ်ားကို လာမည့္ ဇြန္လလယ္မွစတင္ကာ ၂၄ နာရီအခ်ိန္ျပည့္ လွ်ပ္စစ္မီးျပန္ေပးႏိုင္ရန္ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း(YESC) မွ သိရပါတယ္။ “ရန္ကုန္မွာ လွ်ပ္စစ္ဓာတ္အားကို ရပ္ကြက္ေတြကိုေတာ့ ညေန ၅နာရီကေန မနက္ ၈နာရီအထိေပးထားၿပီးေတာ့

စက္မႈဇုန္ေတြက မနက္ ၉နာရီကေန ညေန ၅နာရီအထိ လွ်ပ္စစ္ဓာတ္အားျဖန႔္ေဝေပးေနပါတယ္။ လုပ္သားအင္အားမ်ားၿပီး မျဖစ္မေနလည္ပတ္ရမယ့္ စက္႐ုံေတြကိုေတာ့ ညဘက္ ၃နာရီေလာက္ လွ်ပ္စစ္ဓာတ္အားတိုးေပးထားပါတယ္။ လူေနရပ္ကြက္ေတြကိုေတာ့ ဇြန္လလယ္ေလာက္မွာ ၂၄ နာရီေပးေဝႏိုင္မွာျဖစ္ပါတယ္”လို႔

ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC) မွတာဝန္ရွိသူတစ္ဦးကေျပာၾကားထားပါတယ္။ လက္ရွိရန္ကုန္တြင္ ေန႔စဥ္ညေန ၅နာရီမွ နံနက္ ၈ နာရီအထိ အခ်ိန္ပိုင္းျဖင့္ လွ်ပ္စစ္မီးျဖန႔္ေဝျခင္းကို ေမလ ၂၆ ရက္ေန႔မွစတင္စမ္းသပ္ေဆာင္႐ြက္ခဲ့ၿပီး ဇြန္လလယ္မွစတင္ကာ လွ်ပ္စစ္မီး ၂၄ နာရီအျပည့္ေပးမယ္လို႔ ဆိုထားပါတယ္။ ရန္ကုန္တိုင္းေဒသႀကီးရွိ လူေနရပ္ကြက္မ်ားကို

လွ်ပ္စစ္ဓာတ္အားေပးေဝရာတြင္ အုပ္စုသုံးစုခြဲကာ ေလးနာရီျခားတစ္ႀကိမ္ လွ်ပ္စစ္ဓာတ္အားေပးေဝမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း(YESC) မွ သိရပါတယ္။

crd-

ယူနီကုတ္

ရန်ကုန်မှာ ဇွန်လလယ်မှစတင်ပြီး ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးပြန်ပေးမယ်လို့ YESC ပြောပြန် ( တကယ်ဆိုရင်တော့ ရှားရှားပါးပါး သတင်းကောင်းဖြစ်မှာပေါ့)

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များကို လာမည့် ဇွန်လလယ်မှစတင်ကာ ၂၄ နာရီအချိန်ပြည့် လျှပ်စစ်မီးပြန်ပေးနိုင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) မှ သိရပါတယ်။ “ရန်ကုန်မှာ လျှပ်စစ်ဓာတ်အားကို ရပ်ကွက်တွေကိုတော့ ညနေ ၅နာရီကနေ မနက် ၈နာရီအထိပေးထားပြီးတော့

စက်မှုဇုန်တွေက မနက် ၉နာရီကနေ ညနေ ၅နာရီအထိ လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနေပါတယ်။ လုပ်သားအင်အားများပြီး မဖြစ်မနေလည်ပတ်ရမယ့် စက်ရုံတွေကိုတော့ ညဘက် ၃နာရီလောက် လျှပ်စစ်ဓာတ်အားတိုးပေးထားပါတယ်။ လူနေရပ်ကွက်တွေကိုတော့ ဇွန်လလယ်လောက်မှာ ၂၄ နာရီပေးဝေနိုင်မှာဖြစ်ပါတယ်”လို့

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှတာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။ လက်ရှိရန်ကုန်တွင် နေ့စဉ်ညနေ ၅နာရီမှ နံနက် ၈ နာရီအထိ အချိန်ပိုင်းဖြင့် လျှပ်စစ်မီးဖြန့်ဝေခြင်းကို မေလ ၂၆ ရက်နေ့မှစတင်စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ဇွန်လလယ်မှစတင်ကာ လျှပ်စစ်မီး ၂၄ နာရီအပြည့်ပေးမယ်လို့ ဆိုထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရှိ လူနေရပ်ကွက်များကို

လျှပ်စစ်ဓာတ်အားပေးဝေရာတွင် အုပ်စုသုံးစုခွဲကာ လေးနာရီခြားတစ်ကြိမ် လျှပ်စစ်ဓာတ်အားပေးဝေမှုများ လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC) မှ သိရပါတယ်။

crd-

Leave a Reply

Your email address will not be published.